အာဏာသိမ်းစစ်ကောင်စီက ပြုလုပ်မယ့်  ရွေးကောက်ပွဲကို အာဆီယံနိုင်ငံတွေနဲ့ အာရှအင်အားကြီး နိုင်ငံတွေအနေနဲ့ လုံး၀ ကန့်ကွက်သင့်တယ်လို့  လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ (HRW) က တောင်းဆိုတိုက်တွန်းလိုက်ပါတယ်။ 

ဒါ့အပြင် နိုင်ငံတကာအနေနဲ့လည်း ရွေးကောက်ပွဲအတွက် လိုအပ်မယ့် နည်းပညာအကူအညီတွေကို  မပေးအပ်သင့်ဘူးလို့  HRW က ဆိုပါတယ်။

အာဏာသိမ်း စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စဉ်ဆက်မပြတ်စောင့်ကြည့်မှတ်တမ်းတင်နေတဲ့ HRW က မနေ့က မတ်လ ၁၁ ရက်နေ့မှာ ထုတ်ပြန်တောင်းဆိုလိုက်တာပါ။

အထူးသဖြင့် စစ်ကောင်စီ ပြုလုပ်မယ့် ရွေးကောက်ပွဲကို အာဆီယံနိုင်ငံတွေ၊ မြန်မာရဲ့ အိမ်နီးချင်းနိုင်ငံတွေ အပါအဝင် အာရှရဲ့ အင်အားကြီးနိုင်ငံတွေဖြစ်တဲ့ ဂျပန်၊ တောင်ကိုရီးယား၊ အိန္ဒိယတို့အနေနဲ့ အသိအမှတ်မပြုသင့်ကြောင်း ထုတ်ပြန်ပါတယ်။

ရွေးကောက်ခံ အရပ်သားအစိုးရကို  ဖမ်းဆီးမှုတွေ အပါအဝင် နိုင်ငံတစ်ဝန်း စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေကြောင့် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာစရာအကြောင်းမရှိဘူးလို့ ဆိုထားပါတယ်။ 

ဒါ့အပြင် အာဏာသိမ်းစစ်တပ်ဟာ နိုင်ငံတစ်ဝန်းမှာ နယ်မြေတွေကို တော်လှန်ရေးအင်အားစုတွေထံ လက်လွှတ်ထားရတာကြောင့် ရွေးကောက်ပွဲပြုလုပ်နိုင်ဖို့ မဖြစ်နိုင်ကြောင်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

လက်ရှိမှာ တရုတ်နဲ့ ရုရှားကတော့ အာဏာသိမ်းစစ်တပ်က ပြုလုပ်မယ့် ရွေးကောက်ပွဲကို ထောက်ခံပြီး အကူအညီပေးမှုတွေပြုလုပ်မယ်လို့ ပြောထားပါတယ်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ တော်လှန်ရေးအင်အားစုတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေကတော့ အာဏာသိမ်းစစ်တပ်က ပြုလုပ်မယ့် ရွေးကောက်ပွဲကို သပိတ်မှောက်မယ်လို့ ကနဦး ထုတ်ပြန်ကြေညာထားပါတယ်။

ကုလအပါအဝင် နိုင်ငံတကာအနေနဲ့လည်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို အသိအမှတ်ပြုတာတွေ မလုပ်ဆောင်ဖို့လည်း ဒီမိုကရေစီအရေးလှုပ်ရှားသူတွေက တောင်းဆိုတိုက်တွန်းနေကြပါတယ်။

0 Shares:
You May Also Like
Read More

မြန်မာစစ်အုပ်စုမှ ၎င်းတို့၏ ရာဇဝတ်မှုကြီးများကို ဖုံးကွယ်ဖျောက်ဖျက်ရန် အမေရိကန်လော်ဘီအဖွဲ့ DCI Group ကို ငှားရမ်း

တရားမဝင်အာဏာသိမ်းထားတဲ့ မြန်မာစစ်အုပ်စုဟာ သူတို့ရဲ့ အတုအယောင်ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေးတရားဝင်မှု ရရှိရေး ကြိုးပမ်းတဲ့အနေနဲ့ အမေရိကန် လော်ဘီအဖွဲ့ DCI Group ကို ငှားရမ်းခဲ့တယ်လို့ Justice For Myanmar က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်တပ်၏ ရွေးကောက်ပွဲအတုကို ကိုရီးယား နိုင်ငံရေးပါတီ ၆ ခု ပြင်းထန်စွာ ကန့်ကွက်၊ အကြမ်းဖက်မှုများ ရပ်တန့်ရန် တောင်းဆို

ကိုရီးယားနိုင်ငံ အာဏာရပါတီ အပါအဝင် နိုင်ငံရေးပါတီ ၆ ခုနဲ့ အတိုက်အခံအမတ်တွေဟာ မကြာခင်ကျင်းပမယ့် မြန်မာအကြမ်းဖက် စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကို ပြင်းပြင်းထန်ထန် ကန့်ကွက်လိုက်သလို အကြမ်းဖက်တိုက်ခိုက်မှုတွေ ရပ်တန့်ဖို့လည်း မနေ့က ထုတ်ပြန်လိုက်ပါတယ်။
Read More

တရုတ် ကျားဖြန့်နှိမ်နင်းရေးအဖွဲ့ မြဝတီရောက်လာ

တရုတ် မှုခင်းစုံစမ်းရေးဗျူရို (CIB) အဖွဲ့တစ်ဖွဲ့ဟာ မြန်မာပြည်နယ်စပ် မြဝတီကို ရောက်ရှိလာတယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဇူလိုင်လ ၇ ရက်က ဖော်ပြပါတယ်။ 
Read More

ပြည်တွင်းရေးစွက်ဖက်မှုအတွက် တရုတ်ကို သပိတ်မှောက်ဆန့်ကျင်ရေးတွေ ပြုလုပ်နေကြ

လက်ရှိ မြန်မာ့နွေဦးတော်လှန်ရေးမှာ တရုတ်ရဲ့ ဝင်ရောက်စွက်ဖက်မှုတွေကို သဘောမကျတဲ့ မြန်မာပြည်သူတွေဟာ ဖက်စစ်တော်လှန် တရုတ်ကိုအန်တု ပြည်သူ့ဆန့်ကျင်ရေး လှုပ်ရှားမှုကို ပြုလုပ်နေကြပါတယ်။
Read More

၂၀၁၁ ခုနှစ်မှာ အဖွဲ့ဝင်ဖြစ်ဖို့ လျှောက်ထားခဲ့သည့် အရှေ့တီမောနိုင်ငံ အာဆီအဖွဲ့ဝင် ဖြစ်လာမှုကို ကြိုဆိုကြောင်း NUG ထုတ်ပြန် 

အရှေ့တီမောနိုင်ငံလို့ အများက သိတဲ့ တီမောလက်စ်တေနိုင်ငံ အာဆီအဖွဲ့ဝင်နိုင်ငံ ၁၁ နိုင်ငံမြောက် ဖြစ်လာတာကို ကြိုဆိုတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က မနေ့က ထုတ်ပြန်ပါတယ်။ 
Read More

စစ်ခေါင်းဆောင်မင်းအောင်လှိုင် ဒီနှစ်လည်း အာဆီယံထိပ်သီးညီလာခံ တက်ရောက်ခွင့်ရမှာ မဟုတ်ကြောင်း မလေးရှားဝန်ကြီးချုပ် အတည်ပြု

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ စစ်တပ်လော်ဘီတွေ ဝါဒဖြန့်နေသလို အာဆီယံ ထိပ်သီးညီလာခံအစည်းအဝေး တက်ရောက်ခွင့်ရရှိမှာ မဟုတ်ဘူးလို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ်က ထုတ်ဖော်ပြောကြားလိုက်ကြောင်း မလေးရှား Bernama သတင်းဌာနက သတင်းဖော်ပြထားပါတယ်။