ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်း (၂) က တပ်ရင်းအရာရှိတွေဟာ တပ်ရင်းအတွင်းရှိ တပ်ခွဲတွေက တပ်ခွဲမှူးတွေနဲ့ ရဲဘော်တွေကို ဖေဖော်ဝါရီလ ၁၅ ရက်မှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ KNDF တပ်ရင်း (၂) က ဒီနေ့ ထုတ်ပြန်ပါတယ်။

တွေ့ဆုံပွဲမှာတော့ တပ်ရင်းအကြီးအကဲတွေက ရဲဘော်တွေကို စိတ်ဓာတ်ပိုင်းဆိုင်ရာ အားပေးစကားတွေ ပြောကြားခဲ့ပြီး ရဲဘော်တွေရဲ့ ရင်တွင်းခံစားချက်တွေကိုလည်း နားထောင်ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် တပ်ခွဲမှူးတွေကလည်း တပ်ခွဲအတွင်း ကြုံတွေ့နေရတဲ့ အခက်အခဲတွေနဲ့ လိုအပ်ချက်တွေကို မေးမြန်းဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနောက် တပ်ရင်းအကြီးအကဲက ရဲဘော်တွေအတွက် ယူနီဖောင်းတွေ ပေးအပ်ခဲ့ပြီး တပ်ခွဲအတွက် လိုအပ်တဲ့ စစ်လက်နက်တွေကိုလည်း ထောက်ပံ့ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မြောင်းမြမြို့ ညောင်ပင်လေးဈေး မီးလောင်မှု ဆိုင်ခန်း ၁၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့

ဧရာဝတီတိုင်း၊ မြောင်းမြမြို့၊ အမှတ် ၂ ရပ်ကွက်၊ ၆လမ်းမှာရှိတဲ့ ညောင်ပင်လေးဈေးမှာ ဇန်နဝါရီ ၁၈ ရက် မနေ့က ညပိုင်းမှာ မီးလောင်မှု ဖြစ်ပွါးခဲ့ပြီး ဆိုင်ခန်းပေါင်း ၁၁၀ နီးပါး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
Read More

ကျားဖြန့်မြို့တော်ဟု လူသိများသည့် KK Park ကို ဝင်ရောက်စီးနင်းခဲ့ကြောင်း စစ်အုပ်စုကြေညာ

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နယ်အတွင်းရှိ လက်ခတ်တောင်ဘုရားကုန်းနဲ့ လေးကေ့ကော်မြို့သစ်ကို ပြန်လည်ထိန်းချုပ်ပြီးနောက် နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ KK Park ကို ဝင်ရောက်စီးနင်းခဲ့တယ်လို့ အကြမ်းဖက်စစ်အုပ်စုက သူ့ရဲ့ ဝါဒဖြန့်မီဒီယာမှာ သတင်းထုတ်လာပါတယ်။
Read More

စစ်ကိုင်းမြို့အနောက်ခြမ်းတွင် စစ်အုပ်စု၏လက်နက်ကြီး ထိမှန်ပြီး အရပ်သား အမျိုးသမီး ၁ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်အနောက်ခြမ်းမှာ အကြမ်းဖက်စစ်ကြောင်းကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးတွေထိမှန်ခဲ့လို့ သလွန်ဖြူရွာနေ အမျိုးသမီး ၁ ယောက် သေဆုံးပြီး ၁ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့ဘက်တော်သားအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

အညာဒေသ စစ်ဘေးရှောင် စာသင်ကျောင်းတွေအတွက် လေကြောင်းရန်ကာကွယ်နိုင်ဖို့ စကားပြောစက်တွေ လှူဒါန်း

စစ်ကိုင်းတိုင်း၊ ဆားလင်ကြီးမြို့နယ်က စစ်ဘေးရှောင် စာသင်ကျောင်းအတွက် စကားပြောစက်တွေကို မနေ့က နိုဝင်ဘာလ ၇ ရက်မှာ အညာပစ်တိုင်းထောင်လေးများအဖွဲ့က သွားရောက်လှူဒါန်းခဲ့ကြပါတယ်။
Read More

ပုလဲမြို့နယ် ကြက်ဝိုင်းကို ယင်းမာပင်ခရိုင် အမှတ် ၁၁ တပ်ရင်း ဝင်ရောက်ဖမ်းဆီး

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်မှာ ကြက်ဝိုင်းလောင်းကစားပြုလုပ်တဲ့ နေရာကို ဝင်ရောက်ဖမ်းဆီးရာ ဆိုင်ကယ် (၃၂) စီးအပါအဝင်  ကြက်(၈)ကောင်နဲ့ ဖုန်း ၁ လုံး သိမ်းဆည်းရမိခဲ့တယ်လို့ ကျားသစ်နက်တပ်မတော် ( Black Leopard Army) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ဈေးချိုမှာ ဆန္ဒပြ၍ အကြမ်းဖက်စစ်တပ် ဆုငွေထုတ် အမှုဖွင့်ခံထားရသူ ၁၀ ဦးအနက် ကျောင်းသားခေါင်းဆောင် ကိုထက်မြတ်အောင် ဖမ်းဆီးခံထားရဟု ဆို

မန္တလေးမြို့ ဈေးချိုအနီး ဆန္ဒပြခဲ့တယ်ဆိုပြီး အကြမ်းဖက်စစ်တပ်က ရွေးကောက်ပွဲနှောင့်ယှက်တဲ့ ပုဒ်မနဲ့ အမှုဖွင့် ဆုငွေထုတ်ထားသူတွေထဲက တစ်ယောက်ဖြစ်တဲ့ ကိုထက်မြတ်အောင်ကို စစ်တပ်က ဖမ်းဆီးထားပြီး အသက်အန္တရာယ် အထူးစိုးရိမ်ရတဲ့ အခြေအနေရှိနေတယ်လို့ သပိတ်အင်အားစုတွေက ဒီနေ့ ပူးတွဲထုတ်ပြန်ပါတယ်။