ရန်ကုန်မြို့ စက်မှုဇုန်တွေမှာ အကြမ်းဖက်စစ်ကောင်စီကို “ILO မှ ပုဒ်မ ၃၃” နဲ့ ဘာကြောင့် အရေးယူဖို့ လိုအပ်သလဲဆိုတဲ့ အချက်တွေ ပါဝင်တဲ့သတင်းစကားတွေကို အမျိုးသမီး လစဥ်သုံးပစ္စည်းတွေမှာ ထည့်သွင်းပြီး အလုပ်သမားထုဆီ ဖြန့်ဝေတဲ့ လှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါလှုပ်ရှားမှုကို ရန်ကုန်တော်လှန်ညီနောင် ၄ဖွဲ့နဲ့ မြေပြင်သပိတ်အင်အားစုတွေ ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

အာဏာသိမ်းကာလအတွင်း အကြမ်းဖက်စစ်ကောင်စီအနေနဲ့ အလုပ်သမားတွေအပေါ် အတင်းအဓမ္မလုပ်အားခိုင်းစေတာ၊ လွတ်လပ်စွာ အသင်းအဖွဲ့ ဖွဲ့စည်းခြင်းနဲ့ စည်းရုံးရေးဆင်းခြင်း စတာတွေကို အကာအကွယ်ပေးနေတဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ရဲ့ စံနှုန်းတွေအပေါ် လိုက်နာမှုမရှိတာကို ပြည်သူလူထုကိုယ်တိုင် တွေ့မြင်ရမှာဖြစ်ကြောင်း သပိတ်အင်အားစုတွေက ဆိုပါတယ်။

ဒါကြောင့် ပြည်သူလူထုအပေါ် အတင်းအဓမ္မ ဖိနှိပ်မှုတွေ ပြုလုပ်နေတဲ့ အကြမ်းဖက်စစ်ကောင်စီကို တန်ပြန်သက်ရောက်မှုအနေနဲ့ ILO က အမြန်ဆုံးအရေးယူပေးဖို့အတွက် ပြည်သူထူလူရဲ့ အသံ၊ သဘောဆန္ဒနဲ့ ထောက်ခံမှုကို လိုအပ်တယ်လို့ ဆိုပါတယ်။

အဲ့ဒီလို စစ်ကောင်စီက အရေးယူခံရရင် စစ်ကောင်စီရဲ့ အဓိက ထောက်တိုင်တစ်ခုဖြစ်တဲ့ စီးပွါးရေးဟာ နိုင်ငံခြားငွေတွေအပြင် စစ်ကောင်စီကို သွယ်ဝိုက်တဲ့နည်းနဲ့ တရားဝင်အသိအမှတ်ပြုလာရေး အခွင့်အရေးတွေ ဆုံးရှုံးမှာဖြစ်ပြီး စစ်ကောင်စီရဲ့ အဓိကထောက်တိုင်ဟာလည်း ပြိုကျသွားမှာဖြစ်တယ်လို့ သပိတ်အင်အားစုတွေက ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကောင်စီ၊ စစ်မှုထမ်းအပတ်စဥ် (၈) သင်တန်းဆင်း၊ တပ်သားတစ်ဦး လက်နက်ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်

အကြမ်းဖက်စစ်ကောင်စီတပ်၊ ခမရ (၄၃၁) မှ တပ်သားတစ်ဦးဟာ လက်နက်ခဲယမ်းတွေ ယူဆောင်လာပြီး မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း(၃) ထံကို အလင်းဝင်ရောက် လာတယ်လို့ တနင်္သာရီတိုင်းစစ်ဌာန-ပြန်ကြားရေးက ဒီကနေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။
Read More

နောင်ချိုမြို့နယ်၊ သုံးဆယ်ကျေးရွာမှာ တိုက်ပွဲမဖြစ်ပွားဘဲ စစ်ကောင်စီတပ် အသေခံဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်… မိုးကုတ်နှင့် သပိတ်ကျင်းအစပ်မှာလည်း စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၃ ဦးသေပြီး ၃ ဦးဒဏ်ရာရ…

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နယ်၊ သုံးဆယ်ကျေးရွာမှာ အကြမ်းဖက်စစ်ကောင်စီတပ်က အသေခံဒရုန်းနဲ့ ဗုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

မောင်တောကို အပြီးသတ်သိမ်းယူဖို့ AA ထိုးစစ်ဆင်နေပြီး အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေနဲ့ အပြင်းအထန် ခုခံနေ

ရခိုင်ပြည်နယ်၊ မောင်တောဒေသကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ဖို့ ရခိုင့်တပ်တော် AA ဟာ စက်တင်ဘာလ ဒုတိယအပတ်ကတည်းက နခခ (၅) နယ်ခြားစောင့်ဌာနချုပ်ကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီး အကြမ်းဖက်စစ်တပ်ကလည်း လေကြောင်းကနေ ပစ်ကူပေးတာ၊ လေယာဉ်ဗုံးကြဲတာတွေပြုလုပ်နေတာကြောင့် နှစ်ဘက် ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

ရေစကြိုမှာ အကြမ်းဖက်စစ်တပ်က သက်ကြီးပိုင်းနှင့် ကလေးငယ်များကို လူသားဒိုင်းသဖွယ် အသုံးပြုရင်း ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်နေ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်မှာ ရေလယ်ကျွန်းဒေသကို စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ အကြမ်းဖက်စစ်တပ်က သက်ကြီးရွယ်အိုနဲ့ ကလေးငယ်တွေအပါဝင် အရပ်သား ၅၀ ကျော်ကို လူသားဒိုင်းလုပ်ဖမ်းဆီးကာ ကျေးရွာတွေဆီ စစ်ကြောင်းထိုးဝင်ရောက်နေတယ်လို့ ရေစကြိုသတင်းအချက်အလက်ကော်မတီ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

မအူပင်မှာ တော်လှန်ရေးတပ်ဖွဲ့များနဲ့ ပတ်သက်သည်ဟု စွပ်စွဲဖမ်းဆီးခံထားရသူများထဲက ၇ ယောက် စစ်မှုထမ်းပို့ဆောင်ခံရ

ဧရာဝတီတိုင်း၊ မအူပင်မြို့မှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပတ်သတ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဖမ်းဆီးခံရသူတွေထဲကနေ လူငယ် ၇ယောက်ကို အကြမ်းဖက်စစ်တပ်က စစ်သင်တန်းကျောင်းကိုပို့ဆောင်လိုက်ကြောင်း စစ်တပ်နဲ့နီးစပ်တဲ့သူတွေထံက သိရပါတယ်။
Read More

ဝေါမြို့နယ်မှာ စစ်ကောင်စီရဲ့ X-Ray စစ်ဆေးဂိတ်ကို ရှော့တိုက်ဒုံးများနှင့် ပစ်ခတ်ခဲ့…

ပဲခူးခရိုင်၊ ဝေါမြို့နယ်က ရန်ကုန်-မော်လမြိုင်အဝေးပြေးလမ်းပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ X-Ray စက်တပ်ဆင်ထားတဲ့ စစ်ဆေးရေးဂိတ်ကို ရှော့တိုက်ဒုံး ၃ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဝေါမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) ဆီက သိရပါတယ်။