Asia Society က မတ်လ ၆ ရက်မှာ ပြုလုပ်ခဲ့တဲ့ Myanmar/Burma 2025: Challenges and Opportunities ဆွေးနွေးပွဲကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း တက်ရောက်ခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

အဲ့ဒီဆွေးနွေးပွဲကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဗဟိုဘဏ်၊ အထူးအကြံပေးပုဂ္ဂိုလ် ပါမောက္ခ Sean Turnell နဲ့ Asia Society ရဲ့ Executive Vice President and Chief Operating Officer Debra Eisenman တို့တက်ရောက်ဆွေးနွေးခဲ့သလို အမေရိကန်သံရုံး အရာရှိချုပ်ဟောင်း Priscilla Clapp ကတော့ အွန်လိုင်းကတဆင့် ပါဝင်ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းက “ကျနော်တို့ နိုင်ငံတကာ အသိုင်းအဝိုင်းကနေ အကူအညီ အများကြီး လိုအပ်ပါတယ်။ ကျနော်တို့ ပြည်သူတွေက ကြံ့ကြံ့ခံပြီး အကြမ်းဖက်စစ်အုပ်စုကို တွန်းလှန်နေပါတယ်။ ပြည်သူတွေရဲ့ ကြံ့ကြံ့ခံမှု တွန်းလှန်မှုများကြောင့် ကျနော်တို့ အနိုင်ရနေပြီး အကြမ်းဖက်စစ်အုပ်စုက ကျရှုံးနေတယ်ဆိုတာကို ကျနော်အသေအချာ ပြောနိုင်ပါတယ်။ ကျနော်တို့ တော်လှန်ရေးက သုညကနေစခဲ့တဲ့ တော်လှန်ရေးဖြစ်ပါတယ်။ အခုဆိုရင် ကျနော်တို့ တော်လှန်ရေးလက်နက်ကိုင်အဖွဲ့များနှင့် တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင်အဖွဲ့များက နယ်မြေ ၅၀ ရာခိုင်နှုန်းကျော်ကို ထိန်းချုပ်ထားနိုင်ပြီးဖြစ်ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။

ဆွေးနွေးပွဲမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက မြန်မာနိုင်ငံလက်ရှိအခြေအနေ၊ နိုင်ငံတကာအခန်းကဏ္ဍ၊ အာဆီယံအခန်းကဏ္ဍ စတဲ့ အကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

“ကျနော်တို့ တော်လှန်ရေးက ပြည်သူကို ဗဟိုပြုတဲ့၊ ပြည်သူကို ဦးတည်ထားတဲ့ တော်လှန်ရေးဖြစ်ပါတယ်။ ဒီတော်လှန်ရေးမှာ လူငယ်တွေရဲ့ပါဝင်မှု ဒါအပြင် ဆိုရှယ်မီဒီယာ၊ နည်းပညာများရဲ့ အထောက်အပံ့များကြောင့် တော်လှန်ရေးကိုပိုပြီးရှေ့ရောက်စေတာပါ။ ဒါတွေကြောင့်ပဲ ကျနော်ဒီနေ့လိုဆွေးနွေး ပြောဆိုခွင့်ရတာပါ။ …. (၄)နှစ်တာကာလအတွင်း သူတို့တွေရဲ့  ကြံ့ကြံ့ခံတွန်းလှန်မှုများကြောင့် ကျနော်တို့တော်လှန်ရေးက အောင်မြင်မှုတွေရရှိလာတာ ဖြစ်ပါတယ်။” လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် သံအမတ်ကြီး ဦးကျော်မိုးထွန်းက မြန်မာပြည်သူတွေ၊ မြန်မာနိုင်ငံရဲ့ မိတ်ဆွေတွေကိုလည်း တော်လှန်ရေးမှာ ဆက်လက်ပါဝင် ထောက်ခံပေးဖို့အတွက် တိုက်တွန်းတောင်းဆိုခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

တောင်ကိုးရီးယားရဲ့ လူဦးရေ ဆက်တိုက်ကျဆင်းနေသည့် ဒေသတွင် မြန်မာဒုက္ခသည်များအား နေထိုင်ခွင့်ပြုဖို့ အာဏာပိုင်များ ဆွေးနွေး

လူဦးရေ ဆက်တိုက်ကျဆင်းနေတဲ့ တောင်ကိုးရီးယားနိုင်ငံ၊ Gyeongsang ခရိုင်က Yeongyang ဒေသမှာ မြန်မာဒုက္ခသည် ၄၀ ခန့်ကို နေထိုင်ခွင့်ပြုဖို့ ဆွေးနွေးနေကြောင်း တာဝန်ရှိသူတွေက မတ်လ ၁၂ ရက်မှာ ပြောပါတယ်။
Read More

ကားတစ်စီးဖြင့် ထိုင်းနိုင်ငံထဲဝင်ဖို့ ကြိုးစားသည့် မြန်မာ ၉ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ တာ့ခရိုင်မှာ ဒီနေ့ မေလ ၁၈ ရက် နေ့လယ်ပိုင်းက တရားမဝင် မြန်မာရွှေ့ပြောင်းလုပ်သားတွေ လိုက်ပါစီးနင်းလာတဲ့ ကားတစ်စီးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြပါတယ်။
Read More

တောင်ကိုရီးယားတွင် စစ်တပ်၏ ရွေးကောက်ပွဲအတု ကြိုတင်မဲလာပေးသူ ၁၀ ဦး ဝန်းကျင်သာ ရှိ 

စစ်အုပ်စုဟာ ပြည်ပရောက်မြန်မာတွေကို ကြိုတင်မဲပေးဖို့ နည်းလမ်းမျိုးစုံနဲ့ တိုက်တွန်းနှိုးဆော်နေခဲ့ပေမယ့် တောင်ကိုရီးယာနိုင်ငံမှာတော့ လက်ရှိအချိန်ထိ ကြိုတင်မဲလာပေးသူဟာ ၁၀ ယောက် ဝန်းကျင်သာ ရှိတယ်လို့ တောင်ကိုရီးယားရောက် တော်လှန်အင်အားစုတွေထံက သိရပါတယ်။ 
Read More

အကြမ်းဖက်မင်းအောင်လှိုင် ရုရှားမှ ပြန်ရောက်ပြီးနောက် တရုတ်အထူးကိုယ်စားလှယ် နေပြည်တော်သို့ ရောက်ရှိလာ

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရုရှားနဲ့ ဘီလာရုစ်နိုင်ငံတွေကနေ ပြန်ရောက်လာပြီးနောက် တရုတ်နိုင်ငံရဲ့ အာဆီယံရေးရာ အထူးကိုယ်စားလှယ် တိန့်ရှီကျွင်းက နေပြည်တော် ရောက်ရှိလာကာ စစ်ကောင်စီနိုင်ငံခြားဝန်ကြီး သန်းဆွေနဲ့ တွေ့ဆုံခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
Read More

စစ်ခေါင်းဆောင်နဲ့တွေ့ခဲ့တယ်လို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ပြော

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်ဟာ နေပြည်တော်ကို လာရောက်ပြီး စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့တယ်လို့ အောက်တိုဘာလ ၂၉ ရက်အင်္ဂါနေ့က ကုလသမဂ္ဂအစည်းအဝေးမှာ ပြောပါတယ်။
Read More

စစ်ကောင်စီဖမ်းထားတဲ့ ထိုင်းငါးဖမ်းသမား ၄ ဦး ပြန်လွတ်ပြီလို့ ထိုင်းအစိုးရ ပြော

စစ်ကောင်စီရေတပ်က ပစ်ခတ်ပြီး ဖမ်းဆီးခဲ့တဲ့ ငါးဖမ်းလှေပေါ်က ထိုင်းငါးဖမ်းသမား ၄ ယောက် ပြန်လွတ်ပြီလို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာကြောင်း AFP က သတင်းဖော်ပြထားပါတယ်။