တရုတ်က မင်းအောင်လှိုင် ဟန်ပြကျင်းပမယ့် အတုအယောင်ရွေးကောက်ပွဲကို  ပူးပေါင်းကူညီသွားမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တရုတ်နိုင်ငံ အာရှရေးရာအထူးကိုယ်စားလှယ် တိန့်ရှီကျွင်းတို့ တွေ့ဆုံမှုမှာ ထပ်လောင်းအတည်ပြု ကတိပေးလိုက်ပါတယ်။

မင်းအောင်လှိုင်နဲ့ တရုတ်နိုင်ငံ အာရှရေးရာအထူးကိုယ်စားလှယ် တိန့်ရှီကျွင်းတို့ဟာ မတ်လ ၁၁ ရက် ညနေပိုင်းက နေပြည်တော်မှာ တွေ့ဆုံခဲ့ကြတာပါ။

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ရုရှားနိုင်ငံက ပြန်လည်ရောက်ရှိပြီး တစ်ရက်အကြာမှာပဲ တရုတ်ကိုယ်စားလှယ်နဲ့ တွေ့ဆုံခဲ့တာဖြစ်ပြီး ရုရှားနဲ့ တရုတ်တို့ရဲ့ စစ်ကောင်စီကို သံတမန်ရေးအရ အပြိုင်ချဉ်းကပ်မှုလို့လည်း နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။  

တရုတ်ကိုယ်စားလှယ်နဲ့ တွေ့ဆုံမှုအတွင်း ရှေ့လုပ်ငန်းစဉ်(၅)ရပ်နဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှုအပေါ် တရုတ်နိုင်ငံက အပြုသဘောဆောင်တဲ့  ပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်သွားမယ်လို့ ပြောခဲ့ကြောင်း အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့် မီဒီယာတွေက ဖော်ပြပါတယ်။ 

(ဓာတ်ပုံ စကစပြန်ကြားရေးဌာန)

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကတော့ ရွေးကောက်ပွဲကို အခုနှစ်ကုန်ပိုင်း (သို့မဟုတ်) ၂၀၂၆ နှစ်စပိုင်းမှာ ကျင်းပနိုင်အောင်ကြိုးပမ်းမယ်လို့ သူ့ရဲ့ ရုရှားခရီးစဉ်ကအပြန်မှာ ပြောကြားထားပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲကို တရုတ်နဲ့ ရုရှားတို့က ထောက်ခံထားပြီး အာဆီယံနဲ့ ဥရောပနိုင်ငံတချို့ကတော့ တိုင်းပြည်ကို တည်ငြိမ်အောင်လုပ်ပြီးမှသာ ရွေးကောက်ပွဲ ကျင်းပသင့်ကြောင်း ထောက်ပြထားပါတယ်။

NUCC ၊ NUG အပါအဝင် တော်လှန်ရေးအင်အားစုတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေကလည်း စစ်ကောင်စီ ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ တရားဝင်မှုမရှိဘူးလို့ အသီးသီး ထုတ်ပြန်ကြေညာထားပါတယ်။

အာဏာသိမ်းစစ်တပ်ကတော့ ရွေးကောက်ပွဲကို   နိုင်ငံရဲ့ တည်ငြိမ်တဲ့၊ တစ်နည်းအားဖြင့် သူတို့ ထိန်းချုပ်ထားနိုင်တဲ့ မဲဆန္ဒနယ် ၁၀၀ ကျော်လောက်မှာ ပြုလုပ်ဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။

(ဓာတ်ပုံ စကစပြန်ကြားရေးဌာန)
0 Shares:
You May Also Like
Read More

ဟုမ်းလမ်းဘူတာရပ်ကွက် အုပ်ချုပ်ရေးမှူး ပစ်ခတ်ရှင်းလင်းခံရမှုမှာ လုပ်ဆောင်ခဲ့သူတွေကို ဖမ်းမိပြီ ဟု စစ်ကောင်စီ ပြော

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်က ဟုမ်းလမ်းဘူတာအုပ်ချုပ်ရေးမှူးကို ပစ်ခတ်ရှင်းလင်းခဲ့သူတွေကို ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီထောက်ခံတဲ့ ဝါဒဖြန့်သတင်းတွေမှာ ဖော်ပြလာပါတယ်။
Read More

မန္တလေး Sky Villa ကွန်ဒိုပြိုကျမှုအတွင်း သုခဒိုင်းမွန်း စိန်တိုက်ပိုင်ရှင် မိသားစုလိုက်သေဆုံး၊ ပျဉ်းမနားတွင်လည်း ဝင်းရွှေစင်ရွှေဆိုင် ပြိုကျမှု ၉ ဦး သေဆုံး

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ လမ်း ၆၀၊ ၂၂လမ်းနဲ့ ၂၃ လမ်းကြားရှိ  ၁၁ ထပ်အမြင့်ရှိသည့် Sky Villa ကွန်ဒိုပြိုကျမှုအတွင်း သေဆုံးသူတွေထဲမှာ သုခဒိုင်းမွန်းစိန်တိုက်ပိုင်ရှင် ဒေါ်မိုးသီတာရွှေနဲ့ မိသားစုဝင်တွေ ပါဝင်တယ်လို့ သုခဒိုင်းမွန်းစိန်တိုက်က သတင်းထုတ်ပြန်ထားပါတယ်။
Read More

အုတ်ဖိုမှာ စစ်ကောင်စီ ရွာတချို့ကို ရှေ့နောက်ပိတ်ပြီး ပေါ်တာဆွဲ၊ သားသမီး မရှိတဲ့ အမျိုးသမီးတွေကိုပါ ဖမ်းဆီးနေ၊ ရွာလုံးကျွတ် ထွက်ပြေးနေကြရ

ပဲခူးတိုင်း၊ အုတ်ဖိုမှာ စစ်ကောင်စီတပ်တွေရဲ့ ပေါ်တာဆွဲ ဖမ်းဆီးနေမှုကြောင့် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်ရမှုတွေ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ 
Read More

ဝက်လက်တွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ၆ လသား ကလေးငယ် အပါအဝင် ၄ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ စဉ့်ကိုင် (မြောက်) ရွာကို တိုက်ပွဲဖြစ်ပွါးနေခြင်းမရှိဘဲ စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လသားအရွယ်ကလေး ၁ ယောက် အပါအဝင် ပြည်သူ ၄ ယောက် သေဆုံးခဲ့ပြီး ၇ ယောက် ထိခိုက်ဒဏ်ရာရရှိထားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ 
Read More

ခမရ ၁၂ က စစ်သားတစ်ယောက် PDF ထံ လက်နက်နဲ့ အလင်းဝင်လာ

စစ်ကိုင်းတိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မုံရွာခရိုင် အမှတ် ၂၅ တပ်ရင်းဆီကို အကြမ်းဖက်စစ်ကောင်စီတပ်ရင်း ခမရ ၁၂ က တပ်သားတစ်ယောက် လက်နက်နဲ့တကွ အလင်းဝင်လာတယ်လို့ သိရပါတယ်။
Read More

နမ့်ပေါင်ရွာကို စစ်ကောင်စီ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်

လားရှိုးမြို့နယ်၊ နမ့်ပေါင်ရွာကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်လို့ အရပ်သားတစ်ယောက် ဒဏ်ရာရပြီး စာသင်ကျောင်း ပျက်စီးခဲ့တယ်လို့ MNDAA က အသိပေးထုတ်ပြန်ပါတယ်။