အာဏာသိမ်းစစ်တပ်က ၀င်ငွေတွေ မြောက်မြားစွာ ရရှိနေတဲ့ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို ဆွစ်ဇာလန်က ဒဏ်ခတ်ပိတ်ဆို့အရေးယူလိုက်ပြီ ဖြစ်ပါတယ်။

Justice For Myanmar က MOGE ကို ဆွစ်ဇာလန်နိုင်ငံအနေနဲ့ ဒဏ်ခတ်ပိတ်ဆို့ဖို့ ပြီးခဲ့တဲ့ မတ်လ ၇ရက်နေ့က တောင်းဆိုခဲ့ပြီး နောက်ပိုင်း ဆွစ်ဇာလန် နိုင်ငံက ပိတ်ဆို့အရေးယူလိုက်တာ ဖြစ်ပါတယ်။

MOGE အပေါ် ဆွစ်ဇာလန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုဟာ မြန်မာပြည်သူတွေအပေါ် ကျူးလွန်နေတဲ့ အကြမ်းဖက် စစ်ဆင်ရေးတွေအတွက် ဘဏ္ဍာငွေဖြည့်တင်းဖို့ ရေနံနဲ့သဘာဝဓါတ်ငွေ့ကဏ္ဍက ဘဏ္ဍာငွေ ရှာဖွေရရှိနေနိုင်တဲ့ စစ်အုပ်စုရဲ့ ကယ်ပေါက်တစ်ခုကို ပိတ်ပင်ရာမှာ အရေးပါတယ်လို့ Justice For Myanmar က ဖော်ပြပါတယ်။

စစ်ကောင်စီဟာ MOGE ကရရှိတဲ့ ဝင်ငွေတွေနဲ့  နိုင်ငံတစ်ဝန်း စစ်ရာဇဝတ်မှုတွေကို ထင်တိုင်းကြဲ ကျူးလွန်ခွင့်ရရှိနေပြီး အခုလို ဆွစ်ဇာလန်ရဲ့ ပိတ်ဆို့အရေးယူမှုဟာ အာဏာသိမ်းစစ်တပ်ကို ထိရောက်မှုရှိနိုင်တာကြောင့် ကြိုဆိုတယ်လို့လည်း JFM က ဆိုပါတယ်။

(ဓာတ်ပုံ JFM)

ရေနံနဲ့ သဘာဝဓါတ်ငွေ့ကဏ္ဍဟာ အာဏာသိမ်းစစ်ကောင်စီအတွက် နိုင်ငံခြားငွေနဲ့ အခွန်ဝင်ငွေအများဆုံး ရှာဖွေပေးနေတဲ့ ရင်းမြစ်တစ်ခု ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီလိုချမှတ်လိုက်ခြင်းက အီးယူဒဏ်ခတ်ပိတ်ဆို့မှုတွေထဲက အရေးကြီးတဲ့ ကယ်ပေါက်တစ်ခုကို ပိတ်လိုက်နိုင်ပြီး၊ လေးနှစ်ကျော်ကြာ အကြမ်းဖက်စစ်အုပ်စုကို ဆန့်ကျင်ကာ ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေတဲ့ မြန်မာပြည်သူတွေနဲ့အတူ တသားတည်းရှိကြောင်း သတင်းစကားပါးလိုက်တာလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

အခုလို ဆွစ်ဇာလန်အနေနဲ့ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE)ကို ဒဏ်ခတ်ပိတ်ဆို့ခဲ့တာကို ကြိုဆိုပြီး ကနေဒါ၊ ယူကေနဲ့ ဩစတြေးလျနိုင်ငံတွေအနေနဲ့လည်း ဆွစ်ဇာလန်နိုင်ငံအတိုင်း ပိတ်ဆို့အရေးယူဖို့ JFM က တစ်ပါတည်း တောင်းဆိုတိုက်တွန်းလိုက်ပါတယ်။

0 Shares:
You May Also Like
Read More

တောင်သာမြို့နယ်၊ ကင်းဇလုပ်ကျေးရွာအနီး စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်၊ ခဲယမ်းအချို့ သိမ်းဆည်းရမိ

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ကင်းဇလုပ်ကျေးရွာအနီး စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြင်းခြံခရိုင် တပ်ရင်း ၃ က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ဘောလခဲ စခန်းကုန်းတိုက်ပွဲအတွင်း ဘောလခဲ PDF ရဲဘော် သက်ပိုင်ဦး ကျဆုံးခဲ့

ဘောလခဲခရိုင်မှာ ဖြစ်ပွါးခဲ့တဲ့ စစ်ကောင်စီနဲ့ ထိတွေ့တိုက်ပွဲအတွင်း ဘောလခဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော်တစ်ယောက် ကျဆုံးခဲ့ရတယ်လို့  ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (BPDF) က ဒီနေ့ အောက်တိုဘာ ၁၃ ရက်မှာ ထုတ်ပြန်ပါတယ်။
Read More

ဟားခါးမြို့ပေါ်က ရဲတစ်ဦး လက်နက်ခဲယမ်းများနှင့် အလင်းဝင်လာ…

ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်က စစ်ကောင်စီလက်အောက်ခံ ရဲ ၁ ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ Chinland Defense Force - Hakha က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

လွတ်လပ်မျှတပါတယ်ဆိုတဲ့ ရွေးကောက်ပွဲမှာ ယှဥ်ပြိုင်မယ့် ပါတီများ စစ်တပ်ဂုဏ်သိက္ခာ ထိခိုက်အောင် မပြောဖို့ ကန့်သတ်ခံရ

အတုအယောင်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေအနေနဲ့ မဲဆွယ်စည်းရုံးရေး ဟောပြောတဲ့နေရာမှာ စစ်တပ် ပြိုကွဲအောင် ဒါမှမဟုတ် စစ်တပ်ရဲ့ ဂုဏ်သိက္ခာထိခိုက်အောင် ပြောဆိုခြင်း မလုပ်ရဘူးလို့ စစ်ကော်မရှင်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က ကန့်သတ်တားမြစ်လိုက်ပါတယ်။
Read More

ဂုဏ်သိက္ခာကင်းမဲ့ဆုံး စစ်ရာဇဝတ်မှုအဖြစ် အကြမ်းဖက်စစ်တပ် စဉ့်ကူးဆေးရုံကို ထပ်မံ လေကြောင်းဗုံးကြဲတိုက်ခိုက်

မန္တလေးတိုင်း၊ စဉ့်ကူးမြို့ပေါ်က မြို့နယ်ပြည်သူ့ဆေးရုံကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ စဉ့်ကူးမြို့နယ်ကို ထိန်းချုပ်စိုးမိုးထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

မုံရွာမှာ ပေါ်တာဆွဲဖို့လုပ်နေတဲ့ စစ်​အုပ်စုလှည့်ကင်းကား ပစ်ခတ်တိုက်ခိုက်ခံရ၊ ရဲနဲ့ စစ်သား ၄ ယောက် သေပြီး ၁ ယောက် ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ပေါ်တာဆွဲဖို့ကင်းလှည့်နေတဲ့ စစ်အုပ်စုကားတွေကို ပစ်ခတ်တိုက်ခိုက်ရာ ရဲနဲ့စစ်သား ၄ယောက် သေဆုံးသွားတယ်လို့ မုံရွာခရိုင် အမှတ် ၂၂ နတ်ဆိုးတပ်ရင်း တာဝန်ရှိသူ ကိုနတ်ဆိုးက မောင်းသတင်းဌာနကို ပြောပါတယ်။