တနင်္သာရီတိုင်း၊ ထားဝယ်မြို့ကနေ သရက်ချောင်းမြို့နယ်ကို စုန်ဆင်းသွားတဲ့ စစ်ကောင်စီရဲ့ ငွေစက္ကူတွေ တင်ဆောင်လာတဲ့ စက်လှေတစ်စီးကို တိုက်ခိုက်ချေမှုန်းရာ ၂၀ ကျော် သေဆုံးပြီး ၃၀ ခန့် ဒဏ်ရာရရှိခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ရှဲဒိုးက မောင်းကို ပြောပါတယ်။ 

ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်၊ ညပိုင်းမှာ ထား၀ယ်မြို့ကနေ သရက်ချောင်းမြို့နယ်၊ ဆင်ဖြူပြင်ဆိပ်ကမ်းဘက်ကို ထွက်ခွာလာတဲ့ စစ်ကောင်စီရဲ့ စစ်တန်း‌ကေးစက်လှေတစ်စီးကို ထား၀ယ်ခရိုင်တပ်ပေါင်းစုက ထား၀ယ်မြစ်ကြောင်းအတွင်း တိုက်ခိုက်ချေမှုန်းခဲ့ပြီး အဲဒီစက်လှေဟာ စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဘဏ်က ငွေစက္ကူတွေကို သယ်ဆောင်လာတာ  ဖြစ်တယ်လို့ သိရပါတယ်။ 

“သူတို့ ဘဏ်တွေကနေ အမြဲတမ်း အဲ့လို သယ်ပို့နေတာ ရှိတယ်။ အရင်အခေါက်တွေကတော့ ကားနဲ့သယ်တာ။ ဒီတစ်ခေါက်ကတော့ ရေကြောင်းနဲ့ သယ်တာပေါ့နော်။ စက်လှေမှာက ဘဏ်ဝန်ထမ်း ၃ဦးလောက်နဲ့ စစ်တပ် လုံခြုံရေး ၆၀ နီးပါးလောက် ပါပါတယ်။ ကျနော်တို့ ခန့်မှန်းသိသလောက်ကတော့ ဌာနဆိုင်ရာ ငွေကြေးအလွှဲအပြောင်းတွေလုပ်ရတဲ့ မြန်မာ့စီးပွားရေးဘဏ်ဖြစ်မယ်လို့ ယူဆပါတယ်။ ဘာလို့ဆိုတော့ ကျန်တဲ့  ပုဂ္ဂလိကဘဏ်တွေကတော့ သူတို့နည်းသူတို့ဟန်နဲ့ ငွေသယ်ကြတာပါ” လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ရှဲဒိုးက မောင်းကိုပြောပါတယ်။

အဆိုပါ စက်လှေကို တိုက်ခိုက်စဉ် အပြန်အလှန်ပစ်ခတ်မှု ၁၀ မိနစ်ခန့် ကြာမြင့်ခဲ့ပြီးနောက် တော်လှန်ရေးရဲဘော်တွေက RPG နဲ့ ပစ်ခတ်ရာ စက်လှေ မီးလောင်ပျက်စီးသွားပြီး လုံခြုံရေးလိုက်ပါလာတဲ့ စစ်ကောင်စီတပ်သား ၂၀ နီးပါး သေဆုံးကာ ၃၀ ကျော် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။ 

ရဲဘော်ရှဲဒိုးက ဆက်လက်ပြီး “RPG နဲ့ အပစ်ခံလိုက်ရပြီး လှေမီးလောင်ပြီးတော့ သူတို့ဘက်က ပြန်ပစ်တာရှိပါတယ်။ ဒါပေမယ့် စက်ကလေး ၂လက်လောက်နဲ့ ပြန်ပစ်တာပါ။ ကျန်တဲ့ သူတွေကတော့ ထိသွားလို့ ပြန်မပစ်နိုင်တဲ့ အခြေအနေမျိုးပါ” လို့ ဆိုပါတယ်။ 

တိုက်ခိုက်မှုအပြီးမှာ‌တော့ စစ်ကောင်စီက သေဆုံးသူတွေနဲ့ ထိခိုက်သူတွေကို နောက်ထပ်စက်လှေတစ်စီးနဲ့ လာရောက်သယ်ဆောင်သွားပြီး ကျောက်နီမော်ကနေတဆင့် သရက်ချောင်းကို သယ်ဆောင်သွားတယ်လို့ သိရပါတယ်။ 

ထားဝယ်ခရိုင်တပ်ပေါင်းစုအနေနဲ့ အကြမ်းဖက်စစ်ကောင်စီကို ထား၀ယ်မြစ်ကြောင်းအတွင်း အချိန်မရွေး တိုက်ခိုက် ချေမှုန်းသွားမယ်လို့လည်း အသိပေး ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

မြင်းခြံခရိုင် တပ်ရင်း (၃) အနေနဲ့ Facebook Page အသစ်ကို ထုတ်ပြန်ကြေညာ…

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ မြင်းခြံခရိုင် အမှတ် (၃) တပ်ရင်းရဲ့ လူမှုကွန်ရက် စာမျက်နှာဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၉ ရက်မှာ Facebook က ပိတ်သိမ်းလိုက်တာကြောင့် Page အသစ်ကို ဖွင့်လှစ်လိုက်တယ်လို့ အဆိုပါတပ်ရင်းက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

စစ်ကိုင်းမှာ လုံလောက်သည့် ကယ်ဆယ်ရေးများ မရောက်ရှိသေးတာကြောင့် အခက်အခဲများနှင့် ရင်ဆိုင်နေရ

ငလျင်ဒဏ်ကြောင့် အသေအပျောက် များပြားနေတဲ့ စစ်ကိုင်းမြို့မှာ လူနာအရေအတွက်နဲ့ ဆေးရုံတွေ လုံလောက်မှု မရှိသလို လုံလောက်တဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေလည်း မဆောင်ရွက်နိုင်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
Read More

ဘုတလင်တွင် စက်တပ်လေထီးရော ဂျက်ဖိုက်တာဖြင့်ပါ လေကြောင်းတိုက်ခိုက်ခံရပြီး စစ်ရှောင်ကျောင်းသူအပါ ၃ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ စစ်ကြောင်းဝင် အကြမ်းဖက်စစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် စစ်ဘေးရှောင်ကျောင်းသူ အပါအဝင် အရပ်သား ၃ ယောက် သေဆုံးခဲ့ကြောင်း Budalin Mobile Team - BMT တာဝန်ရှိသူ ၁ ယောက်က မောင်းကို ပြောပါတယ်။
Read More

လေးလတာအတွင်း စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် အရပ်သား ၃၆၀ ကျော် သေဆုံးခဲ့ရ

ပြီးခဲ့တဲ့ ၂၀၂၄  စက်တင်ဘာလကနေ ဒီဇင်ဘာလအထိ ၄လတာမှာ စစ်ကောင်စီရဲ့ တိုက်ခိုက်မှု ၄၄ ကြိမ်အတွင်း အရပ်သား ၃၆၀ ကျော်သေဆုံးခဲ့ရတယ်လို့ ဉာဏ်လင်းသစ် သုတေသနအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
Read More

စစ်ကောင်စီ၏ မော်ကွီးလု (မယ်လ) တပ်စခန်းအား တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း KNU တရားဝင်ထုတ်ပြန်

ကရင်ပြည်နယ်၊ ဖားအံခရိုင်၊ တာကရယ် (ပိုင်ကျုံ) မြို့နယ်အတွင်း တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ မော်ကွီးလု (မယ်လ) တပ်စခန်းကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU (ဗဟို) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တစ်နှစ်တာအတွင်း အရပ်သားပြည်သူ ၃၀၀ ကျော်ကို စစ်ကောင်စီက ဖမ်းဆီး သတ်ဖြတ်

စစ်ကောင်စီက ၂၀၂၄ တစ်နှစ်တာအတွင်း အရပ်သားပြည်သူတွေကို မတရား ဖမ်းဆီးသတ်ဖြတ်မှု ၃၇၀ ကျော်သွားပြီဖြစ်ကြောင်း  နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ထံမှ သိရပါတယ်။