မကွေးတိုင်း၊ ပခုက္ကူခရိုင်အတွင်း အခြေစိုက်တဲ့ တပ်ဖွဲ့ ၅ ခုကို ထောက်ပံ့ပြီး ထိရောက်တဲ့ စခန်းသိမ်းတိုက်ပွဲတွေ ဆင်နွှဲနိုင်ဖို့ “ဧရာအနောက်မြို့တော်သို့” သိန်း ၁၅၀၀ ကမ်ပိန်းပြုလုပ်ထားတယ်လို့ သိရပါတယ်။

ကမ်ပိန်းရရှိငွေတွေဟာ Thu Rain TR၊ Earthquake People’s Defence Force၊  Justice Revolution Force၊ Hunter Pakokku နဲ့ Six Senses Guerrilla Force ပခုက္ကူအခြေစိုက် တပ်ဖွဲ့ ၅ ဖွဲ့ဆီ စီးဆင်းသွားမှာဖြစ်ပြီး ထိရောက်တဲ့ စခန်းသိမ်းတိုက်ပွဲတွေ ဖော်ဆောင်သွားမယ်လို့ သိရပါတယ်။

ကမ်ပိန်းကာလကို မတ်လ ၃ ရက်ကနေ ၃၁ ရက်အထိ သတ်မှတ်ထားပြီး ပါဝင်မှုတစ်ကြိမ်စီတိုင်းအတွက် Serial No. ပါတဲ့ ဂုဏ်ပြုမှတ်တမ်းတစ်စောင်စီ ပြန်လည်ပို့ပေးမှာဖြစ်ကာ ကမ်ပိန်းပြီးဆုံးတဲ့အခါ Serial No. အတိုင်း မဲဖောက်ပြီး အမှတ်တရလက်‌ဆောင်ပစ္စည်းတွေ ပြန်လည်ပေးအပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

အညာဒေသကနေ တစ်နိုင်ငံလုံး အိမ်ပြန်မယ့်ခရီးလမ်းအတွက် ထောက်ပို့တွေအနေနဲ့ “ဧရာအနောက်မြို့တော်သို့”ကမ်ပိန်းမှာ ပါဝင်အားဖြည့်ပေးကြဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။

0 Shares:
You May Also Like
Read More

တန့်ဆည်မြို့နယ် မူးတိမ်ပျူရွာကို ‌တော်လှန်ရေးတပ်‌များ တိုက်ခိုက်သိမ်းပိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်အတွင်းရှိ မူးတိမ်ပျူရွာကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ ဓူဝံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရေဦးက သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဗန်းမော်တွင် ပစ်ချခံရသည့် အကြမ်းဖက်စစ်တပ်၏ Mi17 ရဟတ်ယာဉ်အပျက်အစီးနှင့် ရုပ်အလောင်း ဗီဒီယိုဖိုင် လူမှုကွန်ရက်မှာ ပျံ့နှံ့လာ (ရုပ်/သံ)

ကချင်ပြည်နယ်၊ ဗန်းမော်မှာ ဒီနေ့ မေလ ၂၀ ရက်မှာ KIA က ပစ်ချခဲ့တဲ့ အကြမ်းဖက်စစ်တပ်ရဲ့  Mi-17 ရဟတ်ယာဉ်အပျက်အစီးနဲ့ တပ်သားအလောင်းဗီဒီယိုဖိုင် လူမှုကွန်ရက်မှာ ပျံ့နှံ့လာပါတယ်။
Read More

ဆားလင်းမြို့မှာ ကင်းလှည့်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့‌ပေါ် ရဲစခန်းကနေ ကင်းလှည့်ထွက်လာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ခဲ့တယ်လို့ ချင်းတွင်းဒိုင်းနမိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Salingyi) က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မြင်းမူမြို့နယ် မြောင်လမ်းခွဲမှာ အထိုင်ချထားတဲ့ စစ်ကော်မရှင်တပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် မြောင်လမ်းခွဲမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Myaung Drone Force MDF တပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

မြေမြုပ်မိုင်းဒဏ်၊ လက်နက်ကြီးတွေကြောင့် ကိုယ်လက် အင်္ဂါဆုံးရှုံးသွားတဲ့ KNDF ရဲဘော်တွေရဲ့ တိုက်ပွဲအတွေ့အကြုံနဲ့ ခံစားချက် (ရုပ်/သံ)

ရှေ့တန်းမြေပြင်မှ မြေမြုပ်မိုင်းဒဏ်၊ လက်နက်ကြီးတွေကြောင့် ကိုယ်လက် အင်္ဂါဆုံးရှုံးသွားတဲ့ KNDF ရဲဘော်တွေရဲ့ တိုက်ပွဲအတွေ့အကြုံနဲ့ ခံစားချက်တွေကို ယခုလိုပဲပြောပြခဲ့ကြပါတယ်။
Read More

ချောင်းဦး-မြင်းမူလမ်းပိုင်းမှာ ကြေးနီသယ်ယာဉ်တွေကို အစောင့်လိုက်ပါလာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ်တွေကို မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်းရှိ တပ်မ ၃၃ မှ မုံရွာမြို့ဘက်သို့ ကြေးနီသယ်လာတဲ့ တွဲယာဉ် ၅၀ ခန့်ကို လုံခြုံရေးပေးဖို့ လိုက်ပါလာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ် ၈ စီးကို ဇန်နဝါရီ ၂၂ ရက်က ချောင်းဦး-မြင်းမူ လမ်းပိုင်းတစ်နေရာမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ လျှပ်စီးတပ်ခွဲထံက သိရပါတယ်။