ရန်ကုန်မြို့မှာ မတ်လ ၁၀ ရက် မနေ့က မြေပြင်သပိတ်အင်အားစုတွေဟာ “ILO A 33 MYANMAR 2025 “ စာသားပါ အင်္ကျီတွေ ဝတ်ဆင်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ အလုပ်သမားထုအပေါ် ဖိနှိပ်နေမှုတွေကို အရေးယူပေးဖို့ တောင်းဆိုတဲ့ လှုပ်ရှားမှုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အလုပ်သမားတွေရဲ့ အခြေခံ အခွင့်အရေးတွေကို အကာအကွယ်ပေးနေတဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမား ရေးရာအဖွဲ့ရဲ့ စံနှုန်းတွေအပေါ် လိုက်နာမှုမရှိတဲ့ အကြမ်းဖက်စစ်ကောင်စီကို  ပုဒ်မ “၃၃” နဲ့ အရေးယူပေးဖို့ တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

အဲဒီလှုပ်ရှားမှုကို ရန်ကုန်တော်လှန်ညီနောင်၄ ဖွဲ့နှင့်အတူ ရန်ကုန်မြေပြင်သပိတ်အင်အားစုတွေ ပူးပေါင်းဆောင်ရွက်ခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မင်းကွန်း နဂါးပတ်တောင်စစ်စခန်းကို သိမ်းပိုက်စဉ် စစ်သုံ့ပန်းများ ဖမ်းမိခဲ့မှု ယူနီကွန်းပျောက်ကြားတပ်ဖွဲ့ ထုတ်ပြန် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းတောင်ရွာ နဂါးပတ်တောင်ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်ကို ဝင်ရောက်တိုက်ခိုက်စဉ် ဖမ်းမိခဲ့တဲ့ စစ်သုံ့ပန်းတွေရဲ့ မှတ်တမ်းရုပ်သံကို ယူနီကွန်းပျောက်ကြားတပ်ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
Read More

တောင်သာမြို့နယ်အတွင်း တော်လှန်ရေတပ်တွေ အသင့်ပြင်ထားတဲ့ နေရာသို့ ဝင်ရောက်တဲ့ အကြမ်းဖက်စစ်သားတွေ တိုက်ခိုက်ခံရပြီး အများအပြားသေဆုံး (ရုပ်/သံ)

မန္တလေးတိုင်း တောင်သာမြိုပေါ်ကနေ သာယာကြီးရွာဘက်သို့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်သားတွေကို တိုက်ခိုက်ခဲ့ရာ အများအပြားသေဆုံးခဲ့တယ်လို့ မြင်းခြံခရိုင်အမှတ်၃တပ်ရင်းမှ သတင်းထုတ်ပြန်ထားပါတယ်။ ဒီဇင်ဘာ ၇ ရက်က တောင်သာမြို့ပေါ်ကနေ သာယာကြီးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်သားတွေကို တော်လှန်ရေးတပ်တွေက အသင့်ပြင်ထားနေရာသို့ အရောက် လက်နက်ကြီး လက်နက်ငယ်တွေနဲ့ အဆင်သင့်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်အာဏာရှင်အမြစ်ပြတ်ချေမှုန်ရေး တိုက်ပွဲဝင်နေတဲ့ ရဲဘော်တွေရဲ့ ရုပ်သံမှတ်တမ်း စစ်ကိုင်းခရိုင်တပ်ရင်း-၃ ထုတ်ပြန်

စစ်ကိုင်းခရိုင်တပ်ရင်း-၃ မှာ စစ်အာဏာရှင်အမြစ်ပြတ်ချေမှုန်ရေး တိုက်ပွဲဝင်နေကြတဲ့ ရဲဘော်တွေရဲ့ ရုပ်သံမှတ်တမ်းကို နိုဝင်ဘာ ၈ ရက်မနေ့ညပိုင်းက ထုတ်ပြန်ခဲ့ပါတယ်။
Read More

ဖြူးမြို့နယ် ဝဲဒေါင့်ဝဲကြီးကျေးရွာ စစ်ကောင်စီကင်းစခန်းကို တော်လှန်ရေးတပ်များ စီးနင်းတိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်း သေ (ရုပ်/သံ)

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ဝဲဒေါင့်ဝဲကြီးကျေးရွာရှိ စစ်ကောင်စီကင်းစခန်းကို စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ ဖြူးမြို့နယ် ပကဖ က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ထားဝယ်နှင့် လောင်းလုံးမှာ စစ်ကောင်စီတပ်စခန်းများကို ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်၊ ၂ ယောက်ထက်မနည်း သေဆုံး (ရုပ်/သံ)

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်နဲ့ ထားဝယ်မြို့နယ်တို့က စစ်ကောင်စီစခန်းတွေကို ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့  လောင်းလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရုပ်သံနဲ့တကွ အသိပေးထုတ်ပြန်ပါတယ်။ 
Read More

စစ်အာဏာရှင်က ပြုလုပ်မယ့် ရွေးကောက်ပွဲအတုကို ဆန့်ကျင်ရေး လူထုဆန္ဒပြပွဲ ရေတာရှည်မြို့မှာပြုလုပ် (ရုပ်/သံ)

ပဲခူးတိုင်း ရေတာရှည်မြို့မှာ စစ်အာဏာရှင်က ပြုလုပ်မယ့် ရွေးကောက်ပွဲအတုကို ဆန့်ကျင်ရေး လူထုဆန္ဒပြပွဲ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဒီကနေ့ ဒီဇင်ဘာ ၆ ရက်မှာ ပြုလုပ်ခဲ့တဲ့ အဆိုပါဆန္ဒပြပွဲအတွင်း “နိုင်ငံရေးအကျည်းသားများ ပြန်လည်လွတ်မြောက်‌ရေး ဒို့အရေး၊ စစ်အာဏာရှင်လုပ်တဲ့ ရွေးကောက်ပွဲ အလိုမရှိ၊ ပါတီမစုံနဲ့ ရွေးကောက်ပွဲ အလိုမရှိ၊ လူထုမပါတဲ့ ရွေးကောက်ပွဲ အလိုမရှိ'' စတဲ့ ကြွေးကြော်သံတွေနဲ့ ချီဆက်ဆန္ဒပြခဲ့ကြပါတယ်လို့ သိရပါတယ်။