မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်မှာ လူငယ်တွေ စစ်မှုထမ်းအတွက် ဆက်တိုက်ဖမ်းဆီးခံနေရပြီး အမျိုးသမီးတွေလည်း ပါဝင်လာသလို လူပြန်ရွေးယူဖို့ ငွေကြေး သိန်းဆယ်နဲ့ချီ ပေးနေရကြောင်း Voice Of Wundwin တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဝမ်းတွင်းမြို့နယ်အတွင်း မတ်လ ပထမအပတ်လောက်ကစလို့ လူငယ်တွေဆက်တိုက် ဖမ်းဆီးခံနေရပြီး အာဏာပိုင်တွေက  ငွေကြေးအဆမတန် တောင်းခံကာ တိတ်တဆိတ် ခံဝန်လက်မှတ်ထိုး ရွေးယူနေကြသူတွေလည်း ရှိတယ်လို့ သိရပါတယ်။

၅ရက် တစ်ကြိမ်လုပ်တဲ့ ဝမ်းတွင်းမြို့ သဲတောစျေးအပါအဝင် နဘဲကန်၊ မန်ကျီးအုပ်၊ မြောက်သဂျမ်းကုန်း၊ ဉာဏ်ကန်၊ ဘုရားစု စတဲ့ ကျေးရွာတွေက လူငယ်ပေါင်း ရာနဲ့ချီကို စစ်ကောင်စီနဲ့ လက်ဝေခံတွေက နည်းလမ်းအမျိုးမျိုးသုံး ဖမ်းဆီးရင်း စစ်မှုထမ်းအတွက် စုဆောင်းခဲ့တာလို့ Voice Of Wundwin တာဝန်ရှိသူက ပြောပါတယ်။

“တမြန်နေ့ (မတ် ၉) က ဝမ်းတွင်း သဲတောစျေးမှာ ၅ရက်စျေးနေ့ရှိတယ်။ အဲ့နေ့က အကြီးအကျယ်ဆွဲတာပါ။ အယောက် ၅၀ လောက် ပါသွားတယ်။ စျေးနေ့​ဆိုတော့ သိတဲ့အတိုင်း တစ်မြို့နယ်လုံးက လှည်းတွေ၊ ကားတွေ၊ ထော်လာဂျီတွေနဲ့ လာဝယ်ကြတာ လေ။ အဲ့ဒီနေ့က မြို့အဝင်အထွက်နေရာတိုင်းမှာ ဂိတ်ချပြီး ဖမ်းသွားတာပဲ။” လို့ Voice Of Wundwin တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

သူကပဲ ဆက်လက်ပြီး “နဘဲကန်ရွာမှာလည်း ရွာအဝင် လက်ဖက်ရည်ဆိုင်ကို ဝင်ဆွဲတာ အကုန်ပါသွားတယ်။ လူရွယ်လူငယ် ၁၅ယောက်လောက် ရှိမယ်။ နောက် မကျီးအုပ်ရွာမှာလည်း ကင်းတားမြောင်းထဲ ရေဆင်းချိုးနေတာတွေ ဆွဲသွားတယ်။ လမ်းပေါ်တွေ့တဲ့လူတွေလည်း မကျန်ဘူး။ မြောက်သဂျမ်းကုန်းမှာဆို အိမ်ပေါ်ထိ စာရင်းပါတယ်ဆိုပြီး တက်ခေါ်တာပါ။” လို့ ဆိုပါတယ်။

ဝမ်းတွင်းမြို့နယ်အတွင်း စစ်မှုထမ်းစတင်ခေါ်ဆောင်ချိန်ကတည်းက လူငယ်တွေဖမ်းဆီးခံနေရတာဖြစ်ပြီး ငွေကြေး ပေးနိုင်သူတွေပါ အချိန်မရွေးစစ်မှုထမ်းဖို့ ခံဝန်ထိုးထားရကြောင်း သိရပါတယ်။

အခုလိုမျိုး စစ်အုပ်စုရဲ့ ဖမ်းဆီးမှုတွေ ဆိုးဝါးလာတာကြောင့် အရပ်သားလူငယ်၊ လူရွယ်တွေလည်းမြို့ကိုစွန့်ခွာ ထွက်ပြေးနေရကြောင်း သိရပါတယ်။

စစ်အုပ်စုအနေနဲ့ ဝမ်းတွင်းမြို့နယ်အတွင်းက ဖမ်းဆီးရမိတဲ့ လူငယ်တွေကို လိုသလောက် ငွေကြေးတောင်းခံလို့မရရင် မိတ္ထီလာနဲ့ ရှမ်းပြည်နယ်တို့က စစ်တပ်လေ့ကျင့်ရေးကျောင်းတွေဆီ အတင်းအ​ဓမ္မ ပို့ဆောင်စစ်မှုထမ်းစေတယ်လို့လည်း Voice Of Wundwin တာဝန်ရှိသူကပြောပြပါတယ်။

နိုင်ငံတဝှမ်း စစ်ရှုံးနိမ့်နေတဲ့ စစ်ကောင်စီက  စစ်အင်အားလျော့နည်းလာမှုကို ပြန်လည်ဖြည့်တင်းနိုင်ဖို့အတွက် လူငယ်၊ လူရွယ်၊ လူကြီး၊  အမျိုးသား၊ အမျိုးသမီး မချန်၊ စစ်တပ်ထဲ အတင်းအဓမ္မ ဆွဲသွင်းနေတာဖြစ်ပြီး လူငယ်တွေကို ပြည်ပထွက်ခွင့်ပိတ်တာမျိိုးအပြင် နေရပ်ကနေ ထွက်ပြေးတိမ်းရှောင်သူတွေကိုလည်း တရားစွဲ အရေးယူတာတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

အခုလိုမျိုးစစ်ကောင်စီရဲ့ ဆိုးရွားတင်းကြပ်လှတဲ့ မတရားဥပဒေတွေအောက် လူငယ်တွေ ခေါင်းငုံ့ခံမနေဘဲ အလျင်အမြနိ ထွက်ပြေးကြဖို့နဲ့ တော်လှန်ရေးတပ်တွေရှိရာ ခိုလှုံရင်း စစ်ကောင်စီကို ပြန်လည်တိုက်ထုတ်သွားကြဖို့လည်း တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားပါတယ်။

0 Shares:
You May Also Like
Read More

အကြမ်းဖက်စစ်တပ် ခလရ (၂၃၅) မှ အဓမ္မစစ်မှုထမ်း တပ်သား ၅ ဦး နွားထိုးကြီး PDF ဆီ လက်နက်နှင့်တကွ အလင်းဝင်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ် အခြေစိုက် အကြမ်းဖက်တပ်မ (၁၀၁) လက်အောက်ခံ တပ်ရင်းဖြစ်တဲ့ မြိုင်မြို့နယ်က အကြမ်းဖက် ခလရ (၂၃၅) တပ်ရင်းမှာ အဓမ္မစစ်သားစုဆောင်းခံထားရတဲ့ တပ်သား ၅ ယောက် လက်နက်တွေနဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ မြင်းခြံခရိုင် အမှတ် (၄-၁၀) တပ်ရင်း - Natogyi People Defence Force က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

စစ်တပ်က ဖမ်းဆီးထားတဲ့ ပြည်သူတစ်ယောက် သေနတ် ၂ လက် ခိုးယူထွက်ပြေးလွတ်မြောက်ခဲ့ရာက သိန်း ၁၀၀ ချီးမြှင့်ငွေ ရရှိခဲ့

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ ဖမ်းဆီးခြင်းခံခဲ့ရတဲ့ ပြည်သူတစ်ယောက်ဟာ စစ်သားတွေရဲ့ သေနတ် ၂ လက်နဲ့ ခဲယမ်းတွေကို ခိုးယူကာ ထွက်ပြေးလွတ်မြောက်လာတယ်လို့ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - CHU PDF က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

လောင်းလုံမြို့က စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု

လုံခြုံရေးတွေ တင်းကြပ်ထားတဲ့ ကြားထဲကနေ ထားဝယ်ခရိုင် လောင်းလုံဒေသမှာ စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုတစ်ရပ်ကို ပြုလုပ်ခဲ့ပါတယ်။ ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC)မှ ဦးဆောင်ပြီး နိုဝင်ဘာလ(၁)ရက်နေ့ မနေ့ကနေ့လည်က စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုပြုလုပ်ခဲ့တာပါ။
Read More

နောင်ချိုမှာ စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၁ ဦး ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းကို အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။
Read More

DPLA လှုပ်ရှားနယ်မြေများမှာ ဒေသခံပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် စစ်လက်ကျန်ပစ္စည်းများနှင့် ပတ်သက်သည့် အသိပညာပေးမှုများ ပြုလုပ်ခဲ့…

ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLF)/ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) ရဲ့ လှုပ်ရှားနယ်မြေတွေမှာ ဒေသခံပြည်သူတွေ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် စစ်လက်ကျန်ပစ္စည်းတွေနဲ့ ပတ်သက်တဲ့ အသိပညာပေးတာတွေ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာတွင် စစ်တပ်ဗုံးသီး နေအိမ်ပေါ်ကျကာ သားအဖ ၂ ယောက် သေဆုံး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာကို စစ်ကော်မရှင်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တာကြောင့် သားအဖ နှစ်ယောက် သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။