တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့ပေါ်ရှိ စစ်ကောင်စီတပ်တွေရှိရာ တပ်စခန်း ၃ နေရာကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ယောက်ထက်မနည်း သေဆုံးပြီး အများအပြား ဒဏ်ရာရသွားတယ်လို့ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(LLPDF) က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။ 

မတ် ၈ ရက် မနက်ပိုင်းကနေ မွန်းတည့်အချိန်အထိ ၆ နာရီအတွင်း တော်လှန်ရေးပူးပေါင်းတပ်တွေဟာ မြို့နယ် ရဲစခန်း၊ မြို့နယ်ထွေအုပ်ရုံးနဲ့ မြို့နယ်စရဖရုံးတို့ကို တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုအတွက်း အကြမ်းဖက်စစ်ကောင်စီတပ်က ၁၀ ယောက် ထက်မနည်း သေဆုံးကာ အများအပြားဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။ 

တိုက်ပွဲအတွင်း အနောက်ဖက်ပင်လယ်ပြင်ရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ ရေတပ်စစ်သင်္ဘော တစ်စီးက လက်နက်ကြီးနဲ့ ပစ်ကူပေးခဲ့သလို ထား၀ယ်မြို့ပေါ် ကာစတန်ဆိပ်ကမ်းကလည်း လက်နက်ကြီးတွေနဲ့ ပစ်ကူပေးခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို ထား၀ယ်ခရိုင်တပ်ပေါင်းစုနဲ့ နွေဦးပြောက်ကျားတပ်ဖွဲ့၊ ကျောင်းသားဝောာ်လှန်ရေးတပ်ဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်ခဲ့တာဖြစ်ပြီး တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိပါတယ်။

0 Shares:
You May Also Like
Read More

စစ်တပ်ထောက်ခံသူ အဆိုတော် ယုန်လေး နေအိမ်အနီး ဗုံးပေါက်ကွဲမှု ဖြစ်ပွား

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်က အကြမ်းဖက်စစ်ကောင်စီ ထောက်ခံတဲ့ အဆိုတော် ယုန်လေး နေအိမ်အနီး ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်နဲ့ ဒေသခံတွေဆီက သိရပါတယ်။
Read More

မြင်းခြံတွင် စစ်အုပ်စုယာဥ်တန်းအား တော်လှန်ရေးတပ်များ ပြောက်ကျားတိုက်ခိုက်၊ အကြမ်းဖက်စစ်သား ၁၀ ဦး သေပြီး သေနတ် ၄ လက် ရရှိ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်မှာ ပျူစောထီးစခန်းကနေ ထွက်ခွာလာတဲ့ အကြမ်းဖက်စစ်အုပ်စုယာဥ်တန်းကို တိုက်ခိုက်ရာ စစ်ကော်မရှင်တပ်သား ၁၀ယောက်သေဆုံးပြီး သေနတ် ၄ လက်နဲ့ ကျည်ဆံတချို့သိမ်းဆည်းရရှိခဲ့တယ်လို့ Natogyi People Defence Force (မြင်းခြံခရိုင် အမှတ် (၄-၁၀) တပ်ရင်း က ထုတ်ပြန်ထားပါတယ်။
Read More

မြိုင်စက်မှု (၂) နားရှိ တောတိုက်တွေထဲကနေ ခိုးယူဖို့ထွက်လာတဲ့ စစ်ကော်မရှင်တပ်သား ၂ ဦး ပစ်ခတ်ခံရလို့ ၁ ဦး သေဆုံး ၊ ၁ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ မြိုင် စက်မှု (၂) နားက တောတိုက်တွေထဲကနေ ဒေသခံတွေရဲ့ ပစ္စည်းတွေကို ခိုးယူဖို့ထွက်လာတဲ့ စစ်သား ၂ ယောက်ကို တော်လှန်ရေးတပ်ဖွဲ့တွေက ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အညာမြေပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းကို စစ်တပ် လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်၊ စာသင်ဆောင်နဲ့ အဆောက်အဦးတွေ ပျက်စီး

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

စဥ့်ကူးတွင် စစ်ဘေးရှောင်များရှိနေသည့် ကျေးရွာစာသင်ကျောင်း လေယာဥ်ဖြင့်ဗုံးကြဲခံရပြီး ၄ဦးသေ၊ အများအပြားထိခိုက်ဒဏ်ရာရ

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က စစ်ဘေးရှောင်တွေရှိတဲ့ ကျေးရွာ၂ရွာကို လေကြောင်း တိုက်ခိုက်မှုတွေ ရမ်းကားလုပ်ဆောင်ခဲ့ရာ အမျိုးသမီးတွေအပါအဝင် ၄ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူအများအပြားရှိခဲ့ကြောင်း ပြင်ဦးလွင်ခရိုင်ပကဖ သတင်းတာဝန်ရှိသူ၁ယောက်ကမောင်းကိုပြောပါတယ်။ နိုဝင်ဘာလ ၇ရက်၊ မနေ့က နေ့လည်၁၂နာရီခွဲအချိန်ကစလို့ စစ်အုပ်စုရဲ့ မိတ္ထီလာလေဆိပ်တက် ဂျက်ဖိုက်တာ၁စီးက စဥ့်ကူးမြို့နယ်၊ ရွှေပြည်ကျေးရွာစာသင်ကျောင်းကို လေကြောင်းတိုက်ခိုက်မှု၂ကြိမ်လုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။
Read More

၅ ရက်အတွင်း ရွှေကုက္ကိုလ်ကျားဖြန့်မှ နိုင်ငံခြားသား ၁၇၀၀ ကျော် ဖမ်းမိကြောင်း ကျားဖြန့် ကြံရာပါအဖြစ် ဝေဖန်ခံနေရသည့် စစ်တပ် ကြေညာ 

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်နယ်မြေရှိ အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ငန်းတွေကို အကြမ်းဖက်စစ်တပ်နဲ့ လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် BGF တို့ ပူးပေါင်းရှင်းလင်းခဲ့ရာမှာ ၅ ရက်အတွင်း နိုင်ငံခြားသား ၁၇၄၆ ယောက်ကို ဖမ်းဆီးရမိခဲ့ပြီး အာဖရိကတိုက်ရှိ မထင်မရှားနိုင်ငံငယ်က လူတွေလည်း ပါဝင်တယ်လို့ စစ်ကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။