တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ပေါ်မှာ အကြမ်းဖက်စစ်တပ် တပ်စွဲထားတဲ့ ရဲစခန်း၊ မြို့နယ်ထွေအုပ်ရုံးနဲ့ မြို့နယ်စရဖရုံးတွေကို မတ်လ ၈ ရက် မနက်ပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပကဖထံက သိရပါတယ်။

တိုက်ပွဲ ၆ နာရီကြာဖြစ်ပွားခဲ့ပြီး  အကြမ်းဖက်စစ်သား ၁၀ ယောက်သေကာ အများအပြား ထိခိုက်ဒဏ်ရာရရှိသွားခဲ့ပါတယ်။ ဒါ့အပြင် အနောက်ဘက်ပင်လယ်ပြင်ရှိ ရေတပ်စစ်သင်္ဘော ၁ စီးနဲ့ ထားဝယ်မြို့ပေါ် ကာစတန်ဆိပ်ကမ်းကနေ လက်နက်ကြီးတွေနဲ့ ပစ်ကူပေးခဲ့တယ်လို့လည်း သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ထား၀ယ်ခရိုင်တပ်ပေါင်းစု၊ နွေဦးပြောက်ကျားတပ်ဖွဲ့နဲ့ ကျောင်းသားဝေါာ်လှန်ရေးတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ရေတာရှည်မြို့နယ် ကြို့ပင်ရွာက အကြမ်းဖက်စစ်တပ်ဂိတ်ကို တိုက်ခိုက်မှု စစ်သား ၂ ယောက်သေပြီး သေနတ် ၁ လက်သိမ်းဆည်းရရှိ (ရုပ်/သံ)

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ အမြန်လမ်း ၁၆၄ မိုင် ၇ ဖာလုံက ကြို့ပင်ရွာမှာရှိတဲ့ အကြမ်းဖက်စစ်တပ်ဂိတ်ကို အောက်တိုဘာ ၂၇ ရက် မနက်ပိုင်းက တော်လှန်ရေးတပ်တွေ စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ ကကွယ်‌ရေးတပ်ဖွဲ့ ပကဖ (ရေတာရှည်)ထံက သိရပါတယ်။
Read More

ညောင်ခြေထောက်ဆေးရုံအတွင်း ‌တောင်ကျရေ စီးဝင်လာသည့်အတွက် လူနာများ အရေးပေါ် ရွှေ့ပြောင်းခဲ့ရ (ရုပ်/သံ)

ပဲခူးတိုင်း အုတ်တွင်းမြို့နယ် ညောင်ခြေထောက်မြို့ ဆေးရုံအတွင်း တောင်ကျရေများ စီးဝင်လာတဲ့ အတွက် လူနာများအား အရေးပေါ်ရွေ့ပြောင်းပေးခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ ယနေ့စက်တင်ဘာ ၃၀ ရက် နံနက်အစောပိုင်းက ညောင်ခြေထောက်မြို့ ဆေးရုံဝန်းအတွင်း တောင် ကျရေများ စီးဝင်လာပြီး လူနာများ ပိတ်မိနေတဲ့အတွက် အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ပြီး ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ သိရပါတယ်။ ပိတ်မိနေတဲ့ လူနာများအား လူမှုကူညီအသင်း‌တွေက လှေများ၊ လူနာတင်ယာဉ်များဖြင့် ကူညီကယ် ဆယ်ခဲ့ကြပြီး အထိအခိုက်မရှိခဲ့ဘူးလို့ သိရပါတယ်။
Read More

အမှတ် ၁၀၀၃ နယ်ခြားစောင့်တပ်ကာကင်းစခန်းကို KIA တပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက် (ရုပ်/သံ)

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဆဒုံးနဲ့ ကန်ပိုက်တီလမ်း စင်ကြိုင်ကျေးရွာအနီးက အမှတ် ၁၀၀၃ နယ်ခြားစောင့်ကာကင်းစခန်းကို ဒီနေ့ စက်တင်ဘာ ၁၈ ရက်မှာ KIA တပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ပြီး နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။
Read More

ချောင်းဦးမြို့နယ် ကျီကုန်းရွာကို မီးရှို့ဖျက်ဆီးနေတဲ့ အကြမ်းဖက်စစ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် ကျီကုန်းရွာကို မီးရှို့ဖျက်ဆီးနေတဲ့ အကြမ်းဖက်စစ်သားတွေကို Rc plane ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Burmese Peacock Defense Force-BPDF မှ သတင်းထုတ်ပြန်ထားပါတယ်။ အဲဒီတိုက်ခိုက်မှုကို ဒီဇင်ဘာ ၈ ရက်နဲ့ ၉ ရက် ၂ ရက်ဆက် တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ စစ်ဆင်ရေးကို ဗမာ့ဒေါင်းဒရုန်းတပ်ဖွဲ့မြိုင်နယ်(ပကဖ)၊ မုံရွာခရိုင် အမှတ်(၄)တပ်ရင်းနဲ့ အညာဖိုက်တာ Local PDF မဟာမိတ် အဖွဲ့များက ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
Read More

လားရှိုးမြို့ကို ရေပေးဝေနိုင်ရေး ကြိုးစားဆောင်ရွက်နေတယ်လို့ MNDAA ထုတ်ပြန် (ရုပ်/သံ)

MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့မှာ အုပ်ချုပ်ရေးအာဏာပိုင်တွေက လားရှိုးဒေသခံတွေနဲ့တွေ့ဆုံခဲ့ပြီး လားရှိုးမြို့ကို ရေပေးဝေနိုင်ရေးအတွက် အဓိကလုပ်ဆောင်နေကြောင်း ခေါ်ယူရှင်းလင်းအသိပေးခဲ့တဲ့ ရုပ်သံမှတ်တမ်းကို လားရှိုးမြို့ပြန်လည်ထူထောင်ရေး က ထုတ်ပြန်လာပါတယ်။
Read More

နေပြည်တော် PDF နှင့် အကြမ်းဖက်စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်တောင်းမြစ်အနောက်ဘက်ကမ်းသို့ စစ်တပ် ပြန်လည်ဆုတ်ခွာ (ရုပ်/သံ)

နေပြည်တော် PDF နဲ့ အကြမ်းဖက်စစ်ကောင်စီတပ် ထိတွေ့တိုက်ပွဲအတွင်း ၆၀ မမ လက်နက်ကြီး ပစ်ကူပေးနေတဲ့ ရုပ်သံဖိုင်ကို တပ်ရင်း 805 - Nay Pyi Taw PDF က ထုတ်ပြန်လိုက်ပါတယ်။