ကိုးကန့်အမျိုးသားတို့ရဲ့ ပြီးမြောက်ခဲ့ပြီဖြစ်တဲ့ “အိမ်ပြန်ခရီး” အတွက် အထူးဝမ်းမြောက်ဂုဏ်ယူတယ်လို့  မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ရဲ့ (၃၆)နှစ်မြောက် “တပ်မတော်နေ့” အခမ်းအနားကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) (MDY-PDF) က သဝဏ်လွှာပေးပို့လိုက်ပါတယ်။

သဝဏ်လွှာအတွင်း ၁၀၂၇ စစ်ဆင်ရေးကြီးက မြန်မာပြည်သူလူထုတစ်ရပ်လုံးရဲ့ အန္တိမမျှော်ရည်ချက်ဖြစ်တဲ့ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးအတွက် များစွာအထောက်အကူပြု ပံ့ပိုးပေးနိုင်ခဲ့တာကြောင့် အထူး ဂုဏ်ယူဝမ်းမြောက်ရတယ်လို့ ဖော်ပြထားပါတယ်။

MNTJP/MNDAA ရဲ့ အဖွဲ့အစည်း ခေါင်းဆောင်ကြီးတွေနဲ့တကွ အဖွဲ့ဝင်တွေအားလုံး၊ အထူးဒေသ (၁) အုပ်ချုပ်ရေးကော်မတီနဲ့ အဖွဲ့ဝင်တွေအားလုံး၊ ကိုးကန့်ပြည်သူအားလုံးနဲ့ ကိုးကန့်ဒေသမှာ မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားပြည်သူအားလုံး ကိုယ်စိတ်နှစ်ပါး သာယာ ချမ်းမြေ့ ဘေးကင်း လုံခြုံပါစေလို့လည်း ဆိုပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) အနေနဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) အပါအဝင် မဟာမိတ်တော်လှန်ရေးအဖွဲ့ကြီးတွေနဲ့ ဟန်ချက်ညီ ပူးပေါင်းလက်တွဲ ဆောင်ရွက်နိုင်ခဲ့ခြင်းအတွက်လည်း ဂုဏ်ယူဝမ်းမြောက်တယ်လို့ ဖော်ပြထားပါတယ်။

မပြီးဆုံးသေးတဲ့ တော်လှန်ရေးခရီးကြမ်းရဲ့ ရှေ့အနာဂတ်မှာလည်း နောင်တော် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းကြီးဖြစ်တဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)နဲ့ အနီးကပ်ပူးပေါင်းလက်တွဲကာ ဘုံရန်သူဖြစ်တဲ့ စစ်အာဏာရှင် စနစ်ချုပ်ငြိမ်းရေး၊ ဘုံပန်းတိုင်ဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်နိုင်ရေးတို့အတွက် ဆက်လက် ချီတက်သွားမယ်လို့ ဆိုပါတယ်။

မန္တလေး PDF ဟာ ပြီးခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးတွေမှာ ညီနောင်မဟာမိတ်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး ရှမ်းမြောက်ကဒေသတချို့မှာ စစ်ကောင်စီရဲ့ တပ်စခန်းတွေကို ချေမှုန်းကာ မြို့သိမ်းတိုက်ပွဲတွေမှာ ပါဝင်ခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ့တစ်ခုပဲ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

အာဏာသိမ်းစမှ ယနေ့အထိ စစ်အုပ်စုကြောင့် ဒီမိုကရေစီအရေး လှုပ်ရှားသူနှင့် ပြည်သူစုစုပေါင်း ၇ ထောင်ကျော် သေဆုံးခဲ့ 

မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အုပ်စု အာဏာသိမ်းမှု အစကနေ ဒီနေ့အချိန်ထိ အကြမ်းဖက်စစ်အုပ်စုနဲ့ သူ့လက်ပါးစေတွေကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရတဲ့ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေနဲ့ ပြည်သူတွေ စုစုပေါင်း (၇၁၁၇) ယောက် ရှိခဲ့ပြီလို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စလင်းတွင် ပကဖ ရဲဘော်များကို လူ့အခွင့်အရေးကြေညာစာတမ်းနှင့် စစ်ဘက်ဆိုင်ရာကျင့်ဝတ် လက်ကမ်းစာအုပ်များ ဖြန့်ဝေ (ဓာတ်ပုံသတင်း)

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို လူ့အခွင့်အရေးကြေညာစာတမ်းနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ပြဌာန်းထားတဲ့ စစ်ဘက်ဆိုင်ရာကျင့်ဝတ် လက်ကမ်းစာအုပ်တွေ ဖြန့်ဝေခဲ့တယ်လို့ သိရပါတယ်။
Read More

မြိုင်၊ ပေါက်နဲ့ ပခုက္ကူတို့မှာ ထိတွေ့တိုက်ပွဲ ဖြစ်ပွါးခဲ့မှုတွေအကြောင်း မြိုင်ပကဖ ထုတ်ပြန်

မကွေးတိုင်း၊ ပခုက္ကူဒေသတွင်းက မြိုင်နဲ့ ပေါက်တို့မှာ ထိတွေ့မှု ကြီး၊ ငယ်ဖြစ်ပွားခဲ့တာတွေကို မြိုင်ပကဖက ဒီနေ့ ဒီဇင်ဘာ ၁၀ ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။
Read More

ခင်ဦးတွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်းပြုတ်ကာ အလောင်းအများအပြား ကျန်ရစ်၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မုံလှကျေးရွာမှာ ၄ရက်ကြာ အထိုင်ချ တပ်စွဲပြီးတဲ့နောက် ပျဥ်ထောင် ပျူစောထီးကျေးရွာကို စစ်ကြောင်းထွက်လာတဲ့ အကြမ်းဖက်စစ်တပ်ကို တော်လှန်ရေးအင်အားစုတွေက ကြားဖြတ်တိုက်ခိုက်ရာ စစ်အုပ်စု အများအပြားကျဆုံးကာ အထိနာခဲ့တယ်လို့ ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ရန်ကုန်တွင် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ ပြည့်မွေးနေ့ အထိမ်းအမှတ် “၈၀ချစ်တယ်” ဟူသော စာတန်း ချိတ်ဆွဲဆန္ဒထုတ်ဖော်

အကြမ်းဖက်စစ်ကောင်စီ လုံခြုံရေး အထူးတင်းကျပ်ထားတဲ့ ရန်ကုန်မြို့မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် "၈၀ချစ်တယ်" ဆိုတဲ့ စာတန်း ချိတ်ဆွဲကာ ဆန္ဒထုတ်ဖော်ခဲ့တယ်လို့ သိရပါတယ်။
Read More

NUG လက်အောက်ကနေ  တပ်ရင်းတပ်ဖွဲ့အချို့ နုတ်ထွက်နေရခြင်းမှာ လက်နက်အလုံလောက် တပ်ဆင်ပေးနိုင်ခြင်းမရှိလို့ဟု ကာကွယ်ရေးဝန်ကြီး ပြော 

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန နဲ့ ချိတ်ဆက်ထားတဲ့ တော်လှန်ရေးတပ်ဖွဲ့အချို့ နှုတ်ထွက်နေရခြင်းမှာ  လက်နက်အလုံအလောက်တပ်ဆင်နိုင်ပေးခြင်း မရှိမှုနဲ့  စစ်ရေးလိုအပ်ချက်အရ တပ်များနေရာပြောင်းရွှေ့ရမှုကြောင့် ဖြစ်တယ်လို့  NUG ရဲ့ ကာကွယ်ရေးဝန်ကြီး ဖြစ်သူ ဦးရည်မွန်က ပြောကြားလိုက်ပါတယ်။