ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (OWIC) ကို လာမယ့် မတ်လ ၂၀ ရက်ကစပြီး ထုတ်ပေးသွားမယ်လို့  စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနကနေ မတ်လ ၁၀ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန် ကြေညာလာပါတယ်။

ထုတ်ပြန်ချက်မှာ အလုပ်သမားဝန်ကြီးဌာနအနေနဲ့ ပြည်ပနိုင်ငံတွေကို အလုပ်လုပ်ဖို့ ထွက်ခွာမယ့်သူတွေစာရင်းကို စိစစ်တာတွေ၊ OWIC ကတ်ထုတ်ပေးတဲ့ စက်တွေမှာ တပ်ဆင်ထားတဲ့ Software ပြုပြင်တာတွေ၊ OWIC ကတ် ထုတ်ပေးရေး စင်တာတွေကို တစ်နေရာတည်း ပေါင်းစည်းတာတွေ၊ အလုပ်ရှင်/အလုပ်သမား စာချုပ်ချုပ်ဆိုတဲ့ နေရာတွေ တစ်စုတစ်စည်းတည်းဖြစ်အောင် ပြင်ဆင်နေတာတွေကို လုပ်ဆောင်နေတာကြောင့် OWIC ကတ် ထုတ်ပေးတဲ့ လုပ်ငန်းစဉ်ကို ခေတ္တဆိုင်းငံ့ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့ကြောင့် လာမယ့် မတ်လ ၂၀ ရက်နေ့က စတင်ပြီး ပြည်ပကို သွားရောက် အလုပ်လုပ်ကိုင်ဖို့အတွက် ခွင့်ပြုချက်ရရှိထားသူတွေ၊ ကိုယ့်အစီအစဉ်နဲ့ကိုယ် သွားရောက်လိုသူတွေကို စိစစ်ပြီး OWIC ကတ် ပြန်လည် ထုတ်ပေးမှာဖြစ်ကာ OWIC ကတ်ရှိမှသာ လေယာဉ်လက်မှတ်ဝယ်ယူတာကို ဆောင်ရွက်ကြဖို့လည်း အသိပေးထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် PJ နိုင်ငံကူးလက်မှတ်နဲ့ OWIC ကတ် လက်ဝယ်ရှိနေသူတွေ၊ ပြည်ပထွက်ခွာ အလုပ်လုပ်ကိုင်လိုသူတွေအနေနဲ့ အလုပ်သမားဝန်ကြီးဌာနကို ခွင့်ပြုချက်လျှောက်ထားရမှာဖြစ်ပြီး ခွင့်ပြုစာကို  သက်ဆိုင်ရာလေဆိပ်ဆီ ပေးပို့ထားမှာဖြစ်တယ်လို့ ဆိုထားပါတယ်။

စစ်ကောင်စီဟာ OWIC ကတ် ထုတ်ပေးနေတာကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ ရုတ်တရက် ရပ်ဆိုင်းခဲ့တာကြောင့် ပြည်ပကို သွားရောက် အလုပ်လုပ်ကိုင်ဖို့ ပြင်ဆင်နေတဲ့ အလုပ်သမားတွေ ထွက်ခွာမရ ဖြစ်ခဲ့ကြပါတယ်။

ဒါပေမယ့် OWIC ကတ် ရပ်ဆိုင်းထားတဲ့ကာလအတွင်း မတ်လ ၅ ရက်နေ့မှာ မြန်မာလုပ်သား ၂၄ ယောက်ကို စစ်ကောင်စီက ရုရှားနိုင်ငံဆီ စေလွှတ်ခဲ့မှုတော့ ရှိခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

လက်ပံတန်း ကျောက်တွင်းရွာလမ်းဆုံ စစ်တပ်ဂိတ် တိုက်ခိုက်ခံရပြီး စစ်ကော်မရှင်တပ်သား ၅ ဦး သေ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်မှာ စစ်ကော်မရှင်တပ်ရဲ့ ဂိတ်စခန်းတစ်ခုကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ပဲခူးရိုးမ PDF - ဗျူဟာ ၂၂ က ထုတ်ပြန်ထားပါတယ်။
Read More

မန္တလေးနန်းတွင်းထဲမှ လက်နက်ကြီး ရမ်းကားပစ်ခတ်မှုကြောင့် ထိခိုက်သူများကို စစ်အုပ်စု လျော်ကြေးပေးပြီး သတင်းဖုံးရန် ကြိုးပမ်း

မန္တလေးနန်တွင်း ထပရ-၁၂၁ တပ်ကနေ စစ်တပ် ရမ်းသမ်းပစ်ခတ်လိုက်တဲ့ လက်နက်ကြီးတွေထိမှန်ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သူတွေကို စစ်အုပ်စုက အိမ်တိုင်ရာရောက် လိုက်လံနှုတ်ပိတ်ပြီး အခြေအနေမှန်ကို သတင်းဖုံးဖို့ ကြိုးပမ်းခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက မောင်းကိုပြောပါတယ်။
Read More

အောင်ဇေယျစစ်ကြောင်းက အလင်းဝင်လာသူတွေ အဆိုပါစစ်ကြောင်းကို ချေမှုန်းနေတဲ့ တော်လှန်ရဲဘော်တွေအတွက် နောက်တန်းမှာ ချက်ပြုတ်ပေးနေ (ဓာတ်ပုံသတင်း)

စစ်ကောင်စီက ကရင်ပြည်နယ်ပြန်လည်စိုးမိုးရေးအတွက် နိုင်ငံတော်အဆင့်စစ်ဆင်ရေးအဖြစ် သတ်မှတ်ခဲ့တဲ့ အောင်ဇေယျစစ်ကြောင်းကနေ တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာသူတွေ ရှိခဲ့ပါတယ်။
Read More

နှစ်သစ်ကူး သင်္ကြန်ကာလအတွင်း စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူ ၉၁ ဦး သေဆုံးခဲ့

နိုင်ငံတကာမှာ မျက်နှာသာရစေရေး အကျဉ်းသားလွှတ်ပေးမှုကို ဟန်ပြသရုပ်ဖော်ခဲ့တဲ့ အကြမ်းဖက်စစ်ကောင်စီက မြန်မာနှစ်သစ်ကူး အတာသင်္ကြန်ကာလအတွင်း လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာကြောင့် အရပ်သားပြည်သူ ၉၁ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

တိုက်ပွဲရက်ဆက် ဖြစ်ပွါးခဲ့သည့် ရေစကြိုတွင် စစ်ကြောင်းဝင်လာစဥ် မပြေးနိုင်သည့်  သက်ကြီးပိုင်း အရပ်သားများကို စစ်ကောင်စီ မီးရှို့သတ်ခဲ့

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်မှာစစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်က ထွက်မပြေးနိုင်တဲ့ သက်ကြီးပိုင်းအရပ်သား ၅ ယောက်ကို ရက်ရက်စက်စက် မီးရှို့သတ်ဖြတ်ခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်သင်္ဘောများ စောင့်ကြိုတိုက်ခိုက်ခံရပြီး ၂ စီး ထိခိုက်ပျက်စီး

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်အုပ်စုသင်္ဘောတွေကို စောင့်ကြိုတိုက်ခိုက်ရာ သင်္ဘော ၂ စီး ထိခိုက်ပျက်စီးသွားတယ်လို့ Monywa inventor အဖွဲ့ တိုက်ခိုက်ရေးခေါင်းဆောင် ကိုမိုးသောက်က မောင်းကို ပြောပါတယ်။