NUG ထုတ်ပေးတဲ့ ဘွဲ့လက်မှတ်ကို နိုတြီပြန်ရာမှာ ပါဝင်ခဲ့တဲ့ ခုနစ်ဦးကို စစ်ကောင်စီ ဖမ်းဆီးအရေးယူထားတယ်လို့ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြလာပါတယ်။

 အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပေးတဲ့ ဘွဲ့လက်မှတ်နဲ့ အာရပ်စော်ဘွားများပြည်ထောင်စု (UAE) နိုင်ငံ ဒူဘိုင်းမြို့မှာ ပညာဆက်လက်သင်ယူဖို့ကြိုးစားခဲ့မှုမှာ ဆက်စပ် ပါဝင်ခဲ့သူ ခုနစ်ဦးကို ဖမ်းဆီးအရေးယူထားတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

NUG က ထုတ်ပေးတဲ့ဘွဲ့လက်မှတ်ကို မကေဇင်ထွန်းဆိုသူဟာ ရန်ကုန်မြို့မှာ မြန်မာကနေ အင်္ဂလိပ်ဘာသာကို နိုတြီပြန်ခဲ့ပြီး ဒူဘိုင်းမြို့မှာ ပညာဆက်လက်သင်ယူဖို့ လျှောက်ထားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

မကေဇင်ထွန်းဟာမန္တလေးဆေးတက္ကသိုလ်ကနေ ၂၀၂၀ ပြည့်နှစ်မှာ ဆေးပညာဘွဲ့လက်မှတ်ရရှိခဲ့သူဖြစ်ပါတယ်။ 

၂၀၂၄ ခုနှစ် နိုဝင်ဘာလမှာတော့ NUG ရဲ့ ဆေးတက္ကသိုလ် (မန္တလေး)က ထုတ်ပေးတဲ့ ဆေးပညာဘွဲ့လက်မှတ်ကို ရရှိခဲ့သူဖြစ်ပါတယ်။

နိုတြီပြန်ရာတွင် အသုံးပြုခဲ့သည့် မှတ်ပုံတင်စာအုပ်နှင့် တံဆိပ်တုံးများအား စစ်ကောင်စီက ၂ဝ၂၅ ခုနှစ် မတ်လ ၁ဝ ရက်နေ့က ထုတ်ပြန်ထားစဉ် (ဓာတ်ပုံ စကစ)

ဘွဲ့လက်မှတ်နဲ့ ပတ်သက်ပြီး ဒူဘိုင်းမြို့မှာရှိတဲ့ The Data flow Group Company က အတည်ပြုပေးဖို့ စစ်ကောင်စီထံ ဆက်သွယ်လာတာကြောင့် စိစစ်ရာမှာ NUG ကထုတ်ပေးထားတဲ့ လက်မှတ်ဖြစ်နေကြောင်း သိရှိရာကနေ ဖမ်းဆီးမှုတွေ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

NUG ထုတ်ပေးထားတဲ့ ဘွဲ့လက်မှတ်ကို နိုတြီပြန်ရာမှာ ပါဝင်ပတ်သက်ခဲ့တဲ့ မအိလဲ့လဲ့ထွန်း (Angel Online Notary Service)၊ ဦးဇာနည်လွင် (ခ) လပြည့် (လပြည့်ဝန်း နိုတြီဆိုင်ပိုင်ရှင်)၊ ရှေ့နေလှဝင်း (ရွှေပြည်အောင် နိုတြီဆိုင်ပိုင်ရှင်)နဲ့ မအေးသီတာ (အောင် နိုတြီဆိုင်ပိုင်ရှင်) တို့ လေးဦးကို အာဏာသိမ်းစစ်ကောင်စီကဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

NUG ရဲ့ ဖက်ဒရယ်ဆေးကောင်စီကတော့ နိုင်ငံတကာမှာ CDM ဆေးပညာရှင်တွေ  အလုပ်လုပ်နိုင်ဖို့ ပညာသင်ကြားနိုင်ဖို့ ဖက်ဒရယ်စမလိုင်စင် များ ထုတ်ပေးထားတယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းကထုတ်ပြန်ထားပါသေးတယ်။

0 Shares:
You May Also Like
Read More

KNDF တပ်ရင်းအမှတ်(၅) တပ်ဖွဲ့ဝင်တွေနဲ့ ဗဟိုကော်မတီဝင်တွေ တွေ့ဆုံ (ဓာတ်ပုံသတင်း)

ကရင်နီအမျိုးသားများကာကွယ်‌ရေးတပ်၊ တပ်ရင်းအမှတ် ၅ နဲ့ ဗဟိုကော်မတီ တွေ့ဆုံပွဲအခမ်းအနားကို မနေ့က နိုဝင်ဘာ ၁၆ ရက်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ပုံရိပ်တွေကို KNDF က ထုတ်ပြန်လာပါတယ်။
Read More

နတ်အိမ်တောင် နယ်စပ်စခန်းကို စစ်ကူလာတဲ့ စစ်ကောင်စီတပ်ကို KNLA ပူးပေါင်းတပ်များ တိုက်ခိုက်၊ စစ်ကောင်စီတပ် တပ်ခွဲမှူးတစ်ဦးအပါ ၄ ဦး သေဆုံး၊ လက်နက် ၂ လက် သိမ်းဆည်းရရှိ

မြိတ်-ထားဝယ်ခရိုင်၊ လေဒိုစိုးမြို့နယ် နတ်အိမ်တောင် နယ်စပ်စစ်စခန်းကို စစ်ကူလာတဲ့ စစ်အုပ်စု နဲ့ KNLA (ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော်) ပူးပေါင်းတပ်တို့ ၂ ရက်တိုင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ KNU မြိတ် - ထားဝယ်ခရိုင်အတွင်းရေးမှူးဆီက သိရပါတယ်။
Read More

အင်အားပြင်းစစ်ကိုင်း ငလျင်လှုပ်ခတ်အပြီး မြေပြင်ပုံစံပြောင်းလဲသွားမှုကို နာဆာက ထုတ်ပြန်

အင်အားပြင်း စစ်ကိုင်းငလျင်လှုပ်ခတ်ပြီးနောက် မြေပြင်ပြောင်းလဲသွားမှုတွေကို ဂြိုလ်တုက ရရှိတဲ့ အချက်အလက်တွေပေါ်မူတည်ပြီးအမျိုးသား အာကာသနှင့် လေကြောင်း ဦးစီးဌာန NASA က အသိပေးထုတ်ပြန်လိုက်ပါတယ်။
Read More

မြိုင်မှာ စစ်ကောင်စီတပ်ကို တစ်ရက်အတွင်း နှစ်ကြိမ်တိုက်ခိုက်၊ ၄ ယောက်သေပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိ

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်ကောင်စီတပ်ကို တစ်ရက်အတွင်း နှစ်ကြိမ်တိုက်ခိုက်ရာ ၄ ယောက်သေပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မြိုင် ပကဖ) က သတင်းထုတ်ပြန်ပါတယ်။
Read More

ကလေးမှာ စစ်ကောင်စီတပ်တွေကို ရက်ဆက် မိုင်းခွဲဖို့ ကြိုးစားပေမယ့် ဘတ္ထရီလိုအပ်ချက်ကြောင့် မိုင်းမကွဲမှုတွေ ရှိနေ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ စစ်ကောင်စီအတွက် အလုပ်လုပ်ကာ ဂိတ်ထောင်ဆက်ကြေးကောက်ပေးနေသူကို ပစ်ခတ်ရှင်းလင်းခဲ့ပြီး စစ်ကောင်စီတပ်တွေကို ရက်ဆက် မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း ကလေးခရိုင် မိုင်းတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

မင်းလှတွင် အကြမ်းဖက်စစ်ကြောင်းက စိတ်ဝေဒနာရှင် ၁ ဦးကို လက်ပြန်ကြိုးတုပ် ရိုက်သတ်ကာ စွန့်ပစ်ထားခဲ့

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်မှာ စစ်ကြောင်းဝင် အကြမ်းဖက်စစ်အုပ်စုက စိတ်ကျန်းမာရေးချို့တဲ့သူ ၁ယောက်ကို လက်ပြန်ကြိုးတုပ် သတ်ဖြတ်ကာ ဗုံးခိုကျင်းထဲ စွန့်ပစ်ထားခဲ့ကြောင်း မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။