မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ ဝက်လူးရဲစခန်းက ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၅) ယောက် သေဆုံးပြီး ဗိုလ်မှူး ဝင်းလှိုင်ဦးနဲ့ ဗိုလ်ကြီး အောင်ကိုကို အပါအဝင် (၁၄) ယောက် ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသက ဒီနေ့ ထုတ်ပြန်ပါတယ်။

ဝက်လူးရဲစခန်းက ထွက်လာတဲ့ စစ်ကောင်စီရဲ့ တပ်မ-၁၀၁ လက်အောက်ခံ စစ်ကောင်စီအင်အား (၂၀၀) ခန့်ပါ စစ်ကြောင်းကို မြင်းခြံခရိုင် တပ်ရင်း (၄၊ ၁၀)၊ နွားထိုးကြီးမြို့နယ် ပကဖ နဲ့ မဟာမိတ် ပူးပေါင်းအဖွဲ့တို့က ကျတွင်းဘိုးရွာ အနောက်တောင်ဘက်မှာ မတ်လ (၉) ရက်မှာ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၅) ယောက် သေဆုံးပြီး ဗိုလ်မှူး ဝင်းလှိုင်ဦးနဲ့ ဗိုလ်ကြီး အောင်ကိုကို အပါအဝင် (၁၄) ယောက် ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဆီက လက်နက်မျိုးစုံ (၄၄) လက် (MA-1 (၁၉) လက်၊ MA-2 (၂) လက်၊ MA-3 (၇) လက်၊ MA-5 (၂) လက်၊ MA-11 (၇) လက်၊ MA-12 (၁) လက်၊ G-3 (၂) လက်၊ G-4 (၁) လက်၊ ၆၀ မမ ပြောင်းတို (၂) လက်၊ ၈၁ မမ စိန်ပြောင်း (၁) လက်)၊ 5.56 ကျည် (၁၂၀၀၀) တောင့်၊ 7.62 ကျည် (၁၀၄၅) တောင့်၊ ၉ မမ ကျည် (၁၉) တောင့်၊ ၆၀ မမ ကျည် (၂၈) လုံး၊ ၈၁ မမ ကျည် (၇) လုံး၊ RPG ကျည်အဖူး (၇) လုံး၊ RPG ပို့ကျည် (၈) တောင့်၊ အီနာဂါ (၂၁) လုံး၊ နင်းမိုင်း (၅) လုံး၊ လက်ပစ်ဗုံး (၁၁) လုံး၊ Laptop (၂) လုံး၊ ဆက်သွယ်ရေးစက် (၂) လုံး သိမ်းဆည်းရမိခဲ့တယ်လို့ အမှတ် ၁ စစ်ဒေသရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ မိတ္ထီလာနဲ့ တံတားဦးက တက်လာတဲ့ ဂျက်တိုက်လေယာဉ်နဲ့ လေကြောင်းပစ်ကူ (၂) ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး နွားထိုးကြီးမြို့နယ် ပကဖ ရဲဘော် (၂) ယောက် ကျဆုံးခဲ့တယ်လို့ အမှတ် (၁) စစ်ဒေသက ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ဂန့်ဂေါခရိုင်အတွင်း စစ်အုပ်စုက လေးရက်ဆက်တိုက်ဗုံးကြဲ တိုက်ခိုက်နေပြီး ထိခိုက်ပျက်စီးမှုများ ရှိနေ

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်မှာ အကြမ်းဖက်စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုတွေ တရစပ်လု​ပ်​ဆောင်နေတဲ့အတွက် ဆိုးဆိုးရွားရွား ထိခိုက်မှုမရှိအောင် အရပ်သားတွေအနေနဲ့ ဗုံးခိုကျင်းတွေတူးပြီး၊ သတိပြုနေထိုင်ကြဖို့ လိုအပ်တယ်လို့ ယောအလင်းတန်းအဖွဲ့ဝင် ကိုရောင်နီက မောင်းကို ပြောပါတယ်။
Read More

မတ္တရာမြို့နယ် အရှေ့ခြမ်းတွင် ထိတွေ့တိုက်ပွဲများ ရှိနေပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အဆက်မပြတ် ပြုလုပ်နေ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အရှေ့ခြမ်းမှာ အကြမ်းဖက်စစ်ကောင်စီက စစ်ကြောင်း ၃ ခု ခွဲဝင်ရောက်ရင်း လေကြောင်းတိုက်ခိုက်မှုတွေ တရစပ် လုပ်ဆောင်ခဲ့တယ်လို့ Voice Of Mandalay ရဲ့ တာဝန်ရှိသူ ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

အကြမ်းဖက်စစ်တပ်က ပခုက္ကူမြို့နယ်ထဲက ဇောက်ဂျမ်းကုန်းကျေးရွာကို ရွာလုံးကျွတ်နီးပါး စစ်ကြောင်းထိုးမီးရှို့

အကြမ်းဖက်စစ်အုပ်စုစစ်‌ကြောင်းဟာ ပခုက္ကူမြို့နယ်၊ ဖေါင်းကွဲအုပ်စု ၊ ဇောင်ဂျမ်းကုန်းရွာကို ရွာလုံးကျွတ်နီးပါး မီးရှို့ ဖျက်စီးခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံမှ သိရပါတယ်။ အဆိုပါစစ်တပ်နဲ့ ပျူစောထီးပူးပေါင်းစစ်ကြောင်းဟာ မနေ့ ဒီဇင်ဘာလ ၁၉ ရက်နေ့မှာ အဆိုပါ ဇောင်ဂျမ်းကုန်းကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်လာပြီးနောက် အခုလို မီးရှို့မှုတွေကို လုပ်ဆောင်ခဲ့တာလို့ သိရတာပါ။ ဒါ့အပြင် ဇော်ဂျမ်းကုန်းကျေးရွာရှိ ပြည်သူပိုင် စားနပ်ရိက္ခာတွေကိုလည်း အဆိုပါစစ်ကြောင်းက သယ်ဆောင်သွားတယ်လို့ သိရပါတယ်။
Read More

နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့သူ စုစုပေါင်း ၅၆၇၅ ယောက်အထိ ရှိနေပြီဖြစ်တယ်လို့ AAPP ထုတ်ပြန်

အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီးတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၀ ရက်အထိ အကြမ်းဖက်စစ်တပ်ကြောင့် ကျဆုံး ခဲ့သူ ၅၆၇၅ ယောက်အထိ ရှိပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) က ထုတ်ပြန်ထားပါတယ်။
Read More

ယင်းမာပင်မြို့နယ် ပကဖ လက်ရုံးတပ်၏ ဖွဲ့စည်းတည်ထောင်ခြင်း (၃) နှစ်ပြည့် အခမ်းအနား (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ယင်းမာပင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) လက်ရုံးတပ် Union Liberation Front - ULF စစ်ကြောင်း ဖွဲ့စည်းတည်ထောင်ခြင်း (၃) နှစ်ပြည့် အထိမ်းအမှတ် မှတ်တမ်းဓာတ်ပုံတွေကို အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ထားပါတယ်။
Read More

ညောင်ဦး၊ ပုဂံမြို့သစ်မှာ အုပ်ချုပ်ရေးမှူး ရှင်းလင်းခံရပြီး ရက်ပိုင်းပဲခြားကာ စစ်တပ်ကား မိုင်းဆွဲတိုက်ခိုက်ခံရ၊ ပိတ်ရက်တွေအတွင်း ပြည်သူတွေ ခရီးသွားလာ သတိပြုကြဖို့ လိုအပ်

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ပုဂံမြို့သစ်မှာ ရက်ပိုင်းပဲခြားပြီး အုပ်ချုပ်ရေးမှူး တစ်ယောက်နဲ့ စစ်တပ်ကား ၁ စီး မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း သိရပါတယ်။