ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်မှာ ရှမ်းဘုန်းကြီးကျောင်း ကျောင်းထိုင်ဆရာတော် ဦးဇင်းပိန် (ခေါ်) ဦးဓမ္မသာရနဲ့ ကပ္ပိယ စိုင်းဘီး (ခေါ်) အိုက်ပီးတို့ အသတ်ခံရမှုအတွက် ရှမ်းအရပ်ဘက်အဖွဲ့အစည်းတွေက အမှုမှန်ပေါ်ပေါက်ဖို့၊ တရားမျှတမှု ရရှိဖို့ လိုလားနေကြပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၄ရက်နေ့မှာ ဆရာတော် ဦးဇင်းပိန်နဲ့ ကပ္ပိယ အိုက်ပီးတို့ကို တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ ပျားစစ်ကြောင်း ရဲဘော်က သေနတ်နဲ့ ပစ်သတ်ခဲ့ပါတယ်။

အဆိုပါ ဆရာတော်နဲ့ ကပ္ပိယကို သတ်ဖြတ်မှုနဲ့ ပတ်သက်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ရဲ့ ထုတ်ပြန်ချက်ထဲမှာ “တရားမဝင်အာဏာသိမ်းစစ်တပ် သတင်းပေး (ဒလန်) ဟု ယူဆရသူများနှင့် လက်နက်ချ ဖမ်းဆီးရမိသော စစ်သုံ့ပန်းများကို ဥပဒေကြောင်းအရ တရားစီရင်မှုမပြုဘဲ လက်လွတ်စပယ် သတ်ဖြတ်ခြင်းသည် နိုင်ငံတကာ ဥပဒေပြဋ္ဌာန်းချက်များနှင့် သွေဖီသည့်လုပ်ရပ် ဖြစ်သည်” လို့ ဖော်ပြခဲ့ပါတယ်။

အထက်ပါ စာသားဟာ ဆရာတော်နဲ့ ကပ္ပိယကို ဒလန်အဖြစ် စွပ်စွဲနေခြင်း ဖြစ်တာကြောင့် ရှမ်းအဖွဲ့အစည်းတွေအနေနဲ့ ငြင်းဆို ရှုတ်ချကြောင်း တုန့်ပြန်ခဲ့ကြပါတယ်။

ကျောင်းထိုင်ဆရာတော် ဦးဇင်းပိန်နဲ့ ကပ္ပိယ အိုက်ပီး

ဒါ့အပြင် ဆရာတော်နဲ့ ကပ္ပိယဟာ ဒလန်ဖြစ်တယ်ဆိုပြီး ပျားစစ်ကြောင်း ရဲဘော်က စိတ်မထိန်းနိုင်ဘဲ ပစ်သတ်မိတယ်လို့ ဝန်ခံထားကြောင်း ဖယ်ခုံမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ PK Police ကလည်း ထုတ်ပြန်ခဲ့ပါတယ်။

အထက်ပါ ထုတ်ပြန်ချက်တွေနဲ့ ပတ်သက်ပြီး သျှမ်းကျောင်းသားများသမဂ္ဂ တာဝန်ရှိသူတစ်ယောက်ကတော့ “သေပြီးတော့ ပြန်လာမရှင်းနိုင်တဲ့ သူကို ဂုဏ်သိက္ခာချတယ်လို့ မြင်ပါတယ်” မောင်းကို ပြောပါတယ်။

PK Police ရဲ့ ထုတ်ပြန်ချက်ထဲမှာ အဆိုပါ ကျောင်းထိုင်ဆရာတော်ဟာ စစ်ကောင်စီကို သတင်းပေးပို့နေသူ (ဒလန်) ဖြစ်ပြီး သူ့ရဲ့ ဖုန်းကို စစ်ဆေးရာမှာ စစ်ကောင်စီထောက်တိုင်ဆိုသူတွေနဲ့ ဆက်သွယ်ပြောဆိုထားမှုတွေကို တွေ့ရကြောင်း၊ စစ်ဘေးရှောင်တွေကို ဖယ်ခုံမြို့ထဲသို့ ပြန်နေရန် စည်းရုံးနေသူဖြစ်ကြောင်း၊ စစ်ဆေးစဉ်အတွင်းမှာလည်း ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့တာကြောင့် ပျားစစ်ကြောင်းရဲဘော်က စိတ်မထိန်းနိုင်ဘဲ ပစ်ခတ်မှု ဖြစ်ပွားခဲ့တာ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

“ကျနော်တို့က မြေပြင်မှာ ဖြစ်နေတာကို ချပြပေးတာပဲ ရှိတယ်ဗျ။ တစ်ဖွဲ့နဲ့ တစ်ဖွဲ့က တော်လှန်ရေးကြားထဲမှာသော်လည်းကောင်း၊ လူထုကြားထဲမှာသော်လည်းကောင်း ယုန်ထင်ကြောင်ထင်နဲ့ မသိရှိရတဲ့ အပေါ်မှာ သူတို့ တင်ပြပေးလာတာကို ကျနော်တို့က ချပြပေးတာပါ။ ဒါကလည်း ကျနော်တို့ သတင်းဖုံးချင်တာမျိုး မဟုတ်ဘူးပေါ့နော်” လို့ PK-Police အဖွဲ့ တာဝန်ရှိသူတစ်ယောက်က မောင်းကို ပြောပါတယ်။

ဒါ့အပြင် ပစ်သတ်ခဲ့မိကြောင်း ဝန်ခံခဲ့တဲ့ ရဲဘော်ကို တပ်ရဲ့ စည်းမျဉ်းအတိုင်း တပ်ခုံရုံးဖွဲ့ပြီး အပြစ်ပေး အရေးယူမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပျားစစ်ကြောင်း ရဲဘော်များ

ရှမ်းအရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ဒေသခံတွေကတော့ အဆိုပါ ဆရာတော်ဟာ ဒလန် မဟုတ်ဘဲ စစ်ဘေးရှောင်အရေး ကူညီနေသူဖြစ်တယ်လို့ ပြောဆိုမှုတွေ ရှိနေပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပျားစစ်ကြောင်းကို မောင်းအနေနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ရှိအချိန်ထိ ပြန်လည်ဖြေကြားခြင်း မရှိသေးပါဘူး။

သေဆုံးသွားတဲ့ ဆရာတော် ဦးဇင်းပိန်ဟာ ဖယ်ခုံဇာတိ ရှမ်းလူမျိုးဖြစ်ပြီး ဝါတော် ၂၇ ဝါရှိကာ ရှမ်းပိဋကတ်ကျောင်းမှာ ကျောင်းထိုင်အဖြစ် တာဝန်ယူတာ ၈ နှစ်ရှိပြီဖြစ်ကာ သက်တော်အားဖြင့် ၄၈ နှစ်အရွယ်ဖြစ်တယ်လို့ သိရပါတယ်။ ကပ္ပိယ အိုက်ပီးကတော့ အသက် ၄၀ အရွယ်ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ ဆရာတော်နဲ့ ကပ္ပိယ အသတ်ခံရမှုနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်ပေါ်မှာ ဝေဖန်မှုတွေ မြင့်တက်နေသလို အမှုမှန်ပေါ်ပေါက်ရေးနဲ့ တရားမျှတမှုရှိရေးအတွက် ရှမ်းအဖွဲ့အစည်း အသီးသီးက တောင်းဆိုနေကြပါတယ်။

0 Shares:
You May Also Like
Read More

ကျောက်ပန်းတောင်းတွင် စစ်ကောင်စီ အရပ်သား ၂ဦးကို ရက်ရက်စက်စက် သတ်ခဲ့

မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်မှာ စစ်ကြောင်းထိုး အကြမ်းဖက်စစ်ကောင်စီတပ်က အရပ်သား၂ယောက်ကို ရက်ရက်စက်စက် သတ်ဖြတ်သွားခဲ့ကြောင်း ညောင်ဦးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ဘုတလင်မြို့နယ်အတွင်း တကသများ-ရန်ကုန်/ ကျောင်းသားလက်ရုံးတပ်တော်က mobile clinic နဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေး (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေတဲ့ ပြည်သူတွေဆီ ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသားသမဂ္ဂများ (တကသများ-ရန်ကုန်) / ကျောင်းသားလက်ရုံးတပ်တော်က ရွေ့လျားဆေးပေးခန်း (mobile clinic) ဖွင့်လှစ်ကာ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

96 Soldiers PDF (ရန်ကုန်တပ်ရင်း ၅၁၀၁) မှ ရဲဘော် ရှိုင်းလင်း (ခ) ဖီးနစ် ၏ ဈာပနအခမ်းအနား

96 Soldiers PDF (ရန်ကုန်တပ်ရင်း ၅၁၀၁)၊ တပ်ခွဲ ၂ မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော် ရှိုင်းလင်း (ခ) ဖီးနစ်ဟာ ရှေ့တန်းစစ်မြေပြင်မှာ တာဝန်ထမ်းဆောင်ရင်း ဇူလိုင်လ ၂၀ ရက်က ရောဂါနဲ့ ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပြည်ပကနေ ပြန်ပို့ခံရတဲ့ စစ်မှုထမ်း စုဆောင်းခံရသူ (၂)ဦး မြိတ် ပကဖ ကို လာရောက်ခိုလှုံ…

ပြည်ပကနေ ပြန်ပို့ခံရပြီး အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်မှုထမ်းဖို့ စုဆောင်းခံရတဲ့အထဲ ပါဝင်ခဲ့သူ ၂ ယောက်က လာရောက်ခိုလှုံလာတယ်လို့ မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ မြိတ်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကျွန်းလှမှာ စစ်အုပ်စုရဲ့ မြေပြင် ဝေဟင်စစ်ကြောင်းထိုး မီးရှို့မှုကြောင့် ကျေးရွာပေါင်း ၈ ရွာက အရပ်သား ၈၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ…

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်မှာ စစ်ကြောင်းဝင်မီးရှို့ပြီး လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတဲ့ စစ်ကောင်စီတပ်ကြောင့် ကျေးရွာပေါင်း ၈ ရွာက အရပ်သား ၈၀၀၀ ကျော် ဘေးလွတ်ရာ တိမ်းရှောင်နေရတယ်လို့ ကျွန်းလှ- ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

စစ်အုပ်စု စစ်ဆေးရေးဂိတ်ကို Sniper အဖွဲ့ သွားရောက်ပစ်ခတ်၊ စစ်ကောင်စီတပ်သား ၁ ဦး သေပြီး ၁ ဦး ဒဏ်ရာရ

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့အဝင် တယ်သီးပင်ရွာရှိ အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စနိုက်ပါနဲ့ သွားရောက်ပစ်ခတ်ခဲ့တဲ့အတွက် ထိခိုက်သေဆုံးမှု ရှိခဲ့တယ်လို့ ၃၆၀၁ တပ်ရင်း စစ်ထောက်လှမ်းရေးနှင့် သတင်းပြန်ကြားရေးတာဝန်ခံဆီက သိရပါတယ်။