ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်၊ ဆန်ခလဘူရီ အကောက်ခွန်ဂိတ်မှာ မြန်မာနိုင်ငံကို ပို့မယ့် Starlink ဂြိုလ်တုအင်တာနက် ဆက်သွယ်ရေး စက် ၂၁ လုံး သယ်ဆောင်လာတဲ့ မြန်မာနိုင်ငံသားကို တားမြစ်ပစ္စည်းတွေ တရားမဝင် လက်ဝယ်ထားရှိမှုနဲ့ ဖမ်းဆီးလိုက်တယ်လို့ ထိုင်းသတင်းတွေက ဖော်ပြထားပါတယ်။

မတ်လ ၁၁ ရက် ဒီနေ့မှာ ဘုရားသုံးဆူလမ်းကနေ တရားမဝင် ဆက်သွယ်ရေးစက်တွေနဲ့ ပစ္စည်းတွေ ပို့ဆောင်နေတယ်လို့ သတင်းရရှိတာကြောင့် ထိုင်းအာဏာပိုင်တွေက စောင့်ဖမ်းခဲ့တာဖြစ်ပြီး ဖမ်းဆီးခံရသူဟာ ကန်ချနဘူရီခရိုင်နေ အသက် ၃၃ နှစ်အရွယ် အမျိုးသားဖြစ်တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံရသူဟာ ဘုရားသုံးဆူလမ်းကြောင်းကတဆင့် တားမြစ်ပစ္စည်းတွေ တင်ပို့ရာမှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး Starlink အင်တာနက် ၂၁ လုံး၊ ပုံနှိပ်ပရင်တာ ၅လုံးနဲ့အတူ ဖမ်းဆီးခံခဲ့ရတယ်လို့ ထိုင်းသတင်းတွေက ဆိုပါတယ်။

ထိုင်းသတင်းတွေရဲ့ အဆိုအရ ပွဲစားတစ်ယောက် ချိတ်ဆက်ပေးမှုနဲ့ ဖမ်းဆီးခံရသူဟာ တားမြစ်ပစ္စည်းတွေကို ဘန်ကောက်မြို့က ကုန်လှောင်ရုံတစ်ခုကနေ ဘုရားသုံးဆူဂိတ်ကို ပို့ဆောင်ပေးဖို့ သယ်ဆောင်လာတာဖြစ်ပြီး အခကြေးငွေ ထိုင်းဘတ် ၅၅၀၀ ရရှိခဲ့တယ်လို့ ထွက်ဆိုထားကြောင်း သိရပါတယ်။

(ဓာတ်ပုံ naewna.com)

0 Shares:
You May Also Like
Read More

အစ္စရေးက Rising Lion စစ်ဆင်ရေး အမည်ဖြင့် အီရန်ကို စတင်တိုက်ခိုက်၊ နျူကလီးယားပစ်မှတ်များနှင့် အဝေးပစ်ဒုံးကျည် ပစ်မှတ်များကို တိုက်ခိုက်ခဲ့ဟု ဆို

အစ္စရေးနိုင်ငံက Rising Lion စစ်ဆင်ရေးနာမည်နဲ့ အီရန်နိုင်ငံကို စတင်တိုက်ခိုက်ကြောင်း ကြေညာပြီးနောက် အီရန်နိုင်ငံ၊ တီဟီရန်မြို့မှာ ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တယ်လို့ နိုင်ငံတကာသတင်းတွေက ဖော်ပြထားပါတယ်။
Read More

ထိုင်းတပ်မတော် အင်ဂျင်နီယာအဖွဲ့က ငလျင်ဘေးသင့် ပြည်သူများနေထိုင်ဖို့ ယာယီတဲ ၉၀ ကျော် တည်ဆောက်ပေး

ငလျင်ဘေးအတွက် ကူညီကယ်ဆယ်ရေးရောက်ရှိနေတဲ့ ထိုင်းတပ်မတော် အင်ဂျင်နီယာအဖွဲ့က မန္တလေးမြို့မှာ ငလျင်ဒဏ်သင့် ပြည်သူတွေနေထိုင်နိုင်ဖို့ ယာယီတဲ ၉၁ လုံး တည်ဆောက်ပေးခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးက ဧပြီလ ၂၁ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

အင်ဒိုနီးရှားနိုင်ငံတွင် ရေကြီးမြေပြိုမှုတွေကြောင့် လူပေါင်း ၁၇၄ ဦးကျော် သေဆုံး (ရုပ်/သံ)

အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းမှာ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြေပြိုမှုများ ဖြစ်ပေါ်ခဲ့ပြီး လူအများအပြားသေဆုံးကာ အဆောက်အဦးများလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ နိုဝင်ဘာ ၂၆ ရက်က စတင်ခဲ့တဲ့ မုန်တိုင်းအရှိန်ကြောင့် အင်ဒိုနီးရှားမှာ မိုးအဆက်မပြတ်ရွာသွန်းခဲ့ပြီး မြေပြိုမှုတွေကြောင့် အချို့ဒေသတွေမှာ အိမ်ရာ ၃၂၀၀ ကျော်ပျက်စီးခဲ့ရပြီး မိသားစု ၃၀၀၀ ကျော်ဟာ အရေးပေါ်အကူအညီများ လိုအပ်နေတယ်လို့ သိရပါတယ်။
Read More

ထိုင်းမှာ ယာဉ်မောင်းအိပ်ငိုက်လို့ ခရီးသွားကားတစ်စီး မတော်တဆဖြစ်၊ မြန်မာ ၁၂ ဦး အပါအဝင် ၃၆ ဦး ဒဏ်ရာရ

ထိုင်းနိုင်ငံ၊ Phetchaburi ပြည်နယ်၊ Khao Yoi ခရိုင်မှာ မတ်လ ၁၄ ရက် မနက် ၄ နာရီမတိုင်ခင်က ခရီးသွားကားတစ်စီး မတော်တဆဖြစ်ပွားခဲ့တာကြောင့် ခရီးသည်အားလုံး ဒဏ်ရာရရှိခဲ့တယ်လို့ ထိုင်းသတင်း Khaosod English မှာ ဖော်ပြပါတယ်။ 
Read More

မဲဆောက်တွင် ထိုင်းအာဏာပိုင်များမှ မြန်မာရွှေ့ပြောင်းလုပ်သားများ၏ တရားမဝင် စျေးဆိုင်ခန်းများနှင့် သုံးဘီးယာဥ်၊ ဘတ္ထရီစက်ဘီး စီးနင်းသူများကို အရှိန်ဟုန်မြှင့် စစ်ဆေးနေ…

" ဒီမနက် မဲဆောက်စျေးသွားတာ သရဲခြောက်မှာ​တောင်​ ကြောက်ရတယ်။ နေလာတဲ့ တစ်သက်နဲ့တစ်ကိုယ် ဒီလောက် ခြောက်ကပ်တာမျိုး မတွေ့ဖူးဘူး" လို့ မဲဆောက်မြို့မှာ အခြေချနေထိုင်နေသူတစ်ယောက်က​ မောင်းသတင်းဌာနကို​ ပြောပါတယ်။
Read More

နော်ဝေနိုင်ငံ၊ လီလီစထရွန်းမြို့ (Lillestrøm)တွင် ကျင်းပသည့် အာရှပွဲတော်သို့ NUG နော်ဝေနိုင်ငံဆိုင်ရာကိုယ်စားလှယ် တက်ရောက်

နော်ဝေနိုင်ငံ၊ လီလီစထရွန်းမြို့ (Lillestrøm) မှာ ပြုလုပ်ခဲ့တဲ့ အာရှပွဲတော်ကို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ နော်ဝေနိုင်ငံဆိုင်ရယ ကိုယ်စားလှယ် ဦးမောင်မောင်မြင့်တက်ရောက်ခဲ့တယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။