မြန်မာပြည်ရဲ့ မငြိမ်သက်မှုတွေ၊ မြဝတီနဲ့ တာချီလိတ်မှာ ကျားဖြန့်ဂိုဏ်းတွေ အခြေစိုက်တဲ့သတင်းတွေကြောင့် ထိုင်းရဲ့ ရနောင်းဆိပ်ကမ်း ကုန်သွယ်ရေး တိုးတက်လာတာဖြစ်တယ်လို့ ထိုင်း ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာန လက်ထောက် ဝန်ကြီး Manaporn Charoensri က မတ်လ ၉ ရက်မှာ ပြောဆိုခဲ့ကြောင်း ဘန်ကောက်ပို့စ်သတင်းက ဖော်ပြပါတယ်။

ကျားဖြန့်သတင်းတွေကြောင့် တာ့ခ်ခရိုင် မဲဆောက်စစ်ဆေးရေးဂိတ်နဲ့ ချင်းရိုင်မြို့ မယ်ဆိုင်စစ်ဆေးရေးဂိတ်တို့ကတဆင့် ကုန်းလမ်းနဲ့ ပို့ဆောင်မယ့် ကုန်စည်တွေဟာ လက်ရှိမှာ ရနောင်းမြို့ ရေကြောင်းပို့ဆောင်ရေးကတဆင့် မြန်မာနိုင်ငံကို လမ်းကြောင်းပြောင်း တင်ပို့နေတာ ဖြစ်ပါတယ်။

အခုလို ကုန်သွယ်ရေး မြင့်တက်လာမှုကြောင့် ဆိပ်ကမ်းရဲ့ အဆောက်အဦးနဲ့ ဝန်ဆောင်မှုတွေကို အဆင့်မြှင့်တင်ဖို့ ထိုင်းပို့ဆောင်ရေးဝန်ကြီးဌာနက စီစဉ်နေပါတယ်။

ထိုင်း ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာန လက်ထောက် ဝန်ကြီး Manaporn Charoensri (ဓာတ်ပုံ Thailand Transport Ministry)

ထိုင်းဆိပ်ကမ်းအာဏာပိုင်ဌာန (PAT) ရဲ့ညွှန်ကြားရေးမှူးချုပ် Kriengkrai Chaisiriwongsuk ရဲ့အဆိုအရ (၂၀၂၃ အောက်တိုဘာလကနေ ၂၀၂၄ စက်တင်ဘာလအထိ) ၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ရနောင်းဆိပ်ကမ်းမှာ သင်္ဘော ၂၈၁ စင်း ဆိုက်ကပ်ခဲ့ပြီး အရင်နှစ် အလားတူကာလကထက် ၆၉% တိုးမြင့်လာတယ်လို့ သိရပါတယ်။

ဆိပ်ကမ်းကနေ ကွန်တိန်နာပေါင်း ၂၇၉၆ ခုကို ကိုင်တွယ်ခဲ့ပြီး ၁၁၁ ရာခိုင်နှုန်း တိုးလာကြောင်း၊ ကုန်တင်ကုန်ချ တန်ချိန် ၃၂၄,၉၃၃ ခန့်ရှိပြီး အရင်နှစ်ကထက် ၂၅၁ ရာခိုင်နှုန်း တိုးလာကြောင်း သူကဆိုပါတယ်။

(၂၀၂၄ အောက်တိုဘာကနေ ၂၀၂၄ ဒီဇင်ဘာအထိ) ၂၀၂၅ ဘဏ္ဍာနှစ် ပထမသုံးလပတ်မှာလည်း သင်္ဘော ၆၁ စင်း ဆိုက်ကပ်ခဲ့ပြီး ၉၁% တိုးလာကြောင်း၊ ကွန်တိန်နာ အရေအတွက် ၄၅၈% တိုးလာပြီး ကုန်ပစ္စည်းမှု ၂၆ ရာခိုင်နှုန်း တိုးမြင့်လာခဲ့ကြောင်းလည်း သိရပါတယ်။

ရနောင်းဆိပ်ကမ်းမှ တာဝန်ရှိသူများသည် ခရိုင်ရဲတပ်ဖွဲ့ တိုင်းဒေသကြီး ၈ မှ ဒုတိယ ကော်မရှင်နာ ဒုတိယ ရဲမှူးချုပ် ဝီမလ် ပြစ်ဘူရဖာနှင့် ကိုယ်စားလှယ်အဖွဲ့အား ရနောင်း ဆိပ်ခံတံတား ဆိပ်ခံ ၃-၄ တွင် ဇန်နဝါရီ ၂၉ ရက်က ကြိုဆိုခဲ့သည်။ (ဓာတ်ပုံ PR Ranong Port Facebook စာမျက်နှာ)

ရနောင်းဆိပ်ကမ်းမှာ လက်ရှိ ဆိပ်ခံနှစ်ခုရှိပြီး စုစုပေါင်း တန်ချိန် ၅၀၀ အလေးချိန်ရှိတဲ့ ကုန်တင်သင်္ဘောတွေကို ခံနိုင်တဲ့ ဘက်စုံသုံးဆိပ်ခံတံတားတစ်ခုနဲ့ အလေးချိန် တန်ချိန် ၁၂၀၀၀ အထိရှိတဲ့ သင်္ဘောတွေကို ကိုင်တွယ်နိုင်တဲ့ ကွန်တိန်နာဆိပ်ခံတစ်ခု ပါဝင်ပါတယ်။

“ရနောင်းဆိပ်ကမ်း တိုးတက်မှုက စီးပွားရေးနဲ့ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်း ကျယ်ပြန့်လာတာကိုပြနေတယ်၊ ဒါကလည်း အိမ်နီးချင်းနိုင်ငံတွေနဲ့ အထူးသဖြင့် မြန်မာနဲ့ ဆက်စပ်နေတယ်၊ (မြန်မာပြည်ဟာ) ဘိလပ်မြေနဲ့ စိုက်ပျိုးရေးသုံးပစ္စည်းတွေလို ထိုင်းပို့ကုန်တွေအတွက် အဓိက ဈေးကွက်ဖြစ်တယ်” လို့ သူက ဆိုပါတယ်။

“ဒီနေရာဟာကပ္ပလီပင်လယ် ကမ်းရိုးတန်းမှာ ရေကြောင်းကုန်သွယ်မှု ဗဟိုချက်ဖြစ်လာဖို့ အလားအလာရှိတယ်” လို့လည်း သူက ပြောပါတယ်။

မူရင်းသတင်း – Ranong on course as port thrives

0 Shares:
You May Also Like
Read More

ရိုဟင်ဂျာ ၃၀၀ နီးပါးတင်ဆောင်ပြီး မလေးရှားကို ဝင်လာသည့် လှေတစီး အိန္ဒိယသမုဒ္ဒရာတွင် နစ်မြုပ်၊ ၁ ဦး သေ ဒါဇင်ချီ ပျောက်ဆုံး

ရိုဟင်ဂျာမွတ်ဆလင် အယောက် ၃၀၀ နီးပါးတင်ဆောင်လာတဲ့ လှေတစီးဟာ ပြီးခဲ့တဲ့ သီတင်းပတ်က ထိုင်း-မလေးရှား ရေကြောင်းနယ်နိမိတ်အနီး အိန္ဒိယသမုဒ္ဒရာထဲမှာ နစ်မြုပ်သွားခဲ့ကြောင်း မလေးရှားအရာရှိတွေက နိုဝင်ဘာလ ၉ ရက် တနင်္ဂနွေနေ့မှာ ပြောပါတယ်။
Read More

ထိုင်းအာဏာပိုင်များက မြန်မာနိုင်ငံသား ၃,၅၀၀ ဦးကို အဓမ္မပြန်ပို့မှုက လူကုန်ကူးမှုကျူးလွန်ခြင်းဟု Fortify Rights ထုတ်ပြန်

ထိုင်းအာဏာပိုင်တွေက အကြမ်းဖက် မြန်မာစစ်အုပ်စုအရာရှိတွေနဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံသား ၃,၅၀၀ ကျော်ကို အဓမ္မပြန်ပို့မှုဟာ လူကုန်ကူးမှုကျူးလွန်ခြင်းဖြစ်တယ်လို့ Fortify Rights အဖွဲ့က မနေ့က ထုတ်ပြန်လိုက်ပါတယ်။ အစီရင်ခံစာအရ ပြီးခဲ့တဲ့၂၀၂၄ ခုနှစ် ဖေဖော်ဝါရီမှ ၂၀၂၅ ခုနှစ် နိုဝင်ဘာလအတွင်းမှာ ထိုင်းအရာရှိနဲ့ အကြမ်းဖက်စစ်အုပ်စုအရာရှိတွေ ပူးပေါင်းပြီး ရနောင်း - ကော့သောင်း နယ်စပ်ဂိတ်မှတစ်ဆင့် မြန်မာနိုင်ငံသား ၃,၅၀၀ ဦးကို အတင်းအဓမ္မပြန်ပို့ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
Read More

ထိုင်းစစ်တပ် ပစ်ခတ်မှုကြောင့် ကမ္ဘောဒီးယား စစ်ဗိုလ်ချုပ်တစ်ဦးအပါ စစ်သားများ သေဆုံး၊ ကျဆုံးခဲ့သော ကမ္ဘောဒီးယားတပ်သား ၁၂ ဦး၏ ရုပ်အလောင်းများ ထိုင်းမှ ပြန်လွှဲပေး၊ မလေးရှားတွင် နှစ်နိုင်ငံ အကြီးအကဲများ တွေ့ဆုံရန် ရှိနေ

ထိုင်းနိုင်ငံနဲ့ ကမ္ဘောဒီးယားတို့ နယ်စပ်ဒေသမှာ အပြန်အလှန် စွပ်စွဲမှုတွေနဲ့ နှစ်ဖက်စစ်တပ်တွေ အပြန်အလှန် ပစ်ခတ်မှုတွေ ရှိနေဆဲဖြစ်ပြီး ၄ ရက်မြောက် မနေ့က တိုက်ပွဲမှာ ထိုင်းစစ်တပ် ပစ်ခတ်မှုကြောင့် ကမ္ဘောဒီးယားစစ်ဗိုလ်ချုပ် ၁ ယောက် သေဆုံးခဲ့တယ်လို့ ထိုင်းသတင်းတွေက ဆိုပါတယ်။
Read More

အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးအတွက် အရေးကြီးဆုံးက ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံး လွှတ်ပေးဖို့ ဖြစ်တယ်လို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ပြော

မြန်မာနိုင်ငံမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အရေးကြီးတာက ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံး လွှတ်ပေးဖို့ ဖြစ်တယ်လို့ ဘန်ကောက်မှာ ပြုလုပ်တဲ့ မြန်မာ့အရေးအာဆီယံ ၉ နိုင်ငံ ရဲ့ အလွတ်သဘောအစည်းအဝေးအပြီး စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်ဘလာကရစ်ရှနန် က ပြောဆိုလိုက်ပါတယ်။
Read More

မြန်မာပြည်ငြိမ်းချမ်းရေးအတွက် အာဆီယံ အဓိကကျတယ်လို့ ထိုင်းပြော

စစ်အာဏာသိမ်းမှုကြောင့် သုံးနှစ်ကျော်ကြာဖြစ်ပွားနေတဲ့ ပဋိပက္ခကို အဆုံးသတ်ရေး အာဆီယံက အဓိကကျကြောင်း ထိုင်းဝန်ကြီးချုပ် ပတွန်တန်ရှင်နာဝပ်တရာက တနင်္လာနေ့မှာပြောဆိုခဲ့တယ်လို့ Reuters က ဖော်ပြထားပါတယ်။
Read More

တောင်ကိုရီးယားရောက် NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဂွမ်ဂျူးလူ့အခွင့်အရေးမြို့များဖိုရမ်ကို တက်ရောက် ဆွေးနွေး…

အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက မေလ ၁၇ ရက် ဒီနေ့မှာ တောင်ကိုရီးယားနိုင်ငံ၊ ဂွမ်ဂျူးမြို့၊ ကင်ဒေးဂျုံးစင်တာမှာ ပြုလုပ်တဲ့ “World Human Rights Cities Forum 2025” ကို တက်ရောက်ပြီး မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေကို ရှင်းလင်းတင်ပြခဲ့တယ်လို့ သိရပါတယ်။