တနင်္သာရီတိုင်း ၊ လောင်းလုံးမြို့ပေါ်က စစ်ကောင်စီအခြေစိုက်နေရာတွေကို တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်မှုမှာ အကြမ်းဖက်စစ်တပ်ဘက်ကထိခိုက်သေဆုံးမှုများခဲ့ပြီး ရေတပ်ကနေပါလက်နက်ကြီးပစ်ကူပေးခဲ့ရတယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ သတင်းတာဝန်ခံ ကိုရှဲဒိုးက မောင်းကို ပြောပါတယ်။

လောင်းလုံးမြို့ပေါ်က ရဲစခန်း၊ ထွေအုပ်ရုံးနဲ့ စရဖရုံးတွေထဲ တပ်စွဲထားတဲ့ စစ်​အုပ်စု​တွေကို မတ်လ ၈ရက်၊ မနက်အစောပိုင်းမှာ ထားဝယ်ခရိုင်တပ်ပေါင်းစု နဲ့ မဟာမိတ် တော်လှန်ရေးတပ်တွေက တပြိုင်နက်တည်း ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

“မြို့ပေါ်က ထွေအုပ်ရုံးမှာ အင်အား၄၀ လောက်ရှိတယ်။ ရဲစခန်းနဲ့ စရဖရုံးတို့မှာ ၆၀လောက်ရှိတယ်။ စုစုပေါင်း ၁၀၀လောက် ရှိတယ်ပေါ့။ ကျနော်တို့က မနက် ၆နာရီလောက်မှာစတိုက်ခဲ့တာ နေ့လယ်လောက်မှာပဲ ပြန်ဆုတ်ခဲ့ပါတယ်။” လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ သတင်းတာဝန်ခံ ကိုရှဲဒိုးက မောင်းကိုပြောပါတယ်။

တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦး လောင်ချာ ပစ်ခတ်နေစဥ်

လောင်းလုံးမြို့နယ်၊ စရဖရုံးကို ဝင်​​ရောက်တိုက်ခိုက်ရာမှာ ဘန်ကာ၃လုံးအထိ တော်လှန်ရေးတပ်တွေ စီးနင်းရရှိခဲ့ပေမယ့် စစ်ကောင်စီတပ်သားတွေ ထွက်ပြေးသွားတာကြောင့် လက်နက်တွေသိမ်းဆည်းရမိတာမျိုးတော့မရှိခဲ့ဘူးလို့ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အနည်းဆုံး ၁၀ယောက်နဲ့အထက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူတွေ များပြားခဲ့တယ်လို့လည်း လောင်းလုံးပကဖက ဆိုပါတယ်။

ဒီအတွက် အနောက်ဘက် ပင်လယ်ပြင်မှာရှိနေတဲ့ ရေတပ်စစ်သင်္ဘောကနေ လက်နက်ကြီးပစ်ကူပေးခဲ့သလို ထား၀ယ်မြို့ပေါ် ကာစတန်ဆိပ်ကမ်းကနေလည်း တော်လှန်ရေးတပ်တွေရှိရာကို လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

လောင်းလုံးမြို့ပေါ် တိုက်ခိုက်မှုတွေကို ထား၀ယ်ခရိုင်တပ်ပေါင်းစုနဲ့အတူ နွေဦးပြောက်ကျားတပ်ဖွဲ့နဲ့ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။ 

 

0 Shares:
You May Also Like
Read More

ပခုက္ကူလေယာဥ်ကွင်းကို တော်လှန်ရေးတပ်ဖွဲ့များက လက်နက်ကြီး၊ ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်၊ လေယာဥ်ပြေးလမ်း ပျက်စီးပြီး စစ်သား ၄ ဦး သေ၊ ၄ ဦး အပြင်းအထန် ဒဏ်ရာရ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်က ပခုက္ကူလေယဉ်ကွင်းကိုရော့ကတ်တွေ၊ လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်မှုအတွင်း လေယာဥ်ပြေးလမ်းပျက်စီးပြီး စစ်တပ်က ၄ ယောက် သေဆုံးကာ စိုးရိမ်ဒဏ်ရာရသူ ၄ ယောက်အပါအဝင် အများအပြားဒဏ်ရာရခဲ့တယ်လို့ Cobra One အဖွဲ့တာဝန်ရှိသူက ​မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ပူတာအိုကို ထိုးစစ်ဆင် တိုက်ခိုက်တော့မယ်လို့ KPF အသိပေး

ပူတာအိုဒေသမှာ မကြာခင် ရာနှုန်းပြည့် ထိုးစစ်ဆင်မှုတွေ လုပ်ဆောင်သွားမှာဖြစ်လို့ ပြည်သူတွေအားလုံး အထူးသတိပြုပြီး ကြိုတင်ကာကွယ် ပြင်ဆင်ကြဖို့  ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ် (KPF) က ဇန်နဝါရီ ၁၆ ရက် ညပိုင်းမှာ အသိပေးထုတ်ပြန်လိုက်ပါတယ်။ 
Read More

စစ်ကောင်စီရဲ့ အနန်းကွင်းစစ်ဗျူဟာကို တော်လှန်ရေးတပ်တွေ ပိတ်ဆို့တိုက်ခိုက်နေ အောက်တိုဘာလ ၂၃၊ ၂၀၂၄

သံဖြူဇရပ်-ဘုရားသုံးဆူလမ်းမပေါ်က စစ်ကောင်စီရဲ့ အနန်းကွင်းစစ်ဗျူဟာကုန်းကို KNLA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ပိတ်ဆို့တိုက်ခိုက်နေတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်ထံက သိရပါတယ်။
Read More

ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်ဦးက တပ်ရင်းရိက္ခာအတွက် တပိုင်တနိုင် စပါးခင်းရိတ်သိမ်း (ဓာတ်ပုံသတင်း)

ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်ဦးအနေနဲ့ တပ်တွင်းရိက္ခာဖူလုံစေဖို့အတွက် ပြည်သူလူထုရဲ့အကူအညီတချို့ကိုယူပြီး စိုက်ပျိုးခဲ့တဲ့ တနိုင်တပိုင် စပါးခင်းတွေကို ရိတ်သိမ်းခဲ့တဲ့ မှတ်တမ်းပုံရိပ်တွေကို ထုတ်ပြန်လာပါတယ်။
Read More

ရေဖြူတွင် ဖမ်းဆီးခံရသည့် ရဲဘော် အသေးလေး၏ဖုန်းကို သုံးပြီး စစ်အုပ်စု ညစ်ညမ်းစာများ လိုက်ပို့နေ၊ အဆိုပါ ရဲဘော် ကျဆုံးသွားပြီဟု သိရ

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်မှာ ဖမ်းဆီးခံခဲ့ရတဲ့ တော်လှန်ရေးရဲဘော်တစ်ယောက်ရဲ့ ဖုန်းကို အသုံးပြုပြီး စစ်အုပ်စုက လူမှုကွန်ရက်ကတဆင့် ညစ်ညမ်းစာတွေ လိုက်ပို့နေတယ်လို့ တော်လှန်ရေး အသိုင်းအဝိုင်းကနေ သိရပါတယ်။
Read More

ဂန့်ဂေါခရိုင်အတွင်း စစ်အုပ်စုက လေးရက်ဆက်တိုက်ဗုံးကြဲ တိုက်ခိုက်နေပြီး ထိခိုက်ပျက်စီးမှုများ ရှိနေ

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်မှာ အကြမ်းဖက်စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုတွေ တရစပ်လု​ပ်​ဆောင်နေတဲ့အတွက် ဆိုးဆိုးရွားရွား ထိခိုက်မှုမရှိအောင် အရပ်သားတွေအနေနဲ့ ဗုံးခိုကျင်းတွေတူးပြီး၊ သတိပြုနေထိုင်ကြဖို့ လိုအပ်တယ်လို့ ယောအလင်းတန်းအဖွဲ့ဝင် ကိုရောင်နီက မောင်းကို ပြောပါတယ်။