ကရင်ပြည်နယ်၊ ကျုံဒိုးမြို့မှာ အကြမ်းဖက်စစ်ကောင်စီဝန်ကြီးတွေနဲ့ စစ်တပ်အရာရှိတွေ တက်ရောက်လာတဲ့ ဂျိုင်းတံတားသစ် ဖွင့်ပွဲအခမ်းအနားကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ ယောက် သေဆုံးပြီး ၅ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) ရဲ့ Spring UAV Force – G3 Fixed-wing ဒရုန်းအဖွဲ့က ဒရုန်း (၂) စင်းနဲ့ မနေ့က မတ်လ ၉ ရက် မနက်ပိုင်းမှာ အချိန်ခြားပြီး ဗုံး (၃) လုံး ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား (၃) ယောက် သေဆုံးပြီး ၅ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ကားနဲ့ သယ်ထုတ်သွားခဲ့တယ်လို့ သိရပါတယ်။

စကစပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည့် ဂျိုင်းတံတားဖွင့်ပွဲ ဓာတ်ပုံ

စစ်ကောင်စီရဲ့ ဂျိုင်းတံတားသစ်ဖွင့်ပွဲအခမ်းအနားကို တက်ရောက်ခဲ့တဲ့ စစ်ကောင်စီရဲ့ ဆောက်လုပ်ရေးဝန်ကြီး ဦးမျိုးသန့်၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် စောမြင့်ဦး၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူး ဗိုလ်မှူးကြီး ဗညားဝင်း၊ ကရင်ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဦးညွန့်လင်း၊ ကရင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီး ဦးညီညီဇော် တို့ လာရောက်ခဲ့ပြီး ဖဲကြိုးဖြတ်ပြီးတာနဲ့တပြိုင်နက် ကသုတ်ကရက် ထွက်ပြေးသွားခဲ့‌တယ်လို့ MLA က ဆိုပါတယ်။

အဲဒီဗုံးကြဲတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ရဲ့ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့အခြေစိုက် ခမရ(၅၄၅)၊ (၅၄၆) နဲ့ ဗျူဟာကုန်းရှိ Jammer တွေကြောင့် ဒရုန်းဗုံးသီး လွင့်စင်ခဲ့ရာ တံတားဟောင်းအောက်ဘက်ခြမ်း မူလတန်းကျောင်းအနီးက ဈေးသည်တစ်ယောက် မစိုးရိမ်ရတဲ့ ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ပြည်သူတွေအနေနဲ့ အကြမ်းဖက်စစ်ကောင်စီ ပြုလုပ်တဲ့ ပွဲလမ်းသဘင်၊ အခမ်းအနားတွေနဲ့ နီးကပ်စွာ မနေကြဖို့လည်း မွန်ပြည်လွတ်မြောက်ရေးတပ်တော်က အသိပေးပြောကြားထားပါတယ်။

 

0 Shares:
You May Also Like
Read More

ထိုင်း-ကရင်နီနယ်စပ်က စစ်ကောင်စီရဲ့ ပွိုင့် ၅၄၁၆ ကို ကရင်နီပြည်တပ်မတော် KA ကတိုက်ခိုက်သိမ်းပိုက်၊ လက်နက်ခဲယမ်းများပါရရှိ

ထိုင်း - ကရင်နီနယ်စပ်မှာတည်ရှိတဲ့ စစ်ကောင်စီရဲ့ ပွိုင့် ၅၄၁၆ ( စစ်ဆင်ရေးခြေကုပ်စခန်း) ကို ကရင်နီပြည်တပ်မတော် (KA) က တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ ကရင်နီစစ်ရေးသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။
Read More

မြိုင်နှင့်ပေါက်အစပ်ရှိ ရေနံမှော်နေရာများအား စစ်အုပ်စု ၃ ရက်ဆက် ဗုံးကြဲ၊ အရပ်သား ၂ ဦး သေဆုံးပြီး ထိခိုက်သူများလည်း ရှိ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်နဲ့ ပေါက်နယ်အစပ်က ရေနံမှော်တွေရှိရာကို အကြမ်းဖက်စစ်တပ်က ၃ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာကြောင့် အရပ်သား ၂ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိနေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက မောင်းကိုပြောပါတယ်။
Read More

စက်တင်ဘာလအတွင်း စစ်မှုထမ်းတပ်သား ၄၁ ဦး တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ခဲ့ဟု ပြည်သူ့ပန်းတိုင် ထုတ်ပြန်…

“လစဉ်လတိုင်းကတော့ အရေအတွက်တွေ မတူပါဘူး။ ဒါပေမယ့် သိသိသာသာကို များလာပါတယ်။ အထူးသဖြင့် စစ်မှုထမ်းတပ်သားသစ်တွေ များပါတယ်။ သူတို့က လက်နက်တွေလည်း ပါတယ်။ အရင်ကဆို တယောက်စ နှစ်ယောက်စ အလင်းဝင်လာကြတာ.. အခုနောက်ပိုင်းဆို အစုအဖွဲ့လေးတွေနဲ့ အလင်းဝင်လာတာကိုလည်း တွေ့ရပါတယ်” လို့ ပြည်သူ့ပန်းတိုင်ရဲ့ တာဝန်ရှိသူတစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ဒေါက်တာမီမီဝင်းဘတ်နဲ့ မြန်မာပြည်ဖွားတိုင်းရင်းသူတွေ တွေ့ဆုံပွဲကို NUG လူ့အခွင့်အရေးဝန်ကြီး တက်ရောက်ခဲ့

အမေရိကန်နိုင်ငံ၊ အင်ဒီယားနားပြည်နယ်၊ ဖို့ဝိန်းမြို့လယ်စာကြည့်တိုက်(Allen Country Public Library) မှာ ဒေါက်တာမီမီဝင်းဘတ်နဲ့ မြန်မာပြည်ဖွားတိုင်းရင်းသားပြည်သူတွေ တွေ့ဆုံပွဲ ပြုလုပ်ခဲ့ရာ အမျိုးသားညီညွတ်ရေးအစိုးရ၊ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်း တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
Read More

စလင်းမှာ စစ်ကောင်စီတပ်သား ၂ ယောက် LPDF ဆီ လက်နက်မဲ့ အလင်းဝင်

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်မှာ စစ်ကောင်စီတပ်သား ၂ ယောက် လက်နက်မဲ့ အလင်းဝင်လာတယ်လို့ ဒေါင်းစစ်အောင် ဒေသကာကွယ်ရေးတပ်ဖွဲ့ (LPDF) က ထုတ်ပြန်ထားပါတယ်။
Read More

ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် KPLA (9425) တပ်ရင်း ဖွဲ့စည်းတည်ထောင်ခြင်း တစ်နှစ်ပြည့်အခမ်းအနား (ဓာတ်ပုံသတင်း)

ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေး တပ်မတော် KPLA- 9425 တပ်ရင်း ဖွဲ့စည်းတည်ထောင်ခြင်း တစ်နှစ်ပြည့်အခမ်းအနားကို နိုဝင်ဘာ ၁၀ ရက် မနေ့က ဒီမောဆိုးမြို့နယ် အနောက်ခြမ်းတစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။