ရခိုင်ပြည်နယ်မှာ ၂၀၂၅ ခုနှစ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ကြောင့် သေဆုံးသူ အရပ်သား ၄၅ ယောက်အထိ ရှိပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်ကနေ မတ်လ ၁၁ ရက်အထိ ရခိုင်ပြည်နယ်မှာ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၂၄) ယောက်နဲ့ အမျိုးသား (၂၁) ယောက် စုစုပေါင်း (၄၅) ယောက် သေဆုံးခဲ့တာကို နာမည်နဲ့တကွ အတည်ပြုနိုင်ခဲ့တယ်လို့ AAPP က ဆိုပါတယ်။

မတ်လ ၉ ရက်က ဂွမြို့နယ်မှာ စစ်တပ် လေကြောင်းတိုက်ခိုက်မှု​ကြောင့် ထိခိုက်သေဆုံး ပျက်စီးမှုများ (ဓာတ်ပုံ Golden Era Media)

သေဆုံးသူတွေထဲမှာ ၂ နှစ်အရွယ် ကလေးငယ် ၁ ယောက် အပါအဝင် အသက် ၁၈ နှစ်အောက်ကလေးငယ် (၁၂) ယောက် ပါဝင်ပြီး သေဆုံးသူတွေထဲက အယောက် ၄၀ ဟာ အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

မတ်လ ၉ ရက် မနက်အစောပိုင်းက ပြည်သူတွေ အိပ်မောကျနေချိန်မှာ ဂွမြို့နယ်၊ ဘဝင်ကျေးရွာကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံအမျိုးသား ၁ ယောက် ဗုံးစထိမှန်သေဆုံးခဲ့ပြီး အမျိုးသား ၁ ယောက်နဲ့ အမျိုးသမီး ၁ ယောက် ဗုံးစထိမှန်ကာ ပြင်းထန်ဒဏ်ရာတွေ ရရှိခဲ့တာကြောင့် အရေးပေါ်ဆေးဝါးကုသမှု ခံယူနေရတယ်လို့လည်း AAPP က ထုတ်ပြန်ထားပါတယ်။

မတ်လ ၉ ရက်က ဂွမြို့နယ်မှာ စစ်တပ် လေကြောင်းတိုက်ခိုက်မှု​ကြောင့် ထိခိုက်သေဆုံး ပျက်စီးမှုများ (ဓာတ်ပုံ Golden Era Media)
0 Shares:
You May Also Like
Read More

ခင်ဦးမြို့ပေါ် ဆေးရုံမှာ အထိုင်ချ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ကို သွားရောက်ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့ပေါ် ဆေးရုံမှာ အထိုင်ချ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ပစ်ခတ်တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုရှိတယ်လို့ FUTURE HERO အဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ကျွန်းစုမြို့နယ်၊ ပဲ့တိုင်ကျေးရွာ ပျူစောထီးစခန်းကို တော်လှန်ရေးတပ်များ ဝင်ရောက်တိုက်ခိုက်

တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်၊ ပဲ့တိုင်ကျေးရွာရှိ အကြမ်းဖက်စစ်တပ် လက်အောက်ခံ ပျူစောထီးစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က မနေ့က ညပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
Read More

ဘော်စတွန်မှာ ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကိုထိန်လင်း မြန်မာမိသားစုများနှင့် တွေ့ဆုံခဲ့

အမေရိကန်ပြည်ထောင်စု၊ ဘော်စတွန်မြို့မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကင်မ်အဲရစ် (ခ) ကိုထိန်လင်းက အမေရိကန်ရောက် မြန်မာမိသားစုတွေနဲ့ တွေ့ဆုံခဲ့တယ်လို့  ပြည်သူ့ဂုဏ်ရည်အသင်း New England ထံက သိရပါတယ်။
Read More

စစ်ကောင်စီတပ်၏‌‌ ထောက်ပို့ယာဉ်တန်းကို K.N.L.A မှ ကြားဖြတ်တိုက်ခိုက်၊ စစ်တပ်မှ (၅) ဦး သေပြီး ထောက်ပို့ယာဉ် (၂) စီးပျက်စီး

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်မှာ စစ်ကော်မရှင်တပ်ရဲ့ ထောက်ပို့ယာဉ်တန်းကို K.N.L.A မှ ကြားဖြတ်တိုက်ခိုက်ရာ ထောက်ပို့ယာဉ် (၂) စီး ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မြောင်မြို့နယ်ရှိ ကျောက်ရစ်ရဲစခန်းနှင့် စစ်တပ်တပ်စွဲထားသည့် ဆေးရုံတို့ကို ဒရုန်းဖြင့် ဗုံးကြဲ၊ ဒရုန်း ၁ စီး ပျက်စီးဆုံးရှုံး

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ရှိ အကြမ်းဖက်စစ်တပ် အထိုင်ချ တပ်စွဲထားတဲ့ ကျောက်ရစ်ရဲစခန်းနဲ့ ဆေးရုံတို့ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Peacock Drone Team-Myaung က မနေ့က ထုတ်ပြန်ပါတယ်။
Read More

မတ္တရာရှိ စစ်ရှောင်ပြည်သူတွေကို စားနပ်ရိက္ခာတွေ အားဖြည့်ကူညီ (ဓာတ်ပုံသတင်း)

မန္တလေးတိုင်း ၊ မတ္တရာမြို့နယ်အတွင်း ကျေးရွာပေါင်း ၅၀ ကျော်က စစ်ဘေးရှောင်ဒေသခံပြည်သူတွေဆီ သပိတ်ကျင်းပကဖက စားနပ်ရိက္ခာတွေ ကူညီအားဖြည့်ခဲ့တယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။