”ထမင်းတွေ မစားရမသောက်ရ ငတ်ပြတ်ပြီးတော့ ရောဂါဖြစ်တာကို ဆေးကုသမှုမပေးတာ၊ စားဖို့ သောက်ဖို့ ရိက္ခာတွေလည်း လာမပို့ပေးတာကြောင့် အလင်းဝင်တာပါ။ ဖိနှိပ်မှုက မတရားများတယ်ခင်ဗျာ။ ရိက္ခာလာပို့ပြီဆိုရင် ရဲ‌ဘော်တွေကို ကျွေးတာမရှိဘူး။ သူတို့ အကြီးအကဲတွေပဲ အများဆုံးစားတယ်။ တစ်ခုခုဖြစ်ရင် ရဲဘော်တွေကိုပဲ ထိုးကျွေးကြတယ်။ ရဲဘော်တွေ တော်တော်များများက အကြီးအကဲတွေကို စိတ်နာနေကြတယ်”

0 Shares:
You May Also Like
Read More

ပေါ်တာဆွဲခံခဲ့ရသည့် ၁၅နှစ်အရွယ် စစ်ကောင်စီတပ်သား တိုက်ပွဲနေရာတွင် အိပ်ပျော်ရင်း ကျန်ခဲ့ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်ရဲစခန်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီရဲ့ ပေါ်တာဆွဲဖမ်းဆီးပြီး ရှေ့တန်းပို့ဆောင်ခံခဲ့ရတဲ့ အသက် (၁၅)နှစ်အရွယ် မောင်နေထက်လင်းကို စစ်သုံ့ပန်းအဖြစ် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်-PLA က ဖမ်းဆီးရမိခဲ့ပါတယ်။
Read More

အကြမ်းဖက်စစ်ကော်မရှင်၏ အတင်းအဓမ္မတပ်သားစုဆောင်းခြင်းခံခဲ့ရသည့် အသက် (၁၆)နှစ်အရွယ် မောင်ဇင်ကိုကို (ရုပ်/သံ)

အသက် (၁၆)နှစ်အရွယ် မောင်ဇင်ကိုကိုဟာ မိဘတွေ အဆင်မပြေတဲ့အတွက် ကျောင်းပိတ်ရက် စပါး ထွက်ထမ်းခဲ့ရာကနေ အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေရဲ့ အတင်းအဓမ္မ တပ်သားစုဆောင်းခြင်း ခံခဲ့ရသူဖြစ်ပါတယ်။
Read More

အောင်ဇေယျစစ်ဆင်ရေးမှ ထွက်ပြေးလွတ်မြောက်လာသည့် တပ်မ (၅၅) လက်အောက်ခံ ခမရ-၁၁၂ ကိုယ်ပိုင်အမှတ်- တ/၂၃၁၈၂၆ တပ်ကြပ်-ဆန်းမြင့်ဦး၏ ပြောကြားချက် (ရုပ်/သံ)

''စစ်တပ်ထဲ ကြုံခဲ့ရတာအများကြီးပဲ။ သူတို့က အဆင့်ရာထူးနဲ့ ကျနော်တို့ကို ရှိနေတဲ့ ဖုတ်လေတဲ့ ငပိ၊ ရှိတယ်လို့တောင် မအောက်မေ့ဘူး။ ကျနော်တို့ကို သူတို့အောက်က စီးထားတဲ့ ဖိနပ် တစ်ရံလောက်တောင် တန်ကြေးမထားဘူး။ ကျွန်တစ်ယောက်လို သဘောထားပြီး ဆက်ဆံတယ်''
Read More

အညာရှေ့တန်းစစ်မျက်နှာမှ အမျိုးသမီး စနိုက်ပါသမား မိကျော့ (ရုပ်/သံ)

အညာရှေ့တန်းစစ်မျက်နှာမှာ အမျိုးသမီးရဲဘော် ၁ ယောက်အနေနဲ့ ကြုံတွေ့ရတဲ့ အခက်အခဲတွေနဲ့ ဘယ်လိုရင်ဆိုင်ကျော်ဖြတ်ခဲ့ရတယ်ဆိုတာကို စနိုက်ပါသမား မိကျော့ရဲ့ အတွေ့အကြုံပြောကြားချက်ကို ယင်းမာပင်ခရိုင် တပ်ရင်း-၁ က မျှဝေထားပါတယ်။
Read More

အောင်ဇေယျစစ်ဆင်ရေးမှ ထွက်ပြေးလွတ်မြောက်လာတဲ့ တပ်မ(၅၅) လက်အောက်ခံ ခလရ-၃ကိုယ်ပိုင်အမှတ်- တ/၅၆၂၁၁၇ တပ်ကြပ် သက်ခိုင်ဦး (ရုပ်/သံ)

''နောက်တန်းပြန်ပို့တဲ့အချိန်တော့ စားရပါတယ်။ အခုနောက်ပိုင်း ရိက္ခာတွေ ပြတ်တောက်ပြီးတော့ လူတွေလည်း အားမရှိ၊ လဲတဲ့သူကလဲ၊ နေမကောင်းတဲ့သူက မကောင်းဖြစ်နေတာ အပေါ်က အ ထက်အရာရှိတွေက လိမ်လည်ခိုင်းတော့ မသေသင့်ဘဲ သေရမှာစိုးလို့ အလင်းလာဝင်ခြင်းဖြစ်ပါတယ်"
Read More

အောင်ဇေယျစစ်ဆင်ရေးမှ ထွက်ပြေးလွတ်မြောက်လာသည့် တပ်မ(၅၅) လက်အောက်ခံ ခလရ(၉၄) ကိုယ်ပိုင်အမှတ် – တတ/၁၁၁၅၁၅ တပ်သား- ချစ်မင်းသူ၏ ပြောကြားချက် (ရုပ်/သံ)

''မိုင်းယောင်မှာ နေတုန်းက ဆေးရောင်းတုန်း ဖမ်းခံထိတာ။ ဆေးက သွားယူတော့ မိုင်းယုမြို့က အပြန်မှာ အဖမ်းခံရတာ။ ခလရ ၃၃၄ က ဖမ်းဆီးတော့ ဗဟိုကင်းအချုပ်ထဲမှာ ထားတယ်။ တစ်ပတ်နေတော့ စစ်တပ်ထဲဝင်မလား၊ ထောင်ကျခံမလားမေးတယ်။ စစ်ထဲဝင်မယ်လို့ပြောတော့ ဗဟိုကင်းအချုပ်ထဲမှာ အကျယ်ချုပ်ပုံစံ ထားထားတယ်။ စစ်သင်တန်းဆင်းတော့ အာဏာသိမ်းပြီးပြီ။ အဲဒီနောက် မူဝါဒက ပိုပိုပြီးဆိုးလာတယ်''