တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့အခြေစိုက် စစ်ကောင်စီရဲ့ ခလရ ၂၈၅ တပ်ရင်းက စစ်သား (၂) ယောက် လက်နက်မဲ့အလင်းဝင်လာတယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။

အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သား ၂ ယောက်ဟာ သိန်ခွန်းရွာတိုက်ပွဲက ထွက်ပြေးလာပြီး တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပ.က.ဖ)ဆီ ဆက်သွယ်ကာ ဖေဖော်ဝါရီ ၁၂ ရက်က အလင်းဝင်ရောက်လာခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ တတိယအပတ်ကစလို့ ဖေဖော်ဝါရီလကုန်ပိုင်းအထိ တနင်္သာရီမြို့နယ်၊ သိန်ခွန်းရွာနဲ့ ထုံမခါရွာနဲ့အနီးတဝိုက်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

အလင်းဝင်စစ်သား ၂ ယောက်ထဲက ၁ ယောက်ဟာ ဧရာဝတီတိုင်း၊ ကွင်းကောင့်မြို့ တန်းမြင့်တင်၊လေ့ကျင့်ရေးကျောင်းအပတ်စဉ်(၁) စစ်မှုထမ်းသင်တန်းဆင်းဖြစ်ပြီး နောက်တစ်ယောက်မှာတော့ ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့က အပတ်စဉ်(၁) စစ်မှုထမ်းသင်တန်းဆင်းတွေ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါစစ်သား ၂ ယောက်ဟာ သင်တန်းဆင်းပြီး ပုလောမြို့အခြေစိုက် ခလရ ၂၈၅ တပ်တွင် တာဝန်ထမ်းဆောင်ခဲ့ရတဲ့နောက် တနင်္သာရီမြို့နယ်၊ သိန်ခွန်းရွာတိုက်ပွဲ ရှေ့တန်းစစ်မြေပြင်ကနေ ထွက်ပြေးလွတ်မြောက်လာပြီး တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပ က ဖ)ကို ဆက်သွယ် အလင်းဝင်လာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အတင်းအဓမ္မ တပ်သားစုဆောင်းခံရမှုမှာ ပါဝင်ခဲ့ရတဲ့ အလင်းဝင် စစ်သား ၂ ယောက်က “ကျနော်တို့က ရပ်ရွာထဲမှာ အလှည့်ကျ မဲနှိုက်ပေါက်လို့ စစ်မှူထမ်းပါလာတာပါ၊နောက်တစ်ဦးက အလုပ်ကပြန်မှာ အတင်းအဓမ္မဖမ်းဆီးခြင်းခံရတာပါ”လို့ ပြောကြောင်း တနင်္သာရီ ပကဖ က ဆိုပါတယ်။

အလင်းဝင်စစ်သား ၂ ယောက်ထဲက ၁ ယောက်မှာ တနင်္သာရီမြို့နယ် ပကဖ နဲ့ ပူးပေါင်းပြီး စစ်ကောင်စီကို ပြန်တိုက်ခိုက်မှာဖြစ်ပြီး လက်ရှိမှာတော့ အလင်းဝင် စစ်သား ၂ ယောက်ကို ဘေးကင်းလုံခြုံရာနေရာမှာ စီစဉ်ထားရှိထားတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ရုရှား၊ တရုတ်၊ အိန္ဒိယနှင့် ဘီလာရုစ်နိုင်ငံများသည် အကြမ်းဖက်မင်းအောင်လှိုင်၏ ရာဇဝတ်မှု မိတ်ဖက်များဟု JFM ထုတ်ပြန်

အကြမ်းဖက်မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အုပ်စုကို နည်းမျိုးစုံနဲ့ ထောက်ပံ့ပေးနေတဲ့ ရုရှား၊ တရုတ်၊ အိန္ဒိယနဲ့ ဘီလာရုစ်နိုင်ငံတွေဟာ ရာဇဝတ်မှု မိတ်ဖက်တွေ ဖြစ်တယ်လို့ Justice For Myanmar (JFM) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အောင်လံမြို့နယ်တွင် စစ်သား ၁ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ အရှင်ဖမ်းမိ၊ စစ်ဆေးမေးမြန်းချိန် ခုခံထွက်ပြေးသည့်အတွက် ပစ်ခတ်ရာ သေဆုံး

မကွေးတိုင်း၊ အောင်လံမြို့နယ်မှာ အကြမ်းဖက်စစ်ကြောင်းကနေ လူစုကွဲလာတဲ့ စစ်သား ၁ ယောက်ကို လက်နက်နဲ့ အရှင်ဖမ်းမိခဲ့ပေမယ့် ခုခံထွက်ပြေးတာကြောင့် ပစ်ခတ်ဖမ်းဆီးရာ သေဆုံးသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၉၀၂ တပ်ရင်း၊ တပ်ခွဲ ၃ တောင်တွင်းကြီးတပ်ခွဲက မနေ့က ထုတ်ပြန်ပါတယ်။
Read More

မုံရွာမြို့က ထွက်လာတဲ့ စစ်ကောင်စီရဲ့ သံပြားကာ ကားတန်းကို မိုင်းဆွဲတိုက်ခိုက်ရာ ကားတစ်စီး ထိခိုက်ပျက်စီး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့က ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ သံပြားကာ ကားတန်းကို မိုင်းဆွဲတိုက်ခိုက်ရာ ကားတစ်စီး ထိခိုက်ပျက်စီးခဲ့တယ်လို့ မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း - People's Defence Force - South Monywa က ထုတ်ပြန်ထားပါတယ်။
Read More

တော်လှန်ရေးအဖွဲ့အဖြစ် အယောင်ဆောင်ပြီး အရပ်သားတွေဆီက ခြိမ်းခြောက်ငွေညှစ်နေသူကို ကန့်ဘလူခရိုင်- အမှတ် ၄ တပ်ရင်း ဖမ်းဆီး

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ တော်လှန်ရေး အဖွဲ့အဖြစ် အယောင်ဆောင်ပြီး အရပ်သားပြည်သူတွေဆီက ခြိမ်းခြောက်ငွေညှစ်နေတဲ့ သန်းထိုက်ဦး (ခ) ငတီးဆိုသူကို ဖမ်းဆီးစစ်ဆေးနေကြောင်း ကန့်ဘလူခရိုင်-တပ်ရင်း ၄ ထံက သိရပါတယ်။
Read More

ပုလောမှာ တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံး ၁၀ ဦးခန့် ရှိနိုင်၊ ရဲဘော် ၁ ဦးနှင့် ပြည်သူ ၁ ဦးလည်း သေဆုံးခဲ့

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (ပုလော) မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းကနေ သတင်းထုတ်ပြန်လာပါတယ်။