အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရုရှားနဲ့ ဘီလာရုစ်နိုင်ငံတွေကနေ ပြန်ရောက်လာပြီးနောက် တရုတ်နိုင်ငံရဲ့ အာဆီယံရေးရာ အထူးကိုယ်စားလှယ် တိန့်ရှီကျွင်းက နေပြည်တော် ရောက်ရှိလာကာ စစ်ကောင်စီနိုင်ငံခြားဝန်ကြီး သန်းဆွေနဲ့ တွေ့ဆုံခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

မတ်လ ၉ ရက်မှာ မင်းအောင်လှိုင် နေပြည်တော်ကို ပြန်လည်ရောက်ရှိလာပြီးတဲ့နောက် မတ်လ ၁၀ ရက်မှာတော့ တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီကျွင်းက စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး သန်းဆွေနဲ့ နေပြည်တော်မှာ လာရောက်တွေ့ဆုံခဲ့တာပါ။ 

တွေ့ဆုံမှုအတွင်း မြန်မာ-တရုတ်နယ်စပ်ဒေသတလျှောက် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ပိုမိုမြှင့်တင်နိုင်ဖို့ တရုတ်နဲ့ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်နဲ့ သက်ဆိုင်တာတွေ ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီက ဆိုပါတယ်။ 

(ဓာတ်ပုံ စကစ ပြန်ကြားရေးဝန်ကြီးဌာန)

ဒါ့အပြင် နယ်စပ်ဒေသမှာ ရှိနေတဲ့ အွန်လိုင်းလောင်းကစားနဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို ပူးပေါင်းတိုက်ဖျက်ရေးကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

တရုတ်နိုင်ငံအနေနဲ့ မြန်မာပြည်တွင်းငြိမ်းချမ်းရေးကို ထဲထဲဝင်ဝင် စွက်ဖက်လာနေပြီး မြောက်ပိုင်း ညီနောင် ၃ ဖွဲ့ထဲက ကိုးကန့်တပ်မတော် MNDAA ကို စစ်ကောင်စီနဲ့ အတင်းအကြပ် ညှိနှိုင်းစေခဲ့သလို လက်ရှိမှာလည်း တအာင်းတပ်မတော် TNLA ကိုပါ စစ်ကောင်စီနဲ့ အတင်းအကြပ် တွေ့ဆုံဆွေးနွေးဖို့ ဖိအားပေးနေတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

မြန်မာရွှေ့ပြောင်းများအပေါ် ထိုင်းအာဏာပိုင်များ၏ အမြတ်ထုတ်မှု လူ့အခွင့်အရေးအဖွဲ့ အစီရင်ခံ

စစ်ကောင်စီရဲ့ ဖိနှိပ်မှုတွေကြောင့် ထိုင်းနိုင်ငံကို ထွက်ပြေးတိမ်းရှောင်လာသူ မြန်မာနိုင်ငံသားတွေကို ထိုင်းအာဏာပိုင်တွေက ခြိမ်းခြောက်၊ ငွေညှစ်၊ ဖမ်းဆီးနေကြောင်း လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) ဟာ ဇူလိုင်လ ၁၄ ရက်က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
Read More

အင်ဒိုနီးရှားက မြန်မာ့အရေးဆွေးနွေးပွဲမှာ RCSS တက်ရောက်ခဲ့

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် (RCSS/SSA) ဟာ အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပခဲ့တဲ့ မြန်မာ့အရေး တံခါးပိတ်အစည်းအဝေးမှာ တက်ရောက်ခဲ့ကြောင်း RCSS က ဒီနေ့ အောက်တိုဘာ ၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
Read More

လွှတ်တော်အမတ် အီဂန်းအီလ်နဲ့ တောင်ကိုရီးယား NUG ကိုယ်စားလှယ်ရုံးတို့ မြန်မာ့အရေး တွေ့ဆုံဆွေးနွေးခဲ့

တောင်ကိုရီးယားနိုင်ငံ၊ အမျိုးသားလွှတ်တော် အမျိုးသားမူဝါဒကော်မတီအဖွဲ့ဝင် အမတ် အီဂန်းအီလ် (Lee Kang-il) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ တောင်ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ်ရုံးတို့ဟာ ဒီနေ့ ဒီဇင်ဘာ ၃၀ ရက်မှာ မြန်မာ့တော်လှန်ရေးနဲ့ ပတ်သက်တဲ့ ရှေ့လုပ်ငန်းစဉ်တွေအတွက် အချိန် ၁ နာရီကြာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
Read More

အမေရိကန်ဗုံးကြဲလေယာဥ်များ အီရန်၏ နျူကလီးယားစက်ရုံများကို အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့ဟု ထရမ့် ကြေညာ

အမေရိကန်စစ်တပ်ဟာ အီရန်နိုင်ငံရှိ အဓိက နျူကလီးယားစက်ရုံသုံးခုဖြစ်တဲ့ ဖော်ဒေါ် (Fordow)၊ နေတန့်ဇ် (Natanz) နဲ့ အစ်ဖာဟန် (Isfahan) တို့ကို အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့ပြီဖြစ်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဒီနေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
Read More

စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲမှာ အားလုံးပါဝင် အကျုံးဝင်စေဖို့ အာဆီယံလိုလားဟုဆို

လာမဲ့နှစ် စစ်ကောင်စီက ပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲမှာ အားလုံးပါဝင်အကျုံးဝင်စေဖို့ အာဆီယံအဖွဲ့ဝင်တွေအနေနဲ့ လိုလားမှာဖြစ်ကြောင်း ထိုင်းက စစ်ကောင်စီကို ပြောဆိုခဲ့တယ်လို့ ထိုင်းအရာရှိတွေက ဒီဇင်ဘာ ၂၁ ရက် သောကြာနေ့မှာ ပြောကြားခဲ့ပါတယ်။
Read More

လန်ဒန်မြို့တွင် ဒေါ်အောင်ဆန်းစုကြည် အသက် ၈၀ ပြည့် မွေးနေ့အထိမ်းအမှတ် တော်လှန်ရေးရံပုံငွေ စျေးရောင်းပွဲ ပြုလုပ်

ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့မှာ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့်မွေးနေ့ အထိမ်းအမှတ် တော်လှန်ရေးရံပုံငွေ စျေးရောင်းပွဲကို မနေ့က ပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ဗြိတိန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။