မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ ဝက်လူးရဲစခန်းက ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၅) ယောက် သေဆုံးပြီး ဗိုလ်မှူး ဝင်းလှိုင်ဦးနဲ့ ဗိုလ်ကြီး အောင်ကိုကို အပါအဝင် (၁၄) ယောက် ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသက ဒီနေ့ ထုတ်ပြန်ပါတယ်။

ဝက်လူးရဲစခန်းက ထွက်လာတဲ့ စစ်ကောင်စီရဲ့ တပ်မ-၁၀၁ လက်အောက်ခံ စစ်ကောင်စီအင်အား (၂၀၀) ခန့်ပါ စစ်ကြောင်းကို မြင်းခြံခရိုင် တပ်ရင်း (၄၊ ၁၀)၊ နွားထိုးကြီးမြို့နယ် ပကဖ နဲ့ မဟာမိတ် ပူးပေါင်းအဖွဲ့တို့က ကျတွင်းဘိုးရွာ အနောက်တောင်ဘက်မှာ မတ်လ (၉) ရက်မှာ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၅) ယောက် သေဆုံးပြီး ဗိုလ်မှူး ဝင်းလှိုင်ဦးနဲ့ ဗိုလ်ကြီး အောင်ကိုကို အပါအဝင် (၁၄) ယောက် ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဆီက လက်နက်မျိုးစုံ (၄၄) လက် (MA-1 (၁၉) လက်၊ MA-2 (၂) လက်၊ MA-3 (၇) လက်၊ MA-5 (၂) လက်၊ MA-11 (၇) လက်၊ MA-12 (၁) လက်၊ G-3 (၂) လက်၊ G-4 (၁) လက်၊ ၆၀ မမ ပြောင်းတို (၂) လက်၊ ၈၁ မမ စိန်ပြောင်း (၁) လက်)၊ 5.56 ကျည် (၁၂၀၀၀) တောင့်၊ 7.62 ကျည် (၁၀၄၅) တောင့်၊ ၉ မမ ကျည် (၁၉) တောင့်၊ ၆၀ မမ ကျည် (၂၈) လုံး၊ ၈၁ မမ ကျည် (၇) လုံး၊ RPG ကျည်အဖူး (၇) လုံး၊ RPG ပို့ကျည် (၈) တောင့်၊ အီနာဂါ (၂၁) လုံး၊ နင်းမိုင်း (၅) လုံး၊ လက်ပစ်ဗုံး (၁၁) လုံး၊ Laptop (၂) လုံး၊ ဆက်သွယ်ရေးစက် (၂) လုံး သိမ်းဆည်းရမိခဲ့တယ်လို့ အမှတ် ၁ စစ်ဒေသရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ မိတ္ထီလာနဲ့ တံတားဦးက တက်လာတဲ့ ဂျက်တိုက်လေယာဉ်နဲ့ လေကြောင်းပစ်ကူ (၂) ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး နွားထိုးကြီးမြို့နယ် ပကဖ ရဲဘော် (၂) ယောက် ကျဆုံးခဲ့တယ်လို့ အမှတ် (၁) စစ်ဒေသက ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ပုသိမ်မှာ စစ်မှုထမ်း စုဆောင်းခံရသူများအနက် အယောက် ၄၀ ထွက်ပြေး၊ ၁၆ ယောက် ပြန်အဖမ်းခံရ

ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ ရွှေမြင့်တင် ကျေးရွာက စစ်ကောင်စီရဲ့ အမှတ် ၆ လေ့ကျင့်ရေးတပ်မှာ စုဆောင်းထားတဲ့ တပ်သားသစ် အယောက် ၄၀ ထွက်ပြေးသွားပြီး စစ်တပ်ထောက်ခံသူရဲ့ သတင်းပေးမှုကြောင့် ၁၆ ယောက် ပြန်လည်အဖမ်းခံခဲ့ရကြောင်း သိရပါတယ်။
Read More

အရာတော်တွင် ရိက္ခာသယ်ထွက်လာသည့် စစ်အုပ်စုများ နှစ်ဖက်ညှပ်တိုက်ခံရ၊ အထိအခိုက် အများအပြားဖြင့် ပြန်ဆုတ်သွား

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်မှာ ရိက္ခာသယ်ထွက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက နှစ်ဖက်ညှပ် တိုက်ခိုက်ရာ စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုတွေရှိပြီး အပြေးအလွှား ပြန်လည်ဆုတ်ခွာသွားကြကြောင်း Ngwe Dwin Revolution Force တာဝန်ရှိသူ၁ယောက်က မောင်းကိုပြောပါတယ်။
Read More

ပေါက် ကပစ (၂၄) မှ အကြမ်းဖက်စစ်ကြောင်း ပခုက္ကူဘက် ပြန်ထွက်လာလို့ လမ်းတလျှောက် ကျေးရွာများ ပြန်လည်တိမ်းရှောင်နေရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်မှာ ကပစ (၂၄) ကို ရောက်ရှိခဲ့တဲ့ အကြမ်းဖက်စစ်ကြောင်းက စစ်အုပ်စုနဲ့ ကားတန်းဟာ ပခုက္ကူမြို့ဘက်ကို ပြန်လည်ထွက်ခွာလာနေတာကြောင့် ဒေသခံတွေ ထပ်မံတိမ်းရှောင်နေရကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုတွေက မောင်းကို ပြောပါတယ်။
Read More

MDY-PDF စိုးမိုးနယ်မြေမှ သီတင်းကျွတ် လပြည့်ည (ဓာတ်ပုံသတင်း)

နိုင်ငံကို ပြန်လည်တည်ဆောက်ရေးနဲ့ နိုင်ငံထဲက အ‌ရှုပ်အထွေးတွေကို ဖြေရှင်းဖို့ ခိုင်မာတဲ့ စီမံချက်တွေ ကြံ့ခိုင်ရေးပါတီ (USDP) မှာ ရှိတယ်လို့ ပါတီ ဥက္ကဋ္ဌ ဦးခင်ရီက ပြောဆိုလိုက်ပါတယ်။
Read More

ဆင်ဖြူကျွန်းက စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်ပြီးပြန်လာတဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေကို ပြည်သူတွေကြိုဆို

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့အနီးက စစ်ကောင်စီအခြေစိုက်တပ်စွဲရာနေရာကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ မိုးကြိုးပြောက်ကျားတပ်ဖွဲ့ အမှတ် (၁၀၁) တပ်ရင်းကို ပြည်သူတွေက ဂုဏ်ပြုကြိုဆိုခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။