ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်၊ ဆန်ခလဘူရီ အကောက်ခွန်ဂိတ်မှာ မြန်မာနိုင်ငံကို ပို့မယ့် Starlink ဂြိုလ်တုအင်တာနက် ဆက်သွယ်ရေး စက် ၂၁ လုံး သယ်ဆောင်လာတဲ့ မြန်မာနိုင်ငံသားကို တားမြစ်ပစ္စည်းတွေ တရားမဝင် လက်ဝယ်ထားရှိမှုနဲ့ ဖမ်းဆီးလိုက်တယ်လို့ ထိုင်းသတင်းတွေက ဖော်ပြထားပါတယ်။

မတ်လ ၁၁ ရက် ဒီနေ့မှာ ဘုရားသုံးဆူလမ်းကနေ တရားမဝင် ဆက်သွယ်ရေးစက်တွေနဲ့ ပစ္စည်းတွေ ပို့ဆောင်နေတယ်လို့ သတင်းရရှိတာကြောင့် ထိုင်းအာဏာပိုင်တွေက စောင့်ဖမ်းခဲ့တာဖြစ်ပြီး ဖမ်းဆီးခံရသူဟာ ကန်ချနဘူရီခရိုင်နေ အသက် ၃၃ နှစ်အရွယ် အမျိုးသားဖြစ်တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံရသူဟာ ဘုရားသုံးဆူလမ်းကြောင်းကတဆင့် တားမြစ်ပစ္စည်းတွေ တင်ပို့ရာမှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး Starlink အင်တာနက် ၂၁ လုံး၊ ပုံနှိပ်ပရင်တာ ၅လုံးနဲ့အတူ ဖမ်းဆီးခံခဲ့ရတယ်လို့ ထိုင်းသတင်းတွေက ဆိုပါတယ်။

ထိုင်းသတင်းတွေရဲ့ အဆိုအရ ပွဲစားတစ်ယောက် ချိတ်ဆက်ပေးမှုနဲ့ ဖမ်းဆီးခံရသူဟာ တားမြစ်ပစ္စည်းတွေကို ဘန်ကောက်မြို့က ကုန်လှောင်ရုံတစ်ခုကနေ ဘုရားသုံးဆူဂိတ်ကို ပို့ဆောင်ပေးဖို့ သယ်ဆောင်လာတာဖြစ်ပြီး အခကြေးငွေ ထိုင်းဘတ် ၅၅၀၀ ရရှိခဲ့တယ်လို့ ထွက်ဆိုထားကြောင်း သိရပါတယ်။

(ဓာတ်ပုံ naewna.com)

0 Shares:
You May Also Like
Read More

ဘုံသဘောတူညီချက် ၅ ရပ်ထဲမှာပဲ ပိတ်မိမနေဖို့နဲ့ စစ်ကောင်စီကို နေရာပေး ဆက်ဆံမှုတွေ ရပ်ဖို့ အရပ်ဘက်အဖွဲ့ ၂၆၀ ကျော်က အာဆီယံကို တိုက်တွန်းတောင်းဆို

အာဆီယံအနေနဲ့ ဘုံသဘောတူညီချက်တွေကို ကျော်လွန်လုပ်ဆောင်ကာ စစ်ကောင်စီနဲ့  ထိတွေ့ဆက်ဆံနေမှုကို အမြန်ဆုံး ရပ်တန့်ဖို့  အရပ်ဘက်အဖွဲ့အစည်း ၂၆၀ ကျော်က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
Read More

စစ်ကောင်စီအတွက် နောက်ဆုံးနေရာဟာ ရာဇဝတ်သားတွေအဖြစ် တရားရုံးရှေ့မှောက်သာ ဖြစ်သင့်ကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက နိုင်ငံတကာကို အသိပေး

စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ စစ်ကောင်စီအတွက် နောက်ဆုံးနေရာအဖြစ် တရားရုံးနဲ့ ခုံရုံးရှေ့မှောက်ကိုသာ အရောက်ပို့ရမှာဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုလိုက်ပါတယ်။
Read More

ဆန်ဖရန်စစ္စကို မြို့တော်ခန်းမရှေ့မှ ၁၆၁ ကြိမ်မြောက် မြေပြင်လူထုသပိတ်တိုက်ပွဲ

အ​မေရိကန်ပြည်​ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုမြို့ရဲ့ မြို့တော်ခန်းမရှေ့မှာ ၁၆၁ ကြိမ်မြောက် မြေပြင်လူထုသပိတ်တိုက်ပွဲအဖြစ် ဆန္ဒပြခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲကို အာဆီယံခေါင်းဆောင်များ ပြတ်သားစွာ ငြင်းပယ်ရမည်ဟု တွမ်အင်ဒရူးစ် တိုက်တွန်း

မြန်မာနိုင်မှာ စစ်အုပ်ချုပ်ရေးကို ပိုမိုခိုင်မာစေပြီး နိုင်ငံတကာဖိအားတွေ လျှော့ချဖို့ကိုသာ ရည်ရွယ်ထားတဲ့ စစ်ကော်မရှင်ရဲ့ တရားမဝင် ရွေးကောက်ပွဲကို အာဆီယံခေါင်းဆောင်တွေ ပြတ်ပြတ်သားသား ငြင်းပယ်ရမယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တွမ်အင်ဒရူးစ်က ပြောဆိုလိုက်ပါတယ်။
Read More

လိမ်လည်လုပ်ငန်းတွေကို တိုက်ဖျက်ဖို့ စစ်ကောင်စီ၊ တရုတ်နဲ့ ထိုင်းတို့ သဘောတူညီခဲ့ကြဟု ဆို

တရုတ်နိုင်ငံ၊ ကူမင်းမှာ ဇန်နဝါရီလ ၂၁ ရက်၊ အင်္ဂါနေ့က ပြုလုပ်ခဲ့တဲ့ အစည်းအဝေးအတွင်း တရုတ်၊ ထိုင်းနဲ့ စစ်ကောင်စီအရာရှိတို့အကြား ဆိုင်ဘာလိမ်လည်လုပ်ငန်းတွေ ပပျောက်ရေး လုပ်ဆောင်ဖို့ သဘောတူညီခဲ့ကြတယ်လို့ တရုတ်အစိုးရပိုင် ရုပ်သံဌာန CCTV က ထုတ်ပြန်ပါတယ်။ 
Read More

ငလျင်ဒဏ်သင့် ဒေသများတွင် ကူညီကယ်ဆယ်ရေးလုပ်ဆောင်ဖို့ ထိုင်းအထူးတပ်ဖွဲ့ ရောက်ရှိ

ထိုင်းအစိုးရက စေလွှတ်လိုက်တဲ့ ထိုင်းအထူးတပ်ဖွဲ့ဝင် (၅၅) ယောက်ဟာ မြန်မာနိုင်ငံက ငလျင်ဒဏ်သင့်ဒေသတွေမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ ဒီနေ့ မတ်လ ၃၀ ရက်မှာ မြန်မာပြည်ကို ရောက်ရှိလာပြီဖြစ်ပါတယ်။