မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ အေးကြင်းရွာကို အကြမ်းဖက်စစ်တပ်က တိုက်ပွဲမဖြစ်ပွားဘဲ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၁၅ နှစ်အရွယ် မိန်းကလေးငယ် ၁ ယောက် သေဆုံးပြီး ၁ ယောက် ဒဏ်ရာရခဲ့တယ်လို့ တောင်သာမြို့နယ် လူထုလှုပ်ရှားမှုကော်မတီဆီက သိရပါတယ်။

မတ်လ ၁၀ ရက် မနေ့က မွန်းလွဲပိုင်းမှာ အေးကြင်းကျေးရွာကို တိုက်ပွဲမဖြစ်ပွားဘဲ အကြမ်းဖက်စစ်တပ်က လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘုရားကုန်းအတွင်း ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၁၅ နှစ်အရွယ် မိန်းကလေးငယ် ၁ ယောက် သေဆုံးခဲ့ပြီး အမျိုးသား ၁ ယောက် ပြင်းထန်ဒဏ်ရာရရှိကာ ဘုရားဝင်း အတွင်းရှိ အဆောက်အဦးတွေ ထိခိုက် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

မတ်လ ၁၁ ရက် ဒီနေ့ မနက်အစောပိုင်းကလည်း အကြမ်းဖက်စစ်ကောင်စီတပ်ဟာ ဇရပ်ကြီးကျေးရွာကို စက်တပ်လေထီးနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့ရာ နေအိမ် ၅ လုံး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

တောင်သာမြို့နယ်မှာ တိုက်ပွဲမဖြစ်ပွားဘဲ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတာကြောင့် လေယာဉ်သံနဲ့ စက်တပ်လေထီးသံ ကြားရင် ဗုံးခိုကျင်းတွေမှာ ပုန်းခိုကြဖို့ တောင်သာမြို့နယ် လူထုလှုပ်ရှားမှု ကော်မတီက အသိပေးနှိုးဆော်ထားပါတယ်။

စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများ (ဓာတ်ပုံ လူထုလှုပ်ရှားမှုကော်မတီတောင်သာ)

0 Shares:
You May Also Like
Read More

မိုးကုတ်မြို့တွင် TNLA နှင့် ဂေါ်ရခါးလူမျိုးတို့ တွေ့ဆုံဆွေးနွေးပွဲအပြီး ဂေါ်ရခါးလူမျိုး ၈၄ ဦးကို အုပ်ထိန်းသူများထံ အပ်နှံ

မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ တအာင်းတပ်မတော် (TNLA) နဲ့ ဂေါ်ရခါးလူမျိုးတို့ တွေ့ဆုံဆွေးနွေးပွဲအပြီး ဂေါ်ရခါးလူမျိုး ၈၄ ယောက်ကို အုပ်ထိန်းသူတွေဆီ အပ်နှံခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပြည်သူလူထုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်တို့ ပူးပေါင်းပြီး စုပေါင်းမဟာဘုံကထိန်ပြုလုပ်ခဲ့တဲ့ ပုံရိပ်များ… (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ် (၂) စစ်ဒေသခွဲ ထိန်းချုပ်နယ်မြေတွေမှာ ပြည်သူလူထုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့ ပူးပေါင်းပြီး စုပေါင်းမဟာဘုံကထိန်ပြုလုပ်ခဲ့တဲ့ ပုံရိပ်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ကျားဖြန့်လုပ်ငန်းတွေကို နှိမ်နင်းဖို့ တရုတ်က ဇင်ယော် စစ်ဆင်ရေးကို လုပ်ဆောင်မည်

တရုတ်က ကျားဖြန့်လုပ်ငန်းတွေကိုနှိမ်နင်းဖို့ “ဇင်ယော်” စစ်ဆင်ရေးအဖြစ် မဲ့ခေါင်ဒေသက ၆ နိုင်ငံမှာ လုပ်ဆောင်သွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက  ဇန်နဝါရီလ ၂၁ ရက် မနေ့က ထုတ်ပြန်လိုက်ပါတယ်
Read More

ပေါက်တွင် ကပစ ၂၄ စစ်ကြောင်းနှင့် တော်လှန်ရေးတပ်များ ထိတွေ့တိုက်ပွဲ နေ့စဥ်ရက်ဆက်ဖြစ်ပွားနေ၊ စစ်အုပ်စုအထိနာကာ လေကြောင်းဆက်တိုက်သုံးနေ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်အတွင်း ဝင်ရောက်နေတဲ့ အကြမ်းဖက်စစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲတွေ နေ့စဥ်ဖြစ်ပွားပြီး စစ်အုပ်စုဘက်က အများအပြား ထိခိုက်သေဆုံးမှုတွေရှိနေကြောင်း မြိုင်ပကဖ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

မင်းအောင်လှိုင် ကူမင်းကို အခုတစ်ပတ်ထဲ လာမယ်လို့ တရုတ်အစိုးရအတည်ပြု

တရုတ်ဝန်ကြီးချုပ် ဦးဆောင်မယ့် မဟာမဲခေါင်ဒေသခွဲ (GMS) ရဲ့ထိပ်သီးအစည်းအဝေးကို မင်းအောင်လှိုင်တက်ရောက်မယ့်အကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က နိုဝင်ဘာ ၄ ရက်မှာ အတည်ပြုပြောဆိုပါတယ်။
Read More

ရန်ကုန်အခြေစိုက် တော်လှန်ညီနောင် ၄ ဖွဲ့နှင့် ရန်ကုန်ဒရုန်းအဖွဲ့ ပူးပေါင်း

ရန်ကုန်မြို့မှာ အခြေစိုက်ပြီး စစ်အာဏာရှင်ကို ပြောက်ကျားသပိတ်တွေ ဆင်နွှဲနေတဲ့ ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့နဲ့ ရန်ကုန်ဒရုန်းအဖွဲ့တို့ ပူးပေါင်းကာ မဟာမိတ်အဖြစ် ဖွဲ့စည်းကြောင်း ထုတ်ပြန်ပါတယ်။