အကြမ်းဖက်စစ်ကောင်စီ လုံခြုံရေးအထူးတင်းကြပ်ထားတဲ့ ရန်ကုန်မြို့အနှံ့မှာ မြေပြင်သပိတ်အင်အားစုတွေက “ILO  A 33  MYANMAR  2025” စာသားပါ အင်္ကျီတွေ ဝတ်ဆင်ပြီး အလုပ်သမားထုအပေါ် စစ်ကောင်စီရဲ့ ဖိနှိပ်နေမှုတွေကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ – ILO ညီလာခံမှာ အရေးယူပေးဖို့ တောင်းဆိုဆန္ဒပြခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီလှုပ်ရှားမှုကို ရန်ကုန်တော်လှန်ညီနောင်(၄)ဖွဲ့နဲ့အတူ ရန်ကုန်မြေပြင်သပိတ်အင်အားစုတွေက မတ်လ ၁၀ ရက် ဒီနေ့မှာ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

အာဏာသိမ်းမှု ကာလအတွင်း အကြမ်းဖက်စစ်ကောင်စီဟာ အလုပ်သမားတွေအပေါ် အတင်းအဓမ္မလုပ်အားခိုင်းစေတာ၊ လွတ်လပ်စွာ အသင်းအဖွဲ့ ဖွဲ့စည်းခွင့်နဲ့ စည်းရုံးခွင့်တွေ ပိတ်ပင်တာတွေ ပြုလုပ်နေတယ်လို့ သပိတ်အင်အားစုတွေက ဆိုပါတယ်။ 

အကြမ်းဖက်စစ်ကောင်စီအနေနဲ့ အလုပ်သမားတွေရဲ့ အခြေခံအခွင့်အရေးတွေကို အကာအကွယ်ပေးနေတဲ့ ILO ရဲ့ စံနှုန်းတွေအပေါ် လိုက်နာမှုမရှိတာကြောင့် “ပုဒ်မ ၃၃ “ နဲ့ အရေးယူပေးဖို့ သပိတ်အင်အားစုတွေက တောင်းဆိုတိုက်တွန်းထားပါတယ်။

0 Shares:
You May Also Like
Read More

ဦးလေးဖြစ်သူ စစ်ဗိုလ်ချုပ်ဟောင်း၏အရှိန်ဖြင့် အရပ်သားများအပေါ် ဖိနှိပ်ခဲ့သည့် ဆင်ချောင်းရွာ ပျူစောထီးခေါင်းဆောင် လင်းထင်(ခ) ငလင်း ဒရုန်းဖြင့်တိုက်ခိုက်ခံရပြီး သေဆုံး

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်မှာ ခြင်းခတ်နေတဲ့ ပျူစောထီးတွေကို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ယခင်စစ်ကောင်စီ ဝန်ကြီးဖြစ်ခဲ့သူ စစ်ဗိုလ်ချုပ်ဟောင်းစိုးမောင်၏တူ ဆင်ချောင်းရွာ ပျူစောထီးခေါင်းဆောင် လင်းထင်(ခ) ငလင်း အပါအဝင် ပျူ (၁၀)ယောက်နီးပါးသေဆုံးခဲ့တယ်လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးကမောင်းကိုပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ(၁၅)ရက်နေ့ ညနေပိုင်းက ရေစကြိုမြို့နယ်၊ ရေစကြို-ပခုက္ကူကားလမ်းဘေး ဆင်ချောင်ပျူရွာအတွင်း ခြင်းခတ်နေတဲ့ ပျူစောထီးတွေကို ပကဖတပ်ဖွဲ့ဝင်တွေက ဒရုန်းနဲ့ ဗုံးသီးအများအပြား ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

TNLA ရဲ့ အမျိုးသမီးစွမ်းရည်မြှင့်တင်ရေး အပတ်စဥ် (၂) သင်တန်းဆင်းပွဲနဲ့ အပတ်စဥ် (၃) သင်တန်းဖွင့်ပွဲ

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်နယ်မြေ တစ်နေရာမှာ TNLA အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနက ဦးစီးဖွင့်လှစ်တဲ့ အမျိုးသမီးစွမ်းရည်မြှင့်တင်ရေး အပတ်စဥ် (၂) သင်တန်းဆင်းပွဲနဲ့ အပတ်စဥ် (၃)သင်တန်းဖွင့်ပွဲ အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကြောရေး ဒဏ်ရာများဖြင့် အကျဥ်းထောင်အတွင်း ကျဆုံးခဲ့သည့် မဝတ်ရည်အောင်၏ နောက်ဆုံးခရီး

အကြမ်းဖက်စစ်ကောင်စီ မတရား ဖမ်းဆီးအကျဥ်းချထားပြီး အကျဥ်းထောင်ထဲမှာပဲ မနေ့က ကျဆုံးခဲ့တဲ့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် အသက် ၂၆ နှစ်အရွယ် မဝတ်ရည်အောင်ရဲ့ စျာပနကို ဒီနေ့မှာ ကူညီပို့ဆောင်ပေးခဲ့တယ်လို့ နာရေးကူညီမှုအသင်း-ရန်ကုန်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပင်လောင်းနဲ့ ဖယ်ခုံမြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်က ကောက်ရိတ်ပြန်လာတဲ့ အရပ်သား (၂၀၀) ကျော်ကို မတရားဖမ်းဆီးထား

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ပူချယ်ကျေးရွာကနေ ကောက်ရိတ်ပြန်လာတဲ့ အရပ်သားပြည်သူ အယောက် (၂၀၀) ကို ပင်လောင်းနဲ့ ဖယ်ခုံမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့က မတရားဖမ်းဆီးထားတယ်လို့ ရှေ့တန်းမြေပြင် သတင်းတွေအရ သိရကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ပစ်ခတ်မှုတွေဖြစ်ခဲ့တဲ့ ရွာငံမှာ စစ်တပ်က အရပ်သားတွေကို ဖမ်းဆီးစစ်ဆေးနေ၊ နွားဘန်းကြီးရွာကို ဝင်စီးပြီး အမျိုးသမီး ၂ ယောက်ကို အကြောင်းမဲ့ဖမ်းဆီးသွား

ရှမ်းတောင်၊ ဓနုဒေသ ၊ ရွာငံမြို့မှာ မြို့အဝင်စစ်ဆေးရေးဂိတ်အပါအဝင် မြို့ထဲတပ်စွဲထားတဲ့ စစ်အုပ်စုတွေပစ်ခတ်တိုက်ခိုက်ခံရပြီးတဲ့နောက် စစ်ကောင်စီက ကျေးရွာတွေကို ဝင်ရောက်စီးနင်းရင်း အမျိုးသမီး၂ယောက်ကို အကြောင်းမဲ့ ဖမ်းဆီးသွားတယ်လို့ ဒေသသတင်းရင်းမြစ်တွေက ပြောပါတယ်။
Read More

တောင်ငူ-လိပ်သိုလမ်းပိုင်းမှာ စစ်ကောင်စီနှင့် ကမ်းနီကြားဒေသကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်၊ စစ်ကောင်စီဘက်က ၃ဦးသေ၊ ၂ဦးဒဏ်ရာရ

ပဲခူးတိုင်း၊ တောင်ငူ-လိပ်သိုလမ်းပိုင်းမှာ စစ်ကောင်စီရဲ့နယ်မြေရှင်းလင်းရေးစစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး ၃ယောက်သေကာ ၂ယောက် အပြင်းအထန် ဒဏ်ရာရသွားကြောင်း ကမ်းနီကြားဒေသကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။