မြန်မာပြည်အလယ်ပိုင်း မြေပြန့်ဒေသမှာ စစ်ရေးတွေ ဖော်ဆောင်ဖို့ တော်လှန်စစ် ဆင်နွှဲလိုတဲ့ လူငယ်လူရွယ်တွေကို ဖိတ်ခေါ်တယ်လို့ မန္တလေး PDF က မနေ့က မတ်လ ၉ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

မန္တလေးဒေသထဲမှာ စိုးမိုးထိန်းချုပ်နယ်မြေတချို့ရရှိထားတဲ့ MDY PDF က မြန်မာပြည်အလယ်ပိုင်းမှာ စစ်ရေးအရှိန်မြှင့်တင်နိုင်ဖို့ လိုအပ်နေတဲ့ လူအင်အားအတွက် ဖိတ်ခေါ်နေတာ ဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD) ရဲ့ ကွပ်ကဲမှုအောက်မှာရှိတဲ့ မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်မတော်  MDY PDF  အနေနဲ့  လာရောက်ပူးပေါင်းမယ့် လူငယ်တွေအတွက် ရိက္ခာ၊ စစ်သင်တန်းနဲ့ လက်နက်တွေကို အပြည့်အ၀တပ်ဆင်ပေးသွားမှာဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“ယခုထက် သာလွန်တဲ့ တိုက်စွမ်းရည်နဲ့ တိုက်စွမ်းအား လိုအပ်ပါတယ်။ အထူးသဖြင့် အလယ်ပိုင်းမြေပြန့်ဒေသမှာ စစ်ရေးအလုပ်တွေ အင်နဲ့အားနဲ့ ဆက်လက်ဖော်ဆောင်နိုင်ဖို့အတွက် “တိုက်ခိုက်ရေး လူအင်အား” အများကြီး လိုအပ်ပါတယ်။ ဒါ့ကြောင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က တော်လှန်စစ်ကို ဆင်နွှဲလိုတဲ့ လူငယ်လူရွယ်အပေါင်းကို လှိုက်လှဲစွာ ဖိတ်ခေါ် ကြိုဆိုနေပါတယ်။မိတ်ဆွေရဲဘော် . . . ကျနော်တို့ဆီကို လာဖြစ်အောင်သာ လာခဲ့ပါ။ စစ် တကယ်တိုက်နိုင်ဖို့နဲ့ လိုအပ်တာတွေ တပ်ဆင်ပံ့ပိုးနိုင်ဖို့က ကျနော်တို့ အပြည့်အဝ တာဝန်ယူပါတယ် “ လို့ MDY PDF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

MDY PDF အနေနဲ့  ပြီးခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းနဲ့ ဒုတိယပိုင်း (ရှမ်း-မန်း စစ်ဆင်ရေး) တွေမှာလည်း မဟာမိတ်တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ဟန်ချက်ညီညီ ပူးပေါင်းလက်တွဲပြီး စစ်ရေးလှုပ်ရှားမှုတွေ ဖော်ဆောင်နိုင်ခဲ့ပါတယ်။

တော်လှန်ရေး ခရီးကြမ်းအတွင်း လက်ရှိအဆင့်နဲ့ ရပ်တန့်လို့မရဘဲ အာဏာရှင်စနစ်ကို အပြီးတိုင် အမြစ်ပါချိုးနိုင်ဖို့ မဆုတ်မနစ် ဆက်လက်ကြိုးပမ်းသွားရမှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

MDY PDF ဟာ ၂၀၂၁ ခု ဖေဖော်ဝါရီလ (၂၅) ရက်နေ့မှာ စစ်အာဏာရှင်ဆန့်ကျင့်ရေးလှုပ်ရှားမှုက စတင်လိုက်တဲ့ မန္တလေးသပိတ်ကော်မတီကနေ ပေါ်ပေါက်လာတဲ့ တော်လှန်ရေးတပ်ဖွဲ့တစ်ခုပဲ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

NUG လက်အောက်ရှိ ရှမ်းတောင်အထူးတပ်ဖွဲ့၏ အရာရှိငယ် (NCO) သင်တန်းဆင်းပွဲ

အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ ရှမ်းတောင်အထူးတပ်ဖွဲ့  (P.3-9702) က အရာရှိငယ် (NCO) သင်တန်းဆင်းပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

စစ်ခေါင်းဆောင်နှင့် အရာရှိများကို ဆဲဆိုဝေဖန်ခဲ့သည့် စစ်တပ်လော်ဘီ ဇော်ဘုန်းဟိန်း အလုပ်နှင့် ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံရ

"ဇော်ဘုန်းဟိန်း ထောင် ၁၁ နှစ်ကျတာ မဖြစ်သင့်ဘူးတဲ့။ ဒါကိုတော့ ကိုယ် လက်ခံတယ်။ လုံးဝ ၁၁ နှစ် မဖြစ်သင့်ဘူး။ without ကားတွေ ဖမ်းမယ်ဆိုမှ without ကား စီးပြတာ။ လက်နက်တွေကို အရေးယူမယ်ဆိုမှ သေနတ်တကားကားနဲ့ TT ဆော့ပြခဲ့တာတွေ ရှိသေးတယ်။ အဲ့ကိစ္စနှစ်ခုအတွက် နောက် နှစ်မှု ထပ်ကပ်သင့်သေးတာ.... အဲ့နှစ်မှု ထပ်ကပ်ပြီး အားလုံး ထောင် ၁၂ နှစ် ခွဲလောက်ဆိုမှ ဖြစ်သင့်တာ..." လို့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြရေးသားခဲ့ပါတယ်။
Read More

ကျွန်းလှက တိုက်နယ်ဆေးရုံကို အကြမ်းဖက်စစ်တပ် ဝင်ရောက်စီးနင်းထား

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ ကုက္ကိုကုန်းကျေးရွာက တိုက်နယ်ဆေးရုံကို စစ်ကောင်စီတပ်တွေက ဝင်ရောက်စီးနင်းထားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။ 
Read More

တိုင်းစစ်ဌာနချုပ် အဆင့်ရှိ(နပခ) ကို တိုက်ခိုက်သိမ်းပိုက်နိုင်မှုဟာ သမိုင်းဝင် အောင်ပွဲတစ်ရပ်ဖြစ်လို့ ဝမ်းမြောက်ဂုဏ်ယူကြောင်း NUG က အာရက္ခတပ်တော်ကို သဝဏ်လွှာပေးပို့

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အာရက္ခတပ်တော် AA က  အမ်းမြို့က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ) ကို အပြီးသတ်သိမ်းပိုက်နိုင်ခြင်း အောင်ပွဲအတွက်  အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတက  ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာတစ်ရပ်ကို ပေးပို့လိုက်ပါတယ်။
Read More

ပဲခူးအနောက်ခြမ်းက ကျေးရွာတချို့ကို စစ်ကောင်စီစစ်ကြောင်း မီးရှို့ဖျက်ဆီးနေ

ပဲခူးတိုင်းအနောက်ခြမ်း၊ အုတ်ဖိုမြို့နယ်က ကျေးရွာတွေကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက မီးရှို့ဖျက်ဆီးနေတာကြောင့် ပြည်သူပိုင်နေအိမ်တချို့မီးလောင်ပျက်စီးမှုတွေ ရှိနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေကတဆင့် သိရပါတယ်။
Read More

စစ်ကောင်စီက တက္ကသိုလ်လေ့ကျင့်ရေးတပ်တွေကို စစ်သင်တန်းပေးနေ

ပြည်နယ်နဲ့တိုင်း အသီးသီးက တက္ကသိုလ်လေ့ကျင့်ရေးတပ် (UTC) တွေကို စစ်ကောင်စီက စစ်သင်တန်းပေးနေတယ်လို့ သူ့ရဲ့ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြလာပါတယ်။