တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်မှာ မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ က နယ်မြေရှင်းလင်းရေးလုပ်ဆောင်ချိန် စွန့်ပစ်ထားခဲ့တဲ့ အကြမ်းဖက်စစ်သား အလောင်း ၃ ‌လောင်း တွေ့ရှိခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပကဖ က ထုတ်ပြန်ထားပါတယ်။

ဖေဖော်ဝါရီ ၂၅ ရက် နေ့လယ်ပိုင်းမှာ တနင်္သာရီမြို့ပေါ်ကနေ သိန်းခွန်ရွာဘက်ကို ခြေလျင်စစ်ကူလာတဲ့ အကြမ်းဖက်စစ်ကြောင်းနဲ့ တော်လှန်ရေးပူးပေါင်းအဖွဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းဟာ တောလမ်းကနေ တက်လာပြီး တမုတ်ချုံရွာနဲ့ လယ်တောင်ယာရွာကြားမှာ တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ ထိပ်တိုက် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွါးပြီးတဲ့နောက် နယ်မြေရှင်းလင်းရေး လုပ်ဆောင်ချိန်မှာတော့ အကြမ်ဖက်စစ်တပ်က စစ်သား အလောင်း ၃ လောင်း တွင်းထဲ စွန့်ပစ်ထားတာကို တွေ့ရှိခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပကဖ က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ရွှေပေါက်ပင်ရဲစခန်းကို အဝေးထိန်းမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်မှု ရဲ ၁ဦးနှင့် ပျူ ၁ ဦး သေပြီး ၄ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ ရွှေပေါက်ပင်ရပ်ကွက်က ရဲစခန်းကို အဝေးထိန်းမိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်မှုမှာ ရဲ ၁ ယောက်နဲ့ ပျူစောထီး ၁ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၄ ယောက်ရ ရှိခဲ့တယ်လို့ ဆိပ်ဖြူတစ်ကိုယ်တော်ကျားဇိုး (LDF) က မောင်းကို ပြောပါတယ်။
Read More

ကန်ပိုက်တီမြို့သိမ်းတိုက်ပွဲကနေ ဗိုလ်ကြီးအဆင့်အပါ စစ်သုံ့ပန်းတွေနဲ့ လက်နက်ခဲယမ်း ၁၀၀ ကျော် ရရှိ

ကချင်ပြည်နယ် ကန်ပိုက်တီမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က စစ်သုံ့ပန်းတွေ ဖမ်းဆီးရမိခဲ့ပြီး လက်နက်ခဲယမ်း ၁၀၀ ကျော်ကို သိမ်းဆည်းရရှိခဲ့ကြောင်း KIA ရဲ့ စစ်ရေးသတင်းအရင်းအမြစ်တွေမှာ ဖော်ပြလာပါတယ်။
Read More

ကရင်နီတွင် အပိုင်းအစများ ဖြစ်သွားသည့် စစ်ကောင်စီ၏ တိုက်လေယာဥ်

အကြမ်းဖက်စစ်ကောင်စီက ပျောက်ဆုံးကြောင်း ထုတ်ပြန်ထားတဲ့ တိုက်လေယာဉ်ကို ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်မှာ ပြန်လည်တွေ့ရှိခဲ့ပြီး အဲဒီလေယာဉ်ကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က ပစ်ချနိုင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
Read More

ပြင်းပြင်းထန်ထန် လေ့ကျင့်သင်ကြားပေးခဲ့သည့် MDY-PDF ၏ အခြေခံစစ်ပညာသင်တန်း (အပတ်စဉ် – ၁၇) သင်တန်းဆင်းပွဲ

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY-PDF ရဲ့ အခြေခံစစ်ပညာသင်တန်း (အပတ်စဉ် - ၁၇) သင်တန်းဆင်းပွဲ အခမ်းအနားကို လွတ်မြောက်နယ်မြေတစ်နေရာမှာ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့တယ်လို့ ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မကွေးတိုင်းအတွင်း PDF များ ထိုးစစ်ဆင် တိုက်ခိုက်နေပြီး စလင်းနှင့် ဆင်ဖြူကျွန်းကို ဝန်းရံပိတ်ဆို့ထားကြောင်း NUG ထုတ်ပြန်

ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တွေအနေနဲ့ မကွေးတိုင်းထဲက စလင်းနဲ့ ဆင်ဖြူကျွန်းအပါအဝင် မြို့နယ် ၆ မြို့နယ်မှာရှိတဲ့ အကြမ်းဖက်စစ်တပ် စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

ကနားရဲစခန်းမှ ဒုတပ်ကြပ်တစ်ဦးကို ကာကွယ်ရေး တပ်ဖွဲ့မှ ဖမ်းဆီးရမိ

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ် ကနားရဲစခန်းက ဒုတပ်ကြပ် တစ်ယောက် ကို အရှင်ဖမ်းဆီးရမိ ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - စဉ့်ကိုင် မြို့နယ်က ထုတ်ပြန်ထားပါတယ်။