ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်က စနဲမြို့ တိုက်နယ်ပြည်သူ့ဆေးရုံကို အကြမ်းဖက်စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ရခိုင်သတင်းဌာနတွေရဲ့ ဖော်ပြမှုနဲ့ ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

ကျောက်ဖြူအခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ အမှတ်(၁၈) တောင်မော်ကြီး တပ်စခန်းကနေ ဒရုန်း ၂ စီးနဲ့ စနဲတိုက်နယ်ဆေးရုံကြီးကို မတ်လ ၁၀ ရက် ဒီနေ့ မနက်အစောပိုင်းမှာ ဗုံးသီး (၂)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီကြဲချခဲ့တဲ့ ဗုံးသီး ၂ လုံးထဲက တစ်လုံးဟာ စနဲမြို့တိုက်နယ်ဆေးရုံရဲ့ ခွဲစိတ်ခန်းအလယ်တည့်တည့် ကျရောက်ပေါက်ကွဲပြီး နောက်တစ်လုံးကတော့ ခွဲစိတ်ခန်းအပြင်ဖက် ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။

စနဲတိုက်နယ်ဆေးရုံဟာ ပိတ်ထားတာကြာပြီဖြစ်ပြီး လူနေထိုင်တာ၊ ဆေးဝါးကုသတာတွေ မရှိတာကြောင့် လူထိခိုက်ဒဏ်ရာရတာမျိုး မရှိခဲ့ဘူးလို့ သိရပါတယ်။

(ဓာတ်ပုံ  Arakan Princess Media)

0 Shares:
You May Also Like
Read More

မတ္တရာမြို့နယ်အတွင်းမှာ ဖမ်းဆီးရမိထားသည့် မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီး

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်း ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝန်မှုကြီးကြပ်ရေး ဝန်ကြီးဌာနက မေလ ၃၁ ရက် မနေ့က ထုတ်ပြန်ပါတယ်။
Read More

စစ်မှုထမ်းတပ်သား ၂ ဦး တောကြီးမြွေဟောက်တပ်ဖွဲ့ထံ အလင်းဝင်

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က စစ်မှုထမ်း တပ်သားသစ် ၂ယောက် အလင်းဝင်ရောက်ခိုလှုံလာခဲ့တယ်လို့ တောကြီးမြွေဟောက်တပ်ဖွဲ့ (Cobra King Force) က ဒီမနက် ထုတ်ပြန်ပါတယ်။
Read More

လူအင်အားဖြည့်ရန် ထွက်လာသည့် စစ်အုပ်စုကြားဖြတ်တိုက်ခိုက်ခံရ ၁၀ ဦး သေဆုံး၊ ၁၃ ဦး ဒဏ်ရာရ

မကွေးတိုင်း ၊ ရေစကြိုကနေ ကျောက်ရစ်အထိုင်စခန်းထဲကို အကြမ်ဖက်စစ်တပ် အရာရှိအပြောင်းအလည်း ပြုလုပ်ပြီး လူအင်အားဖြည့်ဖို့ ထွက်လာတဲ့စစ်အုပ်စုနဲ့ ကာကွယ်ရေးပူးပေါင်းတပ် အပြန်အလှန်ထိတွေ့မှုဖြစ်ပွားခဲ့ရာ စစ်အုပ်စုဘက်က ထိခိုက်သေဆုံးသူတွေရှိတယ်လို့ လျှပ်စီးတပ်ခွဲ မုံရွာခရိုင် အမှတ် (၁၂) တပ်ခွဲ (၃) ဆီက သိရပါတယ်။
Read More

ရွေးကောက်ပွဲအပိုင်း ၂ ကျင်းပရန် နယ်လှည့်စစ်ဆေးနေသည့် စစ်အုပ်စုယာဉ်တန်းကို တိုက်ခိုက်ရာ မြို့နယ်မှူး တဦးအပါ ၈ ဦး သေဆုံးပြီး လက်နက်တချို့သိမ်းဆည်းရမိ

အတုအေယာင် ရွေးကောက်ပွဲ အပိုင်း ၂ ကျင်းပနိုင်ဖို့အတွက် မကွေးတိုင်း၊ မြို့သစ်မြို့နယ်ထဲကို လှည့်လည် စစ်ဆေးနေတဲ့ စစ်အုပ်ရဲ့ ယာဉ်တန်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။
Read More

ငလျင်ဒဏ်အပြီး စစ်ကောင်စီက စဉ့်ကူး၊ မတ္တရာ၊ သပိတ်ကျင်းနှင့် မိုးကုတ်တို့ကို အဆက်မပြတ် လေကြောင်းတိုက်ခိုက်နေ

မန္တလေးတိုင်းအတွင်း မိုးကုတ်၊ မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျင်းမြို့နယ်တို့ကို အကြမ်းဖက်စစ်ကောင်စီက ထိတွေ့တိုက်ပွဲမရှိဘဲ လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်လုပ်ဆောင်နေရာ အရပ်သားထိခိုက်မှုတွေ ရှိနေကြောင်း သိရပါတယ်။ 
Read More

မိုင်းရှင်းဖို့ထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေ မိုင်းခွဲခံရပြီး ၁ ယောက်သေ၊ ၃ ယောက် ဒဏ်ရာပြင်းထန်

စစ်ကိုင်းတိုင်း၊မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်မှာ မိုင်းရှင်းလင်းရေးပြုလုပ်ဖို့ ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်ကို မုံရွာခရိုင် အမှတ် (၁၁) တပ်ရင်းက မိုင်ထောင်ဖောက်ခွဲခဲ့လို့ အကြမ်းဖက်စစ်သားတစ်ယောက်သေဆုံးပြီး သုံးယောက်အပြင်းအထန် ဒဏ်ရာတွေရရှိသွားတယ်လို့ သိရပါတယ်။