အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလအတွင်း လူသားချင်းစာနာမှု အကူအညီ ငွေကျပ် (၄၉၈.၃၂) သန်းကို အမှန်တကယ် အကူအညီ လိုအပ်နေသူတွေဆီ ပံ့ပိုးပေးနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူနဲ့ စစ်ဘေးရှောင်ပြည်သူ (၄၉,၆၄၃) ယောက်ရဲ့ အရေးပေါ်စားနပ်ရိက္ခာအတွက် ငွေကျပ် (၃၉၂.၃) သန်း၊ ထိတွေ့တိုက်ပွဲတွေမှာ ကျဆုံးခဲ့ရတဲ့ သူရဲကောင်းပြည်သူ အယောက် (၂၀၀) နဲ့ ထိခိုက်ဒဏ်ရာရရှိသူ (၅၄၃) ယောက်အတွက် အရေးပေါ်လူသားချင်းစာနာမှု အကူအညီအဖြစ် ငွေကျပ် (၅၂.၁) သန်း၊ CDM ဝန်ထမ်းတွေအတွက် အရေးပေါ်လူသားချင်းစာနာမှုအကူအညီအဖြစ် ငွေကျပ် (၁.၄) သန်း ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် နိုင်ငံရေးအကျဉ်းသားတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေအတွက် အရေးပေါ် လူသားချင်းစာနာမှုအကူအညီအဖြစ် ငွေကျပ် (၅.၇) သန်း၊ အထွေထွေ လူသားချင်းစာနာမှုအကူအညီအဖြစ် ငွေကျပ် (၄၆.၉) သန်း ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။

တော်လှန်ရေး (၄) နှစ်ကျော်ကာလအတွင်း တော်လှန်ရေးအောင်မြင်နိုင်ရေးကိုသာ ရှေးရှုပြီး အဖက်ဖက်က အကြပ်အတည်းတွေကြား ကြံ့ကြံ့ခံကာ ပါဝင်တော်လှန်နေတဲ့ ပြည်သူတစ်ယောက်ချင်းစီတိုင်းရဲ့ လုပ်ဆောင်ချက်တွေနဲ့ ထားရှိတဲ့ စိတ်ဓါတ်တွေကို လေးစားဂုဏ်ယူမိသလို ရှေ့ဆက်ပြီးတော့လည်း မလျော့သောဇွဲနဲ့ ညီညီညွတ်ညွတ် လက်တွဲဆောင်ရွက်သွားမယ်လို့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

TNLA ထိန်းချုပ်ရာ နမ့်ခမ်းကို လေကြောင်းကနေ ၃ ကြိမ်တိုင်ဗုံးကြဲတိုက်ခိုက်

TNLA ထိန်းချုပ်ထားတဲ့  ရှမ်းမြောက်က နမ့်ခမ်းမြို့ကို ဒီနေ့ အောက်တိုဘာ ၂၇ ရက် မနက် ၇နာရီခွဲလောက်မှာ လေကြောင်းကနေ ၃ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA က အသိပေးထုတ်ပြန်ပါတယ်။
Read More

မြိုင်မြို့နယ် ဗဟင်းရွာကို စစ်ကောင်စီ ပေါင် ၅၀၀ ဗုံးကြဲချ၊ ပြည်သူ ၁ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ မြိုင်မြို့နယ်အနောက်မြောက်ပိုင်း၊ ဗဟင်းရွာကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ကာလဝမ်းရောဂါအခြေအနေကြောင့် ထိုင်း-မြန်မာ နယ်စပ် တစ်လပိတ်

ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ ရွှေကုက္ကိုလ်မှာ လတ်တလော ဖြစ်ပွားနေတဲ့ ကာလဝမ်းရောဂါ အခြေအနေတွေကြောင့် ထိုင်း-မြန်မာ နယ်စပ်ကို တစ်လပိတ်မယ်လို့ ထိုင်း သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။
Read More

နမခအတွင်းက တိုင်းစစ်ရုံးနှင့် ရဟတ်ယာဉ်ကွင်းတို့ကို ရှော့တိုက်ဒုံး ၂လုံးဖြင့် အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) အတွင်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၂ လုံး အောင်မြင်စွာ ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) က သတင်းထုတ်ပြန်ထားပါတယ်။ 
Read More

စဉ့်ကူးမှာ မူးယစ်ဆေးဝါး ရောင်းဝယ်နေသူ ၁ ဦးကို WY ဆေးပြား ၅၂၀၀ ပြားနှင့်အတူ ပကဖ ဖမ်းဆီး

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်မှာ မူးယစ်ဆေးဝါး ရောင်းဝယ်နေသူ ၁ ယောက်ကို WY ဆေးပြား ၅၂၀၀ ပြားနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ စဉ့်ကူးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ ဆီက သိရပါတယ်။
Read More

ကြို့ပင်ကောက်တွင် စက်တပ်လေထီး ဗုံးကြဲမှုကြောင့် အမျိုးသား ၁ဦး ဦးခေါင်းဗုံးစထိမှန် သေဆုံး

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ အေးရွာလေးကို အကြမ်းဖက်စစ်တပ်က စက်တပ်လေထီးတွေနဲ့ ဗုံးသီး ၉ လုံး လာရောက်ကြဲချခဲ့ကြောင်း ဒေသခံတွေထံက သိရပါတယ်။ ဒီဇင်ဘာ ၆ ရက် မနေ့ နေ့လယ် ၃နာရီလောက်မှာ သဲကုန်းမြို့ကနေ တက်လာတဲ့ စစ်အုပ်စုရဲ့စက်တပ်လေထီး ၃စီးဟာ အေးရွာလေးကို ၁၂၀ မမ ဗုံးသီး ၉ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံအမျိုးသား ၁ယောက် ဦးခေါင်းကို ဗုံးစထိမှန် သေဆုံးသွားတယ်လို့ ဆိုပါတယ်။