အာဏာသိမ်းစစ်ခေါင်းဆောင် နဲ့ လူပုဂ္ဂိုလ် ၂၅ ဦးကို  အင်တာပိုလ်မှတဆင့် ဖမ်းဆီးမိန့်များထုတ်ပြန်ပေးဖို့ အာဂျင်တီးနားအစိုးရကို Blood Money Campaign – BMC က တိုက်တွန်းလိုက်ပါတယ်။

အာဂျင်တီးနား အစိုးရ အနေဖြင့် နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာ ရဲအဖွဲ့ (interpol) မှ အလျင်အမြန် ပူးပေါင်းဆောင်ရွက် ဖမ်းဆီးမိန့်များ (red notice) ထုတ်ပြန်ဖို့ တိုက်တွန်းလိုက်တာပါ။ 

BMC ရဲ့ ထုတ်ပြန်ချက်အတွင်း  ဖမ်းဝရမ်းဟာ ရာဇဝတ်မှုအတွက် သံသယရှိသူများထဲမှ ပြစ်မှုထင်ရှားသူတွေကို  ဖော်ထုတ် တရားစီရင်နိုင်ရန် ရုံးတော်သို့ ခေါ်ယူခြင်းဖြစ်ကြောင်း နားလည်တယ်လို့ ဆိုပါတယ်။

 ရိုဟင်ဂျာ လူမျိုးများကို လူမျိုးတုံး သတ်ဖြတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့  ရာဇဝတ်မှုများကို ၂၀၁၂ ခုနှစ် အရပ်သားတပိုင်း စစ်တပိုင်း အစိုးရ (သိန်းစိန် အစိုးရ) လက်ထက်တွင် ကျူးလွန်ခဲ့ခြင်း ဖြစ်တယ်လို့လည်း ဆိုပါတယ်။

 တစ်ဆင်တည်းမှာပဲ အရပ်သားအစိုးရ တက်လာပြီး ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်များတွင် အကြီးမားဆုံးသော လူမျိုးတုံးသတ်ဖြတ်မှုများ ဖြစ်ပွားခဲ့ပါတယ်။  မြန်မာနိုင်ငံရဲ့ ၂၀၀၈ အခြေခံဥပဒေဟာ ဘယ်လိုအခြေအနေမျိုးမှာပဲ  ဖြစ်ပါစေ အရပ်သားအစိုးရဟာ ပြည်သူလူထုကို အကာအကွယ် ပေးရမယ်လို့ မှတ်ယူကြောင်း Blood Money Campagin ကဆိုပါတယ်။ ဒါ့ကြောင့်  အရပ်သားအစိုးရအနေနဲ့ အကာအကွယ် မပေးခဲ့မှုဟာ အထင်အရှား မှတ်တမ်း သက်သေများရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

၂၀၂၁ ခုနှစ် မေလက အကြမ််းဖက်စစ်တပ် ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဆီးဖို့ အလိုရှိသော ပိုစတာကို ထားဝယ်တွင် ဆန္ဒပြသူများ ချိတ်ဆွဲထားသည်။ (ဓာတ်ပုံ Dawei Watch/AFP)

အာဂျင်တီးနားတရားရုံးအနေနဲ့  အပြည်ပြည်ဆိုင်ရာ တရားစီရင်မှုအောက်မှ လွတ်လပ်ပြီး ဘက်လိုက်မှုမရှိတဲ့  ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့မှုအပေါ် ယုံကြည်တယ်လို့ လည်း သွေးစွန်းငွေ ဖြတ်တောက်ရေး လှုပ်ရှားမှု အဖွဲ့ကဆိုပါတယ်။ 

သွေးစွန်းငွေ ဖြတ်တောက်ရေး လှုပ်ရှားမှုအဖွဲ့ အနေဖြင့် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခံခဲ့ရတဲ့ ရိုဟင်ဂျာလူမျိုးများနဲ့အတူ တရားမျှတမှု ရရှိတဲ့အထိ ဆက်လက်ရပ်တည်သွားမယ်လို့လည်း ပြောပါတယ်။

ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၁၃ ရက်နေ့က  အာဂျင်တီးနားနိုင်ငံရှိ ဖက်ဒရယ်ဆိုင်ရာ ရာဇဝတ်မှု တရားရုံးမှ မြန်မာနိုင်ငံရှိ စစ်ဘက်ဆိုင်ရာ ခေါင်းဆောင် လူပုဂ္ဂိုလ် ၂၃ ဦး၊ အရပ်ဘက် အစိုးရ ခေါင်းဆောင် လူပုဂ္ဂိုလ် ၂ ဦးအား ရိုဟင်ဂျာလူမျိုးများအပေါ် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုများအတွက် တရားစီရင်နိုင်ရေး ဖမ်းဝရမ်း ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ ဖမ်း၀ရမ်းအတွင်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဟောင်း ဦးထင်ကျော်တို့ပါဝင်နေမှုဟာ မှားယွင်းတဲ့ စွပ်စွဲချက်သာဖြစ်တယ်လို့ တုံ့ပြန်ပြောဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

ရေဦးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်အုပ်စုကို ဒရုန်းဖြင့်ဗုံးကြဲ၊ ဗိုလ်အပါ ၅ ဦး ပြင်းထန်ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့ အခြေစိုက် စစ်ကောင်စီတပ်က ပြည်သူ့စစ် ၁ ယောက်ဟာ သေနတ်မပါဘဲ လက်နက်မဲ့ အလင်းဝင်ခဲ့လာတယ်လို့ ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဆီက သိရပါတယ်။
Read More

နောင်ချိုကို စစ်ကောင်စီ ပေါင် (၅၀၀) ဗုံးကြဲချတိုက်ခိုက်လို့ နေအိမ်တွေ ထိခိုက်ပျက်စီး

နောင်ချိုမြို့နယ်မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ပေါင်(၅၀၀) ဗုံး(၂)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တာကြောင့် နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ TNLA က အသိပေးထုတ်ပြန်ပါတယ်။
Read More

မြိုင်မြို့ပေါ် ဈေးလာဝယ်တဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ရာ စစ်သား ၂ ယောက်သေ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာဈေးဝယ်ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးတပ်တွေက စောင့်ကြိုတိုက်ခိုက်ရာစစ်သား ၂ ယောက် သေဆုံးသွားတယ်လို့ မြိုင်ပကဖကနေ သတင်းထုတ်ပြန်လာပါတယ်။
Read More

စစ်မှုထမ်း အပတ်စဉ် ၁ ဆင်း စစ်ကောင်စီတပ်သား KNDF တပ်ရင်း ၉ ဆီ လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်လာ

ကရင်နီပြည်နယ်၊ ဘောလခဲမြို့အခြေစိုက် ခမရ (၄၂၉) တပ်ရင်းက စစ်မှုထမ်းတပ်သား ၁ ယောက်က လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်လာတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF ၊ အမှတ် (၉) တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကော်မရှင်၏ ရွေးကော်အဖွဲ့ဝင်များကို အကြမ်းဖက်သမားများအဖြစ် NUG ကြေညာ

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်အပါအဝင် စစ်ကော်မရှင်အဖွဲ့ဝင်တွေကို အကြမ်းဖက်သမားတွေအဖြစ် ထုတ်ပြန်ကြေညာခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဟာ စစ်တပ်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ၂၅ ယောက်ကိုလည်း အကြမ်းဖက်သမားတွေအဖြစ် ကြေညာလိုက်ပါတယ်။
Read More

မင်းဘူးခရိုင် PDF အမှတ် ၅ တပ်ရင်းမှ ကျဆုံးရဲဘော်များကို ရည်စူးပြီး ဝါဆိုသင်္ကန်းကပ်လှူ ကုသိုလ်ပြု (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မင်းဘူးခရိုင်အမှတ် ၅ တပ်ရင်းက ဝါတွင်းကာလမှာ ကျဆုံးရဲဘော်တွေကို ရည်စူးပြီး ဝါဆိုသင်္ကန်းကပ်လှူ ကုသိုလ်ပြုခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။