အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့နဲ့ Robbinhood အဖွဲ့ မဟာမိတ်တပ်တွေဟာ အကြမ်းဖက်စစ်တပ်စခန်းကို ဒရုန်းနဲ့ ဗုံးသီး ၆ လုံးကြဲချပြီး Missile အလုံး ၂၀ နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း ဗဟိုကင်း၊ ဘန်ကာတွေ ထိမှန်ခဲ့ပြီး အကြမ်းဖက်စစ်သား ၁ ယောက် အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိသွားတာကို တွေ့ခဲ့ရတယ်လို့ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးတပ်ဖွဲဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

တိုက်ခိုက်ခဲ့တဲ့နေရာကိုတော့ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့က အသေးစိတ်ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။

0 Shares:
You May Also Like
Read More

ကရင်ပြည်နယ်အတွင်း နှစ် ၄၀ ကြာ အထိုင်ချထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ခလယ်ဒေးစခန်းကို KNLA တိုက်ခိုက်သိမ်းပိုက် (ရုပ်/သံ)

ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်က ထိုင်း-မြန်မာ နယ်စပ်အနီးရှိ ခလယ်ဒေးစစ်တပ်စခန်းကို မတ်လ ၂၅ ရက်က တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU)မှ ယနေ့ သတင်းထုတ်ပြန်ထားပါတယ်။
Read More

လေရှီးမြို့မှာ မိုးအဆက်မပြတ်ရွာသွန်မှုကြောင့် လူနေရပ်ကွက်အတွင်း မြေပြိုမှုဖြစ်ပွား (ရုပ်/သံ)

စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့မှာ မိုးအဆက်မပြတ်ရွာသွန်းမှု ကြောင့် လူနေရပ်ကွက်အတွင်း မြေပြိုမှုဖြစ်ပွားခဲ့တယ်လို့ ဒေသတွင်း သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။
Read More

ထားဝယ်မြို့နယ် ပကာရီရဲစခန်းအနီး ခရီးသွားယာဉ်တွေကို ပိုက်ဆံတောင်းနေတဲ့ စစ်ကောင်စီတပ်သား စနိုက်ဘာနဲ့ ပစ်ခတ်ခံရပြီး သေဆုံး (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ပကာရီ ရဲစခန်းအနီး ယနေ့ ဇန်နဝါရီ ၂၄ ရက် နေ့လယ်ပိုင်းက စစ်ဆေးရေးအကြောင်းပြကာ ခရီးသွားယာဉ်တွေကို ပိုက်ဆံတောင်းနေတဲ့ စစ်ကောင်စီတပ်သား ၁ ယောက် စနိုက်ဘာနဲ့ ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ ဒူကရစစ်ကြောင်းထံက သိရပါတယ်။
Read More

ကင်းလှည့်လာသည့် စစ်ကောင်စီတပ်သားများကို ကြားဖြတ်တိုက်ခိုက်၊ ၂ ပွင့်ဗိုလ်အပါ ၈ ဦး သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်မှာ ကင်းလှည့်ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ကြားဖြတ် တိုက်ခိုက်ခဲ့ရာ ၂ ပွိုင့်ဗိုလ်အရာရှိအပါအဝင် ၈ ယောက်သေဆုံးခဲ့တယ်လို့ တန့်ဆည်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ခရီးသွားပြည်သူများကို အနိုင်ကျင့် ပိုက်ဆံတောင်းနေသည့် နတ်မောက်မြို့ တောင်ဘက်အထွက် စစ်တပ်ဂိတ်ကို တိုက်ခိုက်မှု စစ်သား ၅ ဦး သေဆုံး (ရုပ်/သံ)

မကွေးတိုင်း နတ်မောက်မြို့ တောင်ဘက်အထွက်ရှိ အကြမ်းဖက်စစ်တပ် စစ်ဆေးရေးဂိတ်ကို ဧပြီ ၁၀ ရက် မနက်ပိုင်းမှာ တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ယောက်သေခဲ့တယ်လို့ People’s Defense Organization – Natmauk ထံက သိရပါတယ်။
Read More

မုံရွာ-မန္တလေးလမ်းမကြီးတွင် လုံခြုံရေးယူရန်လာသည့် စစ်ကော်မရှင်တပ်သားများ တိုက်ခိုက်ခံရပြီး ၃ ဦး သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းမကြီးပေါ်မှာ လုံခြုံရေးယူဖို့လာတဲ့ စစ်ကော်မရှင်တပ်သားတွေ တိုက်ခိုက်ခံရပြီး ၃ ယောက်သေဆုံးကာ သေနတ် ၃ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ Special Forces 11 - PDF က သတင်းထုတ်ပြန်ထားပါတယ်။