ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ ကျွန်းနက်ကုန်းအုပ်စု၊ ရွှေပန်းတောကျေးရွာနေ စစ်တပ်သတင်းပေး ပျူစောထီး မြင့်လွင်ကို ဖမ်းဆီးရမိပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) စခန်းမှာ ထိန်းသိမ်းထားချိန် ထွက်ပြေးရာ ပြန်ဖမ်းတာကို လက်မခံတာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၆ Black Dragon (GBK-PDF) က ထုတ်ပြန်ထားပါတယ်။

မတ်လ ၈ ရက် မနက်ပိုင်းမှာ ပျူစောထီး မြင့်လွင်က ကြို့ပင်ကောက်မြို့နယ်၊ အလယ်ကုန်းရွာနဲ့ ကျစွာဘုရားကြားရှိ ဆက်သွယ်ရေး လမ်းပေါ်မှာ ဆိုင်ကယ်စီးလာချိန် Black Dragon (GBK-PDF) က မိုလ်ဘိုင်းဖုန်း ၁လုံး၊ ဆိုင်ကယ် ၁စီးနဲ့အတူ အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးရမိတဲ့ ပျူစောထီး မြင့်လွင်ကို စစ်ဆေးမေးမြန်းမှုတွေ လုပ်ဆောင်ပြီး စခန်းမှာ ထိန်းသိမ်းထားရာ မတ်လ ၁၀ ရက် မနက်ပိုင်းမှာ စခန်းစောင့် ရဲဘော် အိပ်ပျော်နေချိန် ချည်ထားတဲ့ကြိုးကို ဖြတ်ပြီး ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။

စစ်တပ်သတင်းပေး ပျူစောထီး မြင့်လွင်

ထွက်ပြေးသွားတဲ့ ပျူစောထီးကို ကင်းလှည့်နေတဲ့ PDF ရဲဘော်တွေက တောစပ်မှာ တွေ့ရှိပြီး ပြန်လည် ဖမ်းဆီးရာ လက်မခံတာကြောင့် အသံတိတ် ရှင်းလင်းလိုက်ရတယ်လို့ Black Dragon (GBK-PDF) က ဆိုပါတယ်။

ပျူစောထီး မြင့်လွင်ဟာ ရွှေပန်းတော အထက်တန်းကျောင်းမှာ ကျောင်းစောင့်အဖြစ် လုပ်ကိုင်ရင်း တော်လှန်ရေးရဲဘော်တွေရဲ့ သွားလာလှုပ်ရှားမှုတွေကို စုံစမ်းထောက်လှမ်းပြီး ပြည်သူ့စစ်တွေနဲ့ စစ်ကောင်စီတပ်တွေဆီ သတင်းပေးတာ၊ စစ်ကောင်စီတပ်ကို မမှန်သတင်းပေးကာ ပြည်သူတွေကို ဖမ်းဆီးခိုင်းတာတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ပျူစောထီး မြင့်လွင်က ဒေသခံပြည်သူတွေရဲ့ ဆိုင်ကယ်တွေကို စစ်ကောင်စီတွေနဲ့အတူ ဖမ်းဆီးတာ၊ အလယ်ကုန်းရဲစခန်းက ဖွဲ့စည်းထားတဲ့ ပျူစောထီးအဖွဲ့ထဲ ဝင်ကာ စစ်ကောင်စီအတွက် အလုပ်လုပ်ပေးနေသူဖြစ်ကြောင်း သူ့ကို စစ်ဆေးမေးမြန်းချိန် ဝန်ခံထွက်ဆိုခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

နတ်တလင်းတွင် စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်များ ပျက်စီးပြီး ဗုံးသီးအချို့ မပေါက်ကွဲဘဲ ကျန်နေ

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်း အဆောက်အအဦးတွေနဲ့ လူနေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂ရက် ညပိုင်းမှာ နတ်တလင်းမြို့နယ် အရှေ့ခြမ်းက မကျီးပင်ရွာနဲ့ အောင်သုခရွာကို လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
Read More

မြို့ပေါ်မှာ ရည်စားနဲ့ သွားတွေ့ရင်း လုပ်သက် ၂၅ နှစ်ရှိ ဒုတပ်ကြပ် အဖမ်းခံရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့ပေါ်မှာ လုပ်သက်၂၅နှစ်ရှိ ဒုတပ်ကြပ် ၁ယောက်နဲ့ ပျူစောထီး ၁ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ KBU-တောလေးအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

အသက်မပြည့်သေးသူများကို စစ်မှုမထမ်းခိုင်းရန် NUG ကာကွယ်ရေးဝန်ကြီးဌာန တားမြစ်မိန့် ထုတ်ပြန်…

အသက် ၁၈ နှစ်မပြည့်သေးတဲ့ ကလေးသူငယ်တွေကို ပြည်သူ့ကာကွယ်ရေးတပ်တွေမှာ ဝင်ရောက် တာဝန်ထမ်းဆောင်ခွင့်မပြုဖို့ ညွှန်ကြားထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက သြဂုတ် ၂၉ ရက် မနေ့က ထုတ်ပြန်ထားပါတယ်။
Read More

ရေဦးနဲ့ ဒီပဲယင်းက နှစ်ရှည်စစ်ရှောင်နဲ့ ပြည်သူများကို စားနပ်ရိက္ခာများ လှူဒါန်း (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်နဲ့ ဒီပဲယင်းမြို့နယ်အတွင်းက နှစ်ရှည်စစ်ရှောင်နေရတဲ့ စစ်ရှောင်ပြည်သူတွေကို ရေဦးမြို့နယ်အခြေစိုက် PDC သတင်းပြန်ကြားရေးဌာနခွဲ၊ ရေဦးမြို့နယ် စစ်ရှောင်ပြည်သူ ထောက်ပံ့ရေးအဖွဲ့ နဲ့ ရွှေဘိုခရိုင် ပင်မ ပြန်ကြားရေးဌာနတပ်ခွဲ ရေခဲမြစ်ငယ်နွေအဖွဲ့တို့ ပူးပေါင်းပြီး စားနပ်ရိက္ခာတွေကို ထောက်ပံ့လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ 
Read More

စည်းလုံးညီညွတ်မှုရှိစွာ ပူးပေါင်းဆောင်ရွက်နိုင်ပါက ကရင့်တော်လှန်ရေးအောင်မြင်မယ်လို KNU ဥက္ကဋ္ဌ ပြော

ကရင့်တော်လှန်ရေး အောင်မြင်ဖို့ အဓိကသော့ချက်ဟာ စည်းလုံးညီညွတ်မှုရှိရှိနဲ့ ပူးပေါင်းဆောင်ရွက်ရေး ဖြစ်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။
Read More

DMO Local PDF တပ်ရင်း ၂ မှ အသက် ၂၆ နှစ်အရွယ် ဒုတပ်ရင်းမှူး၏ ဈာပန

ကရင်နီပြည်နယ်ရဲ့ ရှေ့တန်းစစ်မြေပြင်မှာ ကျဆုံးခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ် ဒီးမော့ဆို (DMO Local PDF) ရဲ့ တပ်ရင်း (၂) ဒုတပ်ရင်းမှူး ဟင်နရီလုအောင်ရဲ့ စျာပနအခမ်းအနားကို မနေ့က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။