အာဏာသိမ်းစစ်တပ်က ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲကို ဆန့်ကျင်နှောင့်ယှက်မှုမျိုး မပြုလုပ်ဘဲ အားလုံးပူးပေါင်းကြဖို့  စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။

ရုရှားခရီးစဉ်ကနေ မြန်မာနိုင်ငံကိုပြန်လာတဲ့  မင်းအောင်လှိုင်ဟာ လေယာဉ်ပေါ်က မဆင်းသေးဘဲ သူတို့ရဲ့ ဝါဒဖြန့်မီဒီယာတွေကို အခုလို ပြောကြားလိုက်တာပါ။

“ပါတီစုံဒီမိုကရေစီစနစ်လုပ်မယ်လို့ ကျနော်တို့ ပြောခဲ့တာရှိတယ်၊ ဒါကျနော်တို့ ခိုင်ခိုင်မာမာလုပ်မှာပါ၊ ပါတီစုံဒီမိုကရေစီစနစ်ကို တကယ်လိုချင်လို့ရှိရင် ပူးပေါင်းဆောင်ရွက်ဖို့ပဲ လိုပါတယ်” လို့ မင်းအောင်လှိုင်က ဆိုပါတယ်။

(ဓာတ်ပုံ စကစ ပြန်ကြားရေးဝန်ကြီးဌာန)

မင်းအောင်လှိုင်က ရွေးကောက်ပွဲကို စစ်အာဏာသိမ်းမှု သက်တမ်း ၅ နှစ်ခန့်အကြာ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ (ဒါမှမဟုတ်) ၂၀၂၆ ခုနှစ် ဇန်နဝါရီလ အစောပိုင်းမှာ ပြုလုပ်မယ်လို့ ဘယ်လာရုစ်နိုင်ငံမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

“ပါတီစုံဒီမိုကရေစီစနစ်ကို တကယ်လိုချင်လို့ရှိရင် ကဏ္ဍကောစ လုပ်မနေနဲ့။ ပူးပေါင်းဆောင်ရွက်ဖို့ပဲ လိုပါတယ်” လို့ မင်းအောင်လှိုင်က ဆိုပါတယ်။

မင်းအောင်လှိုင်ဟာ ရုရှားနိုင်ငံနဲ့ ဘီလာရုစ်နိုင်ငံတွေကို မတ်လ ၃ ရက်နေ့က ၉ ရက်နေ့အထိ တစ်ပတ်ကြာ သွားရောက်ခဲ့တာဖြစ်ပါတယ်။

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို NUCC ၊ NUG အပါအဝင် အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ တော်လှန်ရေးအင်အားစုတွေက ဆန့်ကျင်ကန့်ကွက်မှုတွေ ဆက်တိုက်ပြုလုပ်လျက်ရှိပါတယ်။

0 Shares:
You May Also Like
Read More

နောင်ချိုမြို့ စိန်ရတနာ ပရိယတ္တိစာသင်တိုက်ကို စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် သံဃာတော် ၂ ပါးနှင့် သာမဏေ ၄ ပါး အပါ အရပ်သား (၉) ဦး သေဆုံး၊ (၁၇) ဦး ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်းက တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့က စိန်ရတနာ ပရိယတ္တိစာသင်တိုက်ကို စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သံဃာတော် ၂ ပါးနဲ့ သာမဏေ ၄ ပါး အပါအဝင် အရပ်သား (၉) ယောက် သေဆုံးပြီး (၁၇) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ဒီနေ့ မနက်ပိုင်းမှာ တရားဝင်သတင်းထုတ်ပြန်ပါတယ်။
Read More

ပအိုဝ်းပြည်သူ့စစ်က စစ်ရှောင်ပြည်သူများအား ပြည်သူ့စစ်အဖြစ် စုဆောင်းနေ

အင်းလေးဒေသမှာ ပအိုဝ်းပြည်သူ့စစ်တွေက စစ်ရှောင်ပြည်သူတွေကို ပြည်သူ့စစ်အဖြစ် ခေါ်ဆောင်နေတယ်လို့ အင်းလေးပြည်သူ့ကာကွယ်ရေးတပ်မတော် (IPDF) က အသိပေးထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီ လေကြောင်းဗုံးကြဲမှုကြောင့် အရပ်သား ၂၀၀ ကျော် ထိုင်းဘက်ထွက်ပြေး

စစ်ကောင်စီရဲ့လေကြောင်းဗုံးကြဲမှုကြောင့် သောကြာနေ့ကစလို့ အရပ်သား ပြည်သူ ၂၀၀ ကျော် ထိုင်းနိုင်ငံဘက်ခြမ်းကို ထွက်ပြေးခိုလှုံလာကြတယ်လို့ Khaosod သတင်းမှာ ဖော်ပြပါတယ်။
Read More

စစ်ကူမရတာကြောင့် စစ်ကောင်စီတပ်များ ဆုတ်ခွာတော့မည်ဟု သတင်းထွက်နေသည့် ညောင်ကျိုးစခန်း 

ရခိုင်ပြည်နယ်နဲ့ ပဲခူးတိုင်း နယ်စပ်မှာရှိတဲ့ ညောင်ကျိုးစခန်းကို စစ်ကောင်စီတပ်တွေက စစ်ကူ ထပ်မပို့နိုင်တော့တာကြောင့် အဲဒီစခန်းကို လက်လွှတ်လိုက်တော့မယ် အခြေအနေ ဖြစ်နေတယ်လို့ တပ်တွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။ 
Read More

တိုက်ပွဲများကြောင့် ဖရူဆို-ထားလဲ-နန်းဖဲ လမ်းမကြီးကို အသုံးမပြုရန် KNDF ထုတ်ပြန်

ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းမှာ စစ်တပ်က ဖရူဆို-ထားလဲ-နန်းဖဲ လမ်းမကြီးဖက်ကို ဦးတည်ပြီး စစ်ရေးလှုပ်ရှားမှု လုပ်လာနိုင်တာကြောင့် အဆိုပါ လမ်းမကြီးကို ဒီနေ့ နိုဝင်ဘာလ ၆ ရက်ကစပြီး ဖြတ်သန်းသွားလာခြင်းမပြုဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ထုတ်ပြန်လိုက်ပါတယ်။
Read More

၇ လအတွင်း စစ်အုပ်စုဘက်မှ ဗိုလ်မှူး ၂ ဦး၊ ဗိုလ်ကြီး ၆ ဦးနှင့် ဗိုလ် ၁ ဦးအပါ ၄၀၉ ဦး ပြည်သူ့ရင်ခွင် ခိုလှုံခဲ့ကြောင်း NUG ထုတ်ပြန်

၂၀၂၅ ခုနှစ် ပထမ ၇ လတာ ကာလအတွင်း အကြမ်းဖက် စစ်ကော်မရှင်တပ်ထံကနေ ဗိုလ်မှူး ၂ ယောက် အပါအဝင် စစ်ကော်မရှင်တပ်သား ၄၀၉ ယောက် ပြည်သူ့ရင်ခွင် ခိုလှုံလာခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။