နွေဦးတော်လှန်ရေးလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တဲ့ LGBT စာရေးဆရာမ  စောဟန်နွေဦးဟာ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ မယ်တော်ဆေးခန်းမှာ ဆေးကုသမှုခံယူရင်း ဒီနေ့မနက်မှာ ကွယ်လွန်သွားတယ်လို့ သိရပါတယ်။

ကွယ်လွန်ချိန် အသက် ၂၈ နှစ်သာရှိသေးတဲ့ စောဟန်နွေဦးဟာ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့နဲ့ မဲဆောက်မြို့တွေမှာ ဆေးကုသမှု ၅ လကျော်ကြာ ခံယူပြီးနောက် ကွယ်လွန်သွားခဲ့တယ်လို့ ဆိုပါတယ်။

တော်လှန်ရေးအသိုင်းအဝိုင်းမှာ အစောလို့ လူသိများတဲ့ စောဟန်နွေဦးဟာ စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် စက်တင်ဘာလက လူမှုကွန်ရက်မှာ နိုင်ငံရေးနဲ့ သက်ဆိုင်တဲ့ Post တွေ ရေးသားမှုအပြင် PDF တွေကို ထောက်ပံ့မှုတို့နဲ့ စွပ််စွဲခံခဲ့ရပြီး မန္တလေးမြို့ရှိ နေအိမ်အတွင်း စစ်ကောင်စီတပ် ဝင်ရောက်ဖမ်းဆီးခံခဲ့ရသူ ဖြစ်ပါတယ်။

ပုဒ်မ ၅၀၅-ကနဲ့ စစ်ကောင်စီတပ် ဖမ်းဆီးထောင်ချတာကို ခံခဲ့ရတဲ့ စောဟန်နွေဦးဟာ ၂၀၂၁ အောက်တိုဘာလမှာ လွတ်ငြိမ်းချမ်းသာနဲ့ ပြန်လည် လွတ်မြောက်လာခဲ့ပြီးနောက် လွတ်မြောက်နယ်မြေအတွင်း သွားရောက်ကာ တော်လှန်ရေးလှုပ်ရှားမှုတွေမှာ ဆက်လက်ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ် ဖမ်းဆီးခံခဲ့ရချိန်က စစ်ကြောရေးအတွင်း ကြုံတွေ့ခဲ့ရတဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုတွေကိုလည်း သတင်းမီဒီယာတွေမှာ ထုတ်ဖော်ပြောကြားခဲ့သလို လူအခွင့်အရေး၊ တရားမျှတမှုအရေး၊ LGBT အရေးတွေကို တက်တက်ကြွကြွ တောင်းဆိုခဲ့ပါသေးတယ်။

စောဟန်နွေဦးရဲ့ ဈာပနကိုတော့ ဒီနေ့ နေ့လယ်ပိုင်းက ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ သုဿန်တစ်ခုမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

NUG ရဲ့ တောင်ပိုင်းစစ်ဒေသမှာ စက်တင်ဘာလ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သား (၁၄၇) ယောက်သေ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသနယ်မြေမှာ စက်တင်ဘာလ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သား  (၁၄၇) ယောက် သေဆုံးပြီး (၉၆) ယောက် ဒဏ်ရာရကာ (၈) ယောက်ကို အရှင်လက်ရဖမ်းဆီးရမိခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အထူးတိုင်းစစ်ဌာနမှ ပကဖ စစ်ကြောင်း ၃ ခုအား လက်နက်တပ်ဆင်

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အထူးတိုင်းစစ်ဌာနဟာ တိုင်းစစ်ဌာနရဲ့ စစ်ဆင်ရေးကွပ်ကဲမှုကို ခံယူကာ စစ်ဆင်ရေးပူးပေါင်းဆောင်ရွက်နေတဲ့ ရန်ကုန်တိုင်း ပကဖ တိုက်ခိုက်ရေးစစ်ကြောင်း၊ မွန်ပြည်နယ် ပကဖ တိုက်ခိုက်ရေးစစ်ကြောင်းနဲ့ ပဲခူးခရိုင်ပကဖ တိုက်ခိုက်ရေးစစ်ကြောင်းတို့ကို ဒီနေ့မှာ လက်နက်တပ်ဆင်ပေးခဲ့ကြောင်း အထူးတိုင်းစစ်ဌာနက ထုတ်ပြန်ပါတယ်။
Read More

ပဲခူးတိုင်း ပကဖ က ရေဘေးသင့်ပြည်သူတွေကို ထောက်ပံ့မှုတွေ ပြုလုပ်

ပဲခူးတိုင်းအရှေ့ခြမ်း စစ်တောင်းမြစ်ဝှမ်းစစ်ဆင်ရေးနယ်မြေ ပကဖ၊ ပအဖနဲ့အဖွဲ့တွေက ရေဘေးဒဏ်သင့် ဒေသခံပြည်သူတွေကို ရိက္ခာနဲ့ ငွေကြေးတွေ ထောက်ပံ့ခဲ့တယ်လို့ ပကဖအသံက သတင်းဖော်ပြထားပါတယ်။
Read More

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဗျူဟာ ၂၉ ၊ ဧရာဝတီ ဖွဲ့စည်းပြီးစီးကြောင်း တောင်ပိုင်းတိုင်း စစ်ဒေသ ထုတ်ပြန်ကြေငြာ.

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ ၊ အမှတ် (၂) စစ်ဒေသခွဲ ၊ တိုင်းစစ် ဌာန၊ ဧရာဝတီတိုင်း ၊ အမှတ် (၂၉) ဗျူဟာ (တနည်း) AYA PDF (ဧရာဝတီ PDF) ဖွဲ့စည်းထားပြီးဖြစ်တယ်လို့ AYA PDF အမှတ်(၂၉) ဗျူဟာက ဒီဇင်ဘာ ၂၇ ရက် မနေ့က ထုတ်ပြန်ကြေညာထားပါတယ်။
Read More

အာဏာသိမ်းစစ်တပ်၏ ရွေးကောက်ပွဲအတုကို လက်မခံကြောင်း အမေရိကန်ရောက် မြန်မာများ အိမ်ဖြူတော်ရှေ့ ဆန္ဒပြ

အကြမ်းဖက် မြန်မာစစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲကို လက်မခံကြောင်း အမေရိကန်နိုင်ငံရောက် မြန်မာတွေက နိုဝင်ဘာ ၂၂ ရက်မှာ သမ္မတရဲ့ အိမ်ဖြူတော်ရှေ့မှာ သွားရောက်ဆန္ဒပြခဲ့ပါတယ်။
Read More

နတ်တလင်းတွင် အကြမ်းဖက်စစ်တပ်အတွက် အလုပ်လုပ်ပေးသည့် ရာအိမ်မှူး ၁ ဦး ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်မှာ အကြမ်းဖက်စစ်တပ်အတွက် အလုပ်လုပ်ပေးနေတဲ့ ရာအိမ်မှူး ၁ ယောက်ကို နေအိမ်အထိ သွားရောက်ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သာယာဝတီခရိုင် အမှတ်-၁ တပ်ရင်း (၃၈၀၁) က သတင်းထုတ်ပြန်ထားပါတယ်။