ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးက စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။ 

ကပစ စက်ရုံတွေ အနီးမှာရှိတဲ့ ညောင်ကျိုးစခန်း မကျရေးကို စစ်ကောင်စီတပ်တွေက ခုခံစစ်ဆင်နေပြီး စစ်ကူတွေလည်း များစွာပို့ထားတယ်လို့ သိရပါတယ်။ 

“အခုက ညောင်ကျိုးက တိုက်ပွဲတွေ ပြင်းထန်နေတဲ့ အနေအထားရှိတယ်။ စစ်ကူတွေ ထပ်လွှတ်မယ်လို့လည်း ကြားရတယ်။ ဘယ်တပ်တွေကို လွှတ်မလဲတော့ သေချာတော့ မသိဘူးပေါ့နော်။ ဒါပေမယ့် လောလောဆယ် တောင်ခမ်း (တပ်မ ၁၁) ကနေပြီး တစ်ဗျူဟာ ပြန်လာတာတော့ ရှိတယ်။ အဲ့ဒီအဖွဲ့တွေကို ခဏအနားပေးပြီးရင် ထပ်ဖြည့်မယ်လို့တော့ ခန့်မှန်းတယ်” လို့ CDM ဗိုလ်ကြီးဇင်ယော်က မောင်းကို ပြောပါတယ်။ 

AA ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ညောင်ကျိုးတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အသက် ၃၆ နှစ်အရွယ် ဗိုလ်မှူးသန့်ဇော်ဟိန်း သေဆုံးခဲ့တဲ့ ဖြစ်စဉ်လည်း ရှိခဲ့ပါတယ်။ 

AA တပ်ဖွဲ့ဝင်တွေဟာ ရခိုင်ပြည်နယ်နဲ့ ပဲခူးတိုင်းအစပ်ဖြစ်တဲ့ ပန်းတောင်းမြို့နယ်က စစ်ကောင်စီစခန်းတွေကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ အစပိုင်းကတည်းက ထိုးစစ်ဆင် တိုက်ခိုက်နေခဲ့တာပါ။ 

တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေတဲ့ ညောင်ကျိုးစခန်းဟာ စစ်ကောင်စီရဲ့ အသက်သွေးကြောတွေထဲက တစ်ခုဖြစ်တဲ့ ကပစ ၆ (သံချက်စက်ရုံ) နဲ့ ၁၀ မိုင်သာ ဝေးကွာတဲ့နေရာမှာ တည်ရှိနေတာပဲ ဖြစ်ပါတယ်။ 

ဆက်လက်ပြီး ဗိုလ်ကြီးဇင်ယော်က “ညောင်ကျိုးပြီးရင် ညောင်ခြေထောက်… ညောင်ခြေထောက်ရောက်ရင်တော့ ကပစစက်ရုံတွေကို စတိုက်တဲ့ အခန်းကဏ္ဍရောက်မှာပေါ့နော်။ ဒါပေမယ့် ညောင်ကျိုးစခန်းကလည်း တော်တော်လေး တင်းခံနေတဲ့ အနေအထားမျိုးတော့ ရှိတယ်ဗျ” လို့ အခြေအနေတွေကို ရှင်းပြပါတယ်။ 

ဒါ့အပြင် ညောင်ကျိုးက စစ်ကောင်စီတပ်တွေကို ပို့ဆောင်ဖို့ ရိက္ခာတွေကိုလည်း ပန်းတောင်းမြို့နယ် ၊ ဥသျှစ်ပင်မြို့နယ်က ပြည်သူတွေကို ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေက လိုက်လံ ချက်ပြုတ်ခိုင်းနေကြောင်းလည်း ဒေသခံတွေထံက သိရပါတယ်။ 

“စစ်သားတွေ ဘူးသီးဖတ်နဲ့ ငနီတူသုံးကောင်ပဲ စားလို့ သနားလို့ စီစဉ်တာဆိုပြီး လိုက်ချက်ခိုင်းတာပေါ့နော်.. ရပ်ကွက်နေ ပြည်သူတွေကို။ ထမင်းထုပ် စီစဉ်ပြီး ပို့နေတာ” လို့ ဥသျှစ်ပင်မြို့ခံတစ်ယောက်က မောင်းကို ပြောပါတယ်။ 

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က တပ်သား သေဆုံးမှုတွေ အများအပြားရှိနေပြီး တပ်သားတချို့က အမိန့်မနာခံဘဲ နောက်တန်းကို ဆုတ်ခွာ ထွက်ပြေးလာသူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

“ရန်သူက သူတို့အလုပ်သူတို့စလုပ်နေပြီ၊ ကျနော်တို့ကလည်း ကိုယ့်အလုပ်ကို ဆက်လုပ်ရမယ်“ (ပြည်သူကာကွယ်ရေးတပ်မတော် ဗျူဟာ (၃၃) ဗျူဟာမှူး စောဒါးကိုရဲ့ မိန့်ခွန်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ ဗျူဟာ (၃၃) ၊ ဒေါနတပ်ရင်းက ဦးစီးကျင်းပပြုလုပ်တဲ့ စနိုက်ပါ (Sniper) သင်တန်းရဲ့ သင်တန်းဆင်းပွဲကို အောက်တိုဘာ ၁၆ ရက် မနက်ပိုင်းမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ပခုက္ကူခရိုင် PDF တပ်ရင်း ၃ ရင်းရဲ့ မွမ်းမံသင်တန်း အပတ်စဥ် (၁) သင်တန်းဆင်းပွဲအခမ်းအနား (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသလက်အောက်ရှိ ပခုက္ကူခရိုင် အမှတ် ၃ တပ်ရင်း၊ အမှတ် ၁၀ တပ်ရင်းနဲ့ အမှတ် ၁၇ တပ်ရင်းတို့ရဲ့ မွမ်းမံသင်တန်း အပတ်စဥ် (၁) သင်တန်းဆင်းပွဲအခမ်းအနား ပြုလုပ်ခဲ့တယ်လို့ ပခုက္ကူခရိုင် အမှတ် ၁၇ တပ်ရင်းက မနေ့က ထုတ်ပြန်ထားပါတယ်။
Read More

တရုတ်က မြန်မာ့အရေးမှာ အိမ်နီးချင်းကောင်း မပီသစွာ ကျင့်၀တ်မဲ့ ၀င်ရောက်စွက်ဖက်ခြင်းဖြစ်

မြန်မာ့အရေးမှာ တရုတ်ရဲ့၀င်ရောက်စွက်ဖက်မှုကို တော်လှန်ရေးအင်အားစုတွေက လက်ခံမှာမဟုတ်ဘဲ ပြင်းပြင်းထန်ထန်ကန့်ကွက်ကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
Read More

စစ်မှုထမ်းဖို့ မဲပေါက်ပြီး ထွက်ပြေးရင် နေအိမ်မီးရှို့မယ်လို့ ခြိမ်းခြောက်ခဲ့တဲ့ အုပ်ချုပ်ရေးမှူး ရှင်းလင်းခံရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ညောင်ကုန်းကျေးရွာအုပ်စုရဲ့ အုပ်ချုပ်ရေးမှူးဟာ ကျေးရွာမှာရှိတဲ့ လူငယ်တွေကို စစ်မှုထမ်းဖို့ ခြိမ်းခြောက်ဖိအားပေးနေတာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၃ က ထုတ်ပြန်လာပါတယ်။ 
Read More

သပိတ်ကျင်းမြို့နယ်အတွင်း တိုက်ပွဲ​များ ဆက်လက်ပြင်းထန်​နေပြီး မြို့ပေါ်နေရာအများစုကို စစ်တပ် ပြန်လည်ထိန်းချုပ်​ထားဟု ဆို

မန္တလေးတိုင်းအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် - မန္တလေး(MDY PDF) ထိန်းချုပ်ထားတဲ့ သပိတ်ကျင်းမြို့နယ်ထဲက နေရာအများစုကို စစ်တပ်က ထိန်းချုပ်လိုက်ပြီလို့ ရှေ့တန်းသတင်းရင်းမြစ်နဲ့ စစ်ကောင်စီ လော်ဘီမီဒီယာတွေရဲ့ သတင်းဖော်ပြမှုအရ သိရပါတယ်။
Read More

မတ္တရာတွင် တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီက လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကြား ထိတွေ့တိုက်ပွဲတွေရှိနေပြီး စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေလုပ်ဆောင်နေကြောင်း Voice Of Mandalay တာဝန်ရှိသူ ၁ ယောက်က မောင်းကို ပြောပါတယ်။