အကြမ်းဖက်စစ်ကောင်စီနဲ့ နီးစပ်တဲ့ဆက်ဆံရေးရှိတဲ့ နာမည်ကြီး ရခိုင်လုပ်ငန်းရှင် သူဌေးကြီး ဦးကျောက်‌တောင်ရဲ့ တောင်ကုတ်မြို့နယ်နဲ့ မောင်တောမြို့နယ်က ပိုင်ဆိုင်မှုတွေကို အာရက္ခအမျိုးသားအဖွဲ့ချုပ် (ULA/AA) ရဲ့ ရက္ခိုင်ပြည်သူ့အစိုးရက ချိတ်ပိတ်သိမ်းဆည်းလိုက်တယ်လို့ သိရပါတယ်။

နေလသစ္စာ၊ ထာဝရအောင်မြေစတဲ့ ကုမ္ပဏီတွေရဲ့ ပိုင်ရှင်ဖြစ်သူ ဦးကျောက်တောင်ရဲ့ ပိုင်ဆိုင်မှုလုပ်ငန်းတွေကို မတ်လဆန်းပိုင်းမှာ ချိတ်ပိတ်သိမ်းယူခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ဦးကျောက်တောင်ဟာ ရခိုင်ပြည်နယ်ရှိ အစိုးရဌာနဆိုင်ရာတွေရဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေ၊ လမ်းတံတား တည်ဆောက်ရေးတွေကို ခေတ်အဆက်ဆက် လက်ဝါးကြီးအုပ်ခဲ့သူဖြစ်တယ်လို့လည်း ရခိုင်ပြည်နယ်ရှိ လုပ်ငန်းရှင်အသိုင်းအဝိုင်းဆီက သိရပါတယ်။

ဦးကျောက်တောင်ဟာ နွေဦးတော်လှန်ရေးကို တိုက်ရိုက် ဝေဖန်ပြောကြားတာမရှိပေမယ့် တိုင်းပြည် တိုးတက်ရေးအတွက် ငြိမ်းချမ်းဖို့ အရေးကြီးသလို တိုက်ပွဲတွေ ဖြစ်နေရင် နိုင်ငံ မတိုးတက်နိုင်ဘူးလို့ စစ်ကောင်စီမီဒီယာတွေမှာ ပြောဆိုခဲ့ဖူးပြီး စစ်ကောင်စီမီဒီယာတွေကလည်း ဦးကျောက်တောင်ကို စီးပွားရေးပညာရှင်ကြီးသဖွယ် ​ဖော်ပြခဲ့တာတွေ ရှိပါတယ်။

ရန်ကုန်၊ ရခိုင်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရေကြောင်းကနေ ကုန်သွယ်ရေးလုပ်ခွင့်ရခဲ့ဖူးသူဖြစ်တဲ့ ဦးကျောက်တောင်ဟာ လက်ရှိ ရန်ကုန်မှာ နေထိုင်နေတယ်လို့လည်း စီးပွားရေးလုပ်ငန်းရှင်အသိုင်းအဝိုင်းက ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့တွေကလွဲပြီး ကျန်တဲ့ မြို့နယ်အားလုံးကို ထိန်းချုပ်ထားနိုင်ပြီဖြစ်တဲ့ အာရက္ခတပ်တော်(AA) အနေနဲ့ အုပ်ချုပ်ရေးယန္တရား ဖော်ဆောင်နေပြီး မြို့သိမ်းတိုက်ပွဲတွေအပြီး စစ်ကောင်စီတပ်က အရာရှိတွေ ပိုင်ဆိုင်တဲ့ နေအိမ်တွေကို ချိတ်ပိတ်သိမ်းဆည်းတာ၊ ပြည်သူတွေဆီက စစ်ကောင်စီ ခိုးယူခဲ့တာတွေကို စိစစ်ပြီး ပိုင်ရှင်ကို ပြန်လည် ပေးအပ်တာတွေလည်း လုပ်ဆောင်နေတာဖြစ်ပါတယ်။

ဦး​ကျောက်​တောင် လူမှုကွန်ရက်မှာ မျှဝေးထားတဲ့ ပုံရိပ်များ (ဓာတ်ပုံ ဦး​ကျောက်​တောင် ​Facebook)

0 Shares:
You May Also Like
Read More

ကျောက်မဲမြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားအမျိုးသမီး (၁) ဦး ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီး (၁) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရပ်စောက်မြို့ ကျောက်ဂူဒေသမှာ DPLA နဲ့ စစ်ကောင်စီ တိုက်ပွဲပြင်းထန်နေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့၊ ကျောက်ဂူဒေသမှာ စစ်ကောင်စီနဲ့  ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) တို့ ပြင်းထန်တဲ့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ DPLA က ဒီနေ့ ဇန်နဝါရီ ၁၆ ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။ 
Read More

PDF အမည်ခံပြီး ငွေညှစ်နေသူများကို NUG/MOD အရေးမယူရင် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် အရေးယူမည်ဖြစ်ကြောင်း Unicorn ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသအတွင်းမှာ PDF အမည်ခံပြီး ပြန်ပေးဆွဲ၊ ငွေညှစ်နေသူတွေကို NUG/MOD အနေနဲ့ အရေးယူခြင်းမလုပ်ရင် ကိုယ့်နည်းကိုယ့်ဟန်နဲ့ အရေးယူသွားမယ့်အကြောင်း Unicorn ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်လာပါတယ်။
Read More

PSLF/TNLA ရဲ့ တရားဥပဒေစိုးမိုးရေး (အမှုစစ်ဆေး အရာရှိပုလိပ်သင်တန်း) အပတ်စဉ် (၂) သင်တန်းဆင်းပွဲအခမ်းအနား…

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA စိုးမိုးနယ်မြေတစ်နေရာမှာ တရားဥပဒေစိုးမိုးရေး (အမှုစစ်ဆေး အရာရှိပုလိပ်သင်တန်း) အပတ်စဉ် (၂) သင်တန်းဆင်းပွဲအခမ်းအနားကို ဒီဇင်ဘာလ ၂၆ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
Read More

ရန်ကုန်အခြေစိုက် တော်လှန်ညီနောင် ၄ ဖွဲ့နှင့် ရန်ကုန်ဒရုန်းအဖွဲ့ ပူးပေါင်း

ရန်ကုန်မြို့မှာ အခြေစိုက်ပြီး စစ်အာဏာရှင်ကို ပြောက်ကျားသပိတ်တွေ ဆင်နွှဲနေတဲ့ ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့နဲ့ ရန်ကုန်ဒရုန်းအဖွဲ့တို့ ပူးပေါင်းကာ မဟာမိတ်အဖြစ် ဖွဲ့စည်းကြောင်း ထုတ်ပြန်ပါတယ်။
Read More

ဟားခါးမြို့နယ်တွင် အကြမ်းဖက်စစ်တပ်က လေကြောင်းမှ ဗုံး ၂ နှစ်ကြိမ် ကြဲချတိုက်ခိုက်

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ဆဲန်ထန်ဒေသ ၊ ဇာထာလ် ကျေးရွာ စာသင်ကျောင်းကို အကြမ်းဖက် စစ်အုပ်စုက ဒီနေ့မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Senthang Revolution Force ကထုတ်ပြန်ပါတယ်။