ကရင်ပြည်နယ်၊ ကျုံဒိုးမြို့မှာ အကြမ်းဖက်စစ်ကောင်စီဝန်ကြီးတွေနဲ့ စစ်တပ်အရာရှိတွေ တက်ရောက်လာတဲ့ ဂျိုင်းတံတားသစ် ဖွင့်ပွဲအခမ်းအနားကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) ရဲ့ Spring UAV Force – G3 Fixed-wing ဒရုန်းအဖွဲ့က ဒရုန်း (၂) စင်းနဲ့ မနေ့က မတ်လ ၉ ရက် မနက်ပိုင်းမှာ အချိန်ခြားပြီး ဗုံး (၃) လုံး ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား (၃) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကားနဲ့ သယ်ထုတ်သွားခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ ဂျိုင်းတံတားသစ်ဖွင့်ပွဲအခမ်းအနားကို တက်ရောက်ခဲ့တဲ့ စစ်ကောင်စီရဲ့ ဆောက်လုပ်ရေးဝန်ကြီး ဦးမျိုးသန့်၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် စောမြင့်ဦး၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူး ဗိုလ်မှူးကြီး ဗညားဝင်း၊ ကရင်ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဦးညွန့်လင်း၊ ကရင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီး ဦးညီညီဇော် တို့ လာရောက်ခဲ့ပြီး ဖဲကြိုးဖြတ်ပြီးတာနဲ့တပြိုင်နက် ကသုတ်ကရက် ထွက်ပြေးသွားခဲ့‌တယ်လို့ MLA က ဆိုပါတယ်။

အဲ့ဒီဗုံးကြဲတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ရဲ့ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့အခြေစိုက် ခမရ(၅၄၅)၊ (၅၄၆) နဲ့ ဗျူဟာကုန်းရှိ Jammer တွေကြောင့် ဒရုန်းဗုံးသီး လွင့်စင်ခဲ့ရာ တံတားဟောင်းအောက်ဘက်ခြမ်း မူလတန်းကျောင်းအနီးက ဈေးသည်တစ်ယောက် မစိုးရိမ်ရတဲ့ ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ပြည်သူတွေအနေနဲ့ အကြမ်းဖက်စစ်ကောင်စီ ပြုလုပ်တဲ့ ပွဲလမ်းသဘင်၊ အခမ်းအနားတွေနဲ့ နီးကပ်စွာ မနေကြဖို့လည်း မွန်ပြည်လွတ်မြောက်ရေးတပ်တော်က အသိပေးပြောကြားထားပါတယ်။

0 Shares:
You May Also Like
Read More

ချောင်းဦးမြို့နယ် ခင်မွန်ရွာ ဒေသခံ ၂၀ ကျော်ကို စစ်အုပ်စု ဖမ်းဆီးထား၊ နွားကျောင်းသား ၁ဦးကိုလည်း ပစ်သတ်ကာ မီးရှို့ခဲ့

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ် ခင်မွန်ကျေးရွာက ဒေသခံ အယောက် ၂၀ ကျော်ကို အကြမ်းဖက်စစ်အုပ်စု ဖမ်းဆီးထားပြီး နွားကျောင်းသားတစ်ယောက်ကိုလည်း မီးရှို့သတ်သွားတယ်လို့ နယ်မြေခံတော်လှန်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ညောင်ဦးတွင် အကြမ်းဖက်စစ်ကြောင်း၂ခုက ကျေးရွာများကို လိုက်လံမီးရှို့ဖျက်ဆီးနေ

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ စစ်ကောင်စီရဲ့ မန္တလေးတိုင်း ကွန်မန်ဒို အကြမ်းဖက် စစ်ကြောင်းအပါအဝင် စစ်ကြောင်း ၂ခုက ကျေးရွာတွေကို အကြောင်းမဲ့ ဝင်ရောက်မီးရှို့ဖျက်ဆီးနေကြောင်း ရန်ကြီးအောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-(ပုဂံ-ညောင်ဦး) ပကဖ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

တော်လှန်ရေးကို အနှောင့်အယှက်ဖြစ်စေသည့် လောင်းကစားနှင့် မူးယစ်ဆေးကိစ္စများကို စောင့်ကြည့်ထိန်းကျောင်းရန် NUG ပြည်ထောင်စုဝန်ကြီးချုပ် သတိပေး

တော်လှန်ရေးကို အနှောင့်အယှက်ဖြစ်စေတဲ့ လောင်းကစားနဲ့ မူးယစ်ဆေးဝါး ကိစ္စရပ်တွေကို စောင့်ကြည့်ထိန်းကျောင်းသွားဖို့ အရေးကြီးတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက သတိပေးပြောကြားလိုက်ပါတယ်။
Read More

ရန်ကုန်တိုင်းထဲက မြို့နယ်တွေရဲ့ နေရာတချို့မှာ အကြမ်းဖက်စစ်တပ် ထောက်တိုင်တွေကို ကင်းချပြီး သန်းခေါင်စာရင်း ကောက်ခံနေ

ရန်ကုန်တိုင်းထဲက မြို့နယ်တွေမှာ အကြမ်းဖက်စစ်တပ်က သူတို့ထောက်တိုင်တွေဖြစ်ကြတဲ့ အမျိုးသားအစွန်းရောက်အဖွဲ့တွေ၊ ကြံ့ခိုင်ရေးပါတီဝင်တချို့နဲ့ စရဖ လို့ခေါ်တဲ့ စစ်ဖက်ဆိုင်ရာလုံခြုံရေးတပ်တွေကို လမ်းဆုံလမ်းဂွတွေနဲ့ လမ်းမကြီးတွေမှာ ကင်းချထားပြီး အိမ်ထောင်စု သန်းခေါင်စာရင်း ကောက်ခံမှုတွေ စတင်လုပ်ဆောင်နေတယ်လို့ ရန်ကုန်မြို့ နေထိုင်သူတချို့ဆီက သိရပါတယ်။
Read More

မုံရွာ-မန္တလေးလမ်းပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ ဦး ချေမှုန်းပြီး စစ်ကား ၂ စီး မီးရှို့နိုင်ခဲ့သည့် တော်လှန်ရဲဘော်များကို ပြည်သူများ ကြိုဆိုဂုဏ်ပြု

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေး လမ်းပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ ယောက် သေဆုံးခဲ့တဲ့ တိုက်ပွဲကနေ ပြန်လာတဲ့ အောင်ပွဲရ တော်လှန်ရေးရဲဘော်တွေကို ပြည်သူတွေက ဂုဏ်ပြုကြိုဆိုခဲ့တယ်လို့ သိရပါတယ်။
Read More

တိုက်ပွဲအတွင်း ကျဆုံးခဲ့သည့် မကွေးခရိုင် PDF တပ်ရင်း (၂) ၏ ရဲဘော် ၂ ဦးကို တပ်မှ ထုတ်ပယ်ကြောင်း ကြေညာ

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မကွေးတိုင်းစစ်ဌာန၊ မကွေးခရိုင် အမှတ်(၂)တပ်ရင်းက တိုက်ပွဲအတွင်း ကျဆုံးခဲ့တဲ့ ရဲဘော်ဝေလ (ခ) ဖြိုးပြည့်အောင်နဲ့ ရဲဘော်ပြောင်ကြီး (ခ) ဟိန်းမိုးစံတို့ကို တပ်ကနေ ထုတ်ပယ်ကြောင်း မိခင်တပ်ရင်းက မနေ့က ထုတ်ပြန်ပါတယ်။