ထိုင်း-မြန်မာနယ်စပ် မြဝတီက ငွေလိမ်စင်တာတွေမှာ လုပ်ကိုင်နေခဲ့တဲ့ အိန္ဒိယနိုင်ငံသား ၅၄၀ ကျော်ကို ပြန်ခေါ်ဖို့ အိန္ဒိယအစိုးရက မတ်လ ၁၀ ရက်နဲ့ ၁၁ ရက်တွေမှာ C-17 စစ်လေယာဉ် စေလွှတ်မှာဖြစ်ကြောင်း Khaosod English က သတင်းဖော်ပြပါတယ်။

အဆိုပါ အိန္ဒိယနိုင်ငံသားတွေကို မြဝတီ-မဲဆောက် နယ်စပ်ဂိတ်ကတဆင့် လွှဲပြောင်းပြီး မဲဆောက်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကတဆင့် လေယာဉ် ၂ ကြောင်းပြေးဆွဲပြီး ပို့ဆောင်သွားမှာ ဖြစ်တယ်လို့ ထိုင်းလုံခြုံရေး သတင်းရင်းမြစ်ကို ကိုးကားပြီး ထိုင်းသတင်းက ဖော်ပြပါတယ်။

သူတို့တွေကို အရင်က တရုတ်နိုင်ငံသားတွေ နေရပ်ပြန်ပို့ရေး လုပ်ငန်းစဉ်အတိုင်း ထပ်တူ လုပ်ဆောင်သွားမှာဖြစ်ကြောင်း၊ သူတို့ကို ထိုင်းနိုင်ငံထဲ ဝင်ခွင့်ပြုမှာမဟုတ်ကြောင်း၊ ထိုင်းလူဝင်မှုကြီးကြပ်ရေးကနေ သူတို့နေရပ်ပြန်ရေး အိန္ဒိယအာဏာပိုင်တွေထံ ချက်ချင်းလွှဲပြောင်းမှာ ဖြစ်ကြောင်း သိရပါတယ်။

ငွေလိမ်ဂိုဏ်းတွေနှိမ်နင်းဖို့ တရုတ်နဲ့ ထိုင်းတို့ရဲ့ ဖိအားပေးမှုတွေအပြီး စစ်ကောင်စီနဲ့ BGF ၊ DKBA တပ်တွေဟာ သူတို့ရဲ့ထိန်းချုပ်နယ်မြေထဲက ငွေလိမ်ဂိုဏ်းတွေကို နှိမ်နှင်းမှုတချို့ ပြုလုပ်ခဲ့ပြီး တရုတ်အပါအဝင် နိုင်ငံခြားသားတွေကို နေရပ်ပြန်လည်ပို့ဆောင်ဖို့ လုပ်ဆောင်နေတာပါ။

ငွေလိမ်ဂိုဏ်းတွေထဲက တရုတ်နိုင်ငံသား ၆၂၁ ယောက်ကို BGF တပ်က ပြန်လွှတ်ပေးခဲ့ပြီးနောက် ပထမအကြိမ်အဖြစ် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ တရုတ်အစိုးရက နေရပ်ပြန်လည်ခေါ်ဆောင်သွားခဲ့တာပါ။

အဲဒီနောက် ပြီးခဲ့တဲ့ မတ်လ ၆ ရက်ကနေ ၉ ရက်အတွင်းမှာတော့ ရွှေကုက္ကိုလ်က နောက်ထပ် တရုတ်နိုင်ငံသား ၁၄၃၉ ယောက်ကို တရုတ်အစိုးရက လေယာဉ် ၁၉ ကြောင်းနဲ့ နေရပ်ပြန်လည်ခေါ်ဆောင်သွားခဲ့ပါတယ်။

နေရပ်ပြန်လည်ပို့ခံရသူတွေထဲမှာ ငွေလိမ်ဂိုဏ်းတွေရဲ့ လိမ်လည်ခံရပြီး အဓမ္မလုပ်အားပေးစေခိုင်းခံရသူတွေအပြင် မိမိစိတ်ဆန္ဒအလျောက် သွားရောက်လုပ်ကိုင်သူတွေလည်း ပါဝင်တာဖြစ်ပါတယ်။

တရုတ်အစိုးရပိုင် Xinhua သတင်းဌာနကတော့ နေရပ်ပြန်ခေါ်လာတဲ့ တရုတ်နိုင်ငံသားတွေအားလုံးကို ငွေလိမ်ဂိုဏ်း ရာဇဝတ်မှု သံသယရှိသူတွေအဖြစ် သုံးနှုန်းပြီး သတင်းဖော်ပြထားပါတယ်။

ကိုးကား – Khaosod English

0 Shares:
You May Also Like
Read More

ငလျင်ဘေးသင့် ဒေသတွေမှာ ဆေးဘက်ဆိုင်ရာ အကူအညီတွေပေးဖို့ ဂျပန်စစ်လေယာဉ် ရောက်ရှိ

ငလျင်ဒဏ်သင့်ဒေသတွေမှာ အကူအညီပေးဖို့ ဆေးဝါးပစ္စည်းတွေ သယ်ဆောင်လာတဲ့ ဂျပန် စစ်လေယာဉ်ဟာ ဒီနေ့ ဧပြီလ ၉ရက်နေ့မှာ မြန်မာနိုင်ငံကို ရောက်ရှိလာပြီဖြစ်ကြောင်း  မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးက အသိပေး ထုတ်ပြန်ပါတယ်။
Read More

ဖက်ဆစ်ဆန့်ကျင်ရေး အခမ်းအနားတွင် ဖက်ဆစ်အာဏာရှင် ခေါင်းဆောင်များ ဖက်လှဲတကင်း တွေ့ဆုံ

တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့မှာ ဒီနေ့ ပြုလုပ်ကျင်းပတဲ့ ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲနဲ့ ဒုတိယကမ္ဘာစစ် အောင်နိုင်တဲ့ နှစ် ၈၀ ပြည့် စစ်ရေးပြအခမ်းအနားမှာ ဖက်ဆစ်အာဏာရှင် မင်းအောင်လှိုင်က အာဏာရှင်ခေါင်းဆောင်တွေနဲ့ ဖက်လှဲတကင်း တွေ့ဆုံခဲ့တဲ့ပုံရိပ်တွေကို နိုင်ငံတကာသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။ 
Read More

ဘန်ကောက်မြို့လယ်စျေးတွင် ပစ်ခတ်မှုကြောင့် သေနတ်သမား အပါအဝင် ၆ ဦး သေဆုံး

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့လယ်ရှိ ချာထူချက် စျေးမှာ ပစ်ခတ်မှု ဖြစ်ပွားရာ သေနတ်သမားအပါအဝင် လူ ၆ ယောက် သေဆုံးခဲ့ပါတယ်။ သေနတ်သမားကတော့ ကိုယ်ကိုကိုယ် အဆုံးစီရင်သွားတာ ဖြစ်တယ်လို့ ထိုင်းသတင်းတွေအရ သိရပါတယ်။
Read More

ထိုင်းတောင်ပိုင်းရေကြီးမှုကြောင့် CI ပျောက်ဆုံး၊ ပျက်စီးပါက နီးစပ်ရာစခန်းများတွင် သွားရောက်လျှောက်ထားနိုင်ဟု ဆို

ရေကြီးရေလျှံမှုဖြစ်ပွားနေတဲ့ ထိုင်းနိုင်ငံတောင်ပိုင်းဒေသ အနီးတဝိုက်ရှိ မြန်မာနိုင်ငံသားတွေအနေနဲ့ Certificate of identity- CI ပျောက်ဆုံး ပျက်စီးတာနဲ့ ငွေပေးသွင်းထားပြီး ပြုလုပ်ဖို့ ကျန်ရှိနေရင် နီးစပ်ရာ ဘယ် CI စခန်း မှာမဆို သွားရောက်လျှောက်ထားနိုင်တယ်လို့ အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။
Read More

မြန်မာတွေအနေနဲ့ ကျားဖြန့်ဂိုဏ်းတွေကို နှင်ထုတ်ဖို့ သက်ဆင်ပြော

ထိုင်း-မြန်မာနယ်စပ်တလျှောက်က ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေကို နှိမ်နင်းဖို့ကြိုးပမ်းရာမှာ မြန်မာနိုင်ငံက လူမှုအသိုင်းအဝိုင်းတွေအနေနဲ့ ပံ့ပိုးကူညီပေးကြဖို့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်က ပြောဆိုကြောင်း ဘန်ကောက်ပို့စ်မှာ ဖော်ပြထားပါတယ်။
Read More

စစ်ခေါင်းဆောင်နဲ့တွေ့ခဲ့တယ်လို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ပြော

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်ဟာ နေပြည်တော်ကို လာရောက်ပြီး စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့တယ်လို့ အောက်တိုဘာလ ၂၉ ရက်အင်္ဂါနေ့က ကုလသမဂ္ဂအစည်းအဝေးမှာ ပြောပါတယ်။