ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်မှာ ရပ်ကွက်နေပြည်သူတွေအပေါ် အမြဲအနိုင်ကျင့်နေတဲ့ (၁၄၁)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုတွေရှိနိုင်ကြောင်း Yangon Army (YA) အဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၊ ဗန္ဓုလအိမ်ယာဝန်းထဲမှာရှိတဲ့ (၁၄၁) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို မတ်လ ၈ရက်၊ မနေ့က ညပိုင်းမှာ ပြောက်ကျားတပ်ဖွဲ့ဝင်တွေက လက်ပစ်ဗုံး ၃လုံးနဲ့ သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

အထက်ပါတိုက်ခိုက်မှုကြောင့် ရပ်ကွက်နေပြည်သူတွေကို အမြဲလိုလို ဖိအားပေးအနိုင်ကျင့်နေတဲ့ အုပ်ချုပ်ရေးမှူးဖြစ်သူနဲ့ အပေါင်းအပါတွေ ထိခိုက်သေဆုံးမှု ရှိနိုင်တယ်လို့လည်း Yangon Army (YA) အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

“အဲ့ရပ်ကွက်အုပ်ကြီးက ဇိုး(လူမိုက်) ပေါ့နော်။ သူ့ဘေးကကောင်တွေ အကုန်လုံးကလည်း အတူတူပါပဲ။ ဇိုးတွေထုံးစံအတိုင်း ရပ်ကွက်ကို အမြဲဒုက္ခပေးတယ်။ အနိုင်ကျင့်တယ်ပေါ့။ ကျနော်တို့လည်း လုပ်ဖို့စောင့်နေတာကြာပြီ။ ဗုံးတွေက ပြင်းတော့ သေနိုင်ပါတယ်။” လို့ Yangon Army (YA) အဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ဒီတိုက်ခိုက်မှုကို Yangon Army (YA) အဖွဲ့နဲ့ အနောက်ပိုင်းခရိုင်(ပကဖ) ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့လည်း သိရပါတယ်။

Yangon Army (YA) အနေနဲ့ ပြီးခဲ့တဲ့ မတ်လ ၄ရက်၊ ညပိုင်းတုန်းကလည်း မြောက်ဥက္ကလာပမြို့နယ်၊ အကြမ်းဖက်စစ်တပ် တပ်ရင်း အမှတ် (၄၃၅) ဂိတ်ပေါက်ဝမှာ လုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လက်ပစ်ဗုံး၂လုံးနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

ရေဖြူမြို့နယ် တိုက်ပွဲအတွင်း ၁၃ဦးသေကာ အထိနာသည့် စစ်တပ် ရွာထဲက ကြံ့ခိုင်ရေးအမတ် နေအိမ်ကိုပါ မီးရှို့ဖျက်ဆီးသွား

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ပုဂေါ်ဇွန်းကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်တပ် စစ်ကြောင်းဟာ ကြံ့ခိုင်ရေးပါတီ အမတ်ရဲ့ နေအိမ်အပါအဝင် ကြံ့ခိုင်ရေးပါတီ ထောက်ခံသူတွေရဲ့ နေအိမ်တွေကိုပါ မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒူရကစစ်ကြောင်းက ထုတ်ပြန်ပါတယ်။
Read More

မွန်ပြည်နယ်တွင် ဒီဇင်ဘာလအတွင်း အကြမ်းဖက်စစ်တပ်က အရပ်သား ၈ ဦးကို သတ်ဖြတ်ခဲ့

ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း မွန်ပြည်နယ်မှာ စစ်တပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ရှစ်ဦးအထိ သေဆုံးခဲ့ရတယ်လို့ လဂွန်းအိမ်စာစဉ်ရဲ့ မွန်ဒေသအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု အစီရင်ခံစာအရ သိပါတယ်။
Read More

ငါန်းဇွန်မှာ စစ်တပ်ယာဥ်တန်း ပြောက်ကျားတိုက်ခိုက်ခံရပြီး ၃ယောက်သေ၊ အရာရှိ၁ယောက်အပါအဝင် အများပြား ထိခိုက်ဒဏ်ရာရ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်မှာ မြို့သာမြို့ကနေ ထွက်ခွာလာတဲ့ အကြမ်းဖက်ယာဥ်တန်းကို ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ယောက်သေဆုံးပြီး၊ အရာရှိအပါအဝင် အများအပြားထိခိုက်ဒဏ်ရာရရှိကြောင်း Zero ပြောက်ကျားတပ်ဖွဲ့ ( မြင်းခြံ) ခေါင်းဆောင် ကိုသက်ကြီးက မောင်းကိုပြောပါတယ်။
Read More

အမ်းကို စစ်ကူသွားမယ့် စစ်ကောင်စီတပ် လမ်းမှာတင် ၁၄ ယောက် သေ၊ အများအပြား ဒဏ်ရာရခဲ့

ရခိုင်ပြည်နယ်၊ အမ်းမြို့ကို စစ်ကူသွားမယ့် အကြမ်းဖက်ရှေ့ပြေးယာဉ်တန်းကို အမ်း-ပဒါန်းလမ်းပိုင်းမှာ ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၄ယောက်သေပြီး ဗိုလ်အဆင့်ရှိသူအပါအဝင် အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အရှိုချင်းကာကွယ်ရေးတပ် (ACDF) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ဘုတလင်မှာ ကျောင်းကျန်းမာရေးဟောပြောခြင်းနဲ့ လေကြောင်းအန္တရာယ် အသိပညာပေး ပြောကြားခြင်းပြုလုပ်

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ ရန်ကုန်အခြေစိုက်တက္ကသိုလ် ကျောင်းသားသမဂ္ဂများ ( တကသများ-ရန်ကုန်) နဲ့ ကျောင်းသားလက်ရုံးတပ်တော်က ကျောင်းကျန်းမာရေးဟောပြောခြင်း၊ ကျောင်းသား ကျောင်းသူတွေကို သန်ချဆေး တိုက်ကျွေးခြင်းတွေ ပြုလုပ်ခဲ့ပြီး လေကြောင်းအန္တရာယ် အသိပညာပေး ဟောပြောခြင်း၊ မျှဝေခြင်းတွေကိုလည်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီ အပစ်ရပ် ဟန်ပြကြေညာကာ အဆိပ်ငွေ့ဗုံး အသုံးပြုမှုအပါအဝင် အဆက်မပြတ် တိုက်ခိုက်နေကြောင်း TNLA ပြော

မြန်မာပြည်တစ်ဝှမ်း အင်အားပြင်းငလျင်ဒဏ် ခံစားနေရတဲ့ ကာလမှာ အပစ်အခတ်ရပ်စဲထားမယ်လို့ စစ်အုပ်စုက ကြေငြာထားပေမယ့် PSLF/TNLA တအာင်းတပ် ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို အဆိပ်ငွေ့ဗုံးတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဇွန်လ ၅ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ TNLA က ပြောပါတယ်။