စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်က မုံရွာ-မန္တလေးလမ်းမကြီးပေါ်ရှိ မြပုလဲ စစ်ကောင်စီအထိုင်စခန်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ လက်နက်ကြီးပစ်တဲ့ အရာရှိအပါအဝင် ၂ ယောက်သေဆုံးပြီး ၅ ယောက် ဒဏ်ရာရခဲ့တယ်လို့ ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – CHU PDF က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

မတ်လ ၆ ရက် ညနေပိုင်းမှာ မုံရွာ-မန္တလေးလမ်းမကြီးပေါ်ရှိ မြပုလဲ စစ်ကောင်စီအထိုင်စခန်းကို ဒရုန်းနဲ့ ဗုံးသီး၂ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် မြပုလဲစစ်ကောင်စီဂိတ်အတွင်း ညစာစားနေတဲ့ လက်နက်ကြီးပစ်ခတ်တဲ့ အရာရှိ ၁ ယောက် အပါအဝင် စစ်ကောင်စီတပ်က ၂ ယောက် သေဆုံးပြီး ၅ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ CHU PDF က ဆိုပါတယ်။

ထိခိုက်ဒဏ်ရာရတာနဲ့ သေဆုံးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ညပိုင်းအချိန်မှာ မုံရွာမြို့တွင်းကနေ သံပြားကာ ၂ စီးနဲ့ လာရောက်ခေါ်ဆောင်သွားပြီး မတ်လ ၇ ရက် မနက်ပိုင်းမှာ နမခ အတွင်း အခမ်းအနားနဲ့ နာရေးပြုလုပ်ခဲ့တယ်လို့ CHU PDF က ထုတ်ပြန်ထားပါတယ်။

 

0 Shares:
You May Also Like
Read More

အာဏာသိမ်းစစ်တပ်မှာ တိုက်ခိုက်နိုင်စွမ်းရော တိုက်ခိုက်လိုစိတ်ပါ အားနည်းနေကြောင်း စစ်သုံ့ပန်း ဒုဗိုလ်မှူးကြီး ဝန်ခံ

စစ်ကောင်စီတပ်ရဲ့ အောက်ခြေစစ်သားတွေဟာ လေ့ကျင့်ရည်ရော စိတ်ဓာတ်ရေးရာပါ အားနည်းနေကြောင်းကို အာရက္ခတပ်တော် (AA) ထံ ဖမ်းဆီးခံထားရတဲ့ စစ်သုံ့ပန်း ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်သက်က ဝန်ခံပြောဆိုခဲ့ပါတယ်။ 
Read More

နိုင်ငံကိုကာကွယ်ဖို့ ယောကျ်ား၊ မိန်းမ အသက်အရွယ်မရွေးတာဝန်ရှိတယ်လို့ အကြမ်းဖက် ပေါ်တာဆွဲ စစ်မှုထမ်းခိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကပြောဆို

နိုင်ငံကာကွယ်ရေးတာဝန်ဟာ  နိုင်ငံအတွင်း မှီတင်းနေထိုင်ကြတဲ့ နိုင်ငံသားတိုင်း ယောကျာ်း၊ မိန်းမ အသက်အရွယ်မရွေး ထမ်းရွက်ကြရဖို့ တာဝန်ရှိတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကပြောကြားလိုက်ပါတယ်။
Read More

ဂျပန်နိုင်ငံ ပါတီပေါင်းစုံ လွှတ်တော်အမတ်များသမဂ္ဂရဲ့နှစ်ပတ်လည် အစည်းအဝေးကို NUG တက်ရောက် (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံး တာဝန်ရှိသူတွေဟာ မြန်မာ့ဒီမိုကရေစီရေးကို ထောက်ခံအားပေးတဲ့ ပါတီပေါင်းစုံပါဝင်တဲ့ လွှတ်တော်အမတ်များသမဂ္ဂ (Giren)ရဲ့ နှစ်ပတ်လည် အစည်းအဝေးကို တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ရုရှား၊ တရုတ်၊ အိန္ဒိယနှင့် ဘီလာရုစ်နိုင်ငံများသည် အကြမ်းဖက်မင်းအောင်လှိုင်၏ ရာဇဝတ်မှု မိတ်ဖက်များဟု JFM ထုတ်ပြန်

အကြမ်းဖက်မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အုပ်စုကို နည်းမျိုးစုံနဲ့ ထောက်ပံ့ပေးနေတဲ့ ရုရှား၊ တရုတ်၊ အိန္ဒိယနဲ့ ဘီလာရုစ်နိုင်ငံတွေဟာ ရာဇဝတ်မှု မိတ်ဖက်တွေ ဖြစ်တယ်လို့ Justice For Myanmar (JFM) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း ခလရ ၂၇၄ ကနေ သိမ်းဆည်းရရှိခဲ့တဲ့ လက်နက်ခဲယမ်းတွေကို CDF မင်းတပ် ထုတ်ပြန်ပြသ

ချင်းပြည်နယ်၊ မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ ၂၇၄ ကနေ သိမ်းဆည်းရရှိခဲ့တဲ့ လက်နက်ခဲယမ်းတွေနဲ့ မှတ်တမ်းဓာတ်ပုံတွေကို Chin Defence Force - CDF မင်းတပ်က ဒီနေ့မနက်မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ရတနာပုံတပ်ဦးနှင့် ၉/တွဲလက်များ ထောက်ပို့အင်အားစုတို့ ပူးပေါင်းပြီး စစ်ဘေးရှောင်နှင့် ဒေသခံပြည်သူများကို အခမဲ့ဆေးဝါးကုသပေးခဲ့ (ဓာတ်ပုံသတင်း)

ရတနာပုံတပ်ဦးနဲ့ ၉/တွဲလက်များ ထောက်ပို့အင်အားစု တို့ ပူးပေါင်းပြီး အခမဲ့ကျမ်းမာရေးစောင့်ရှောက်မှုပေးခြင်း ဒုတိယအပတ်အဖြစ် စစ်ဘေးရှောင်နဲ့ ဒေသခံပြည်သူတွေကို နယ်မြေခံတိုက်နယ်ဆေးအဖွဲ့ရဲ့ ကူညီအားဖြည့်ပေးမှုနဲ့အတူ အခမဲ့ဆေးဝါးကုသမှုတွေ လုပ်ဆောင်ပေးခဲ့တယ်လို့ ရတနာပုံတပ်ဦးက ဒီနေ့ ထုတ်ပြန်ပါတယ်။