ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ နတ်ထမင်းကျေးရွာမှာ ပြည်သူတွေကို စစ်မှုထမ်းကြေး အတင်းကောက်ခံနတဲ့ ရာအိမ်မှူးဖြစ်သူကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂) တပ်ခွဲ (၃) က ထုတ်ပြန်ပါတယ်။ 

မနေ့က မတ်လ ၈ရက် နေ့လယ် ၁၂ နာရီဝန်းကျင်အချိန်မှာ အဆိုပါ နတ်ထမင်းကျေးရွာရဲ့ ရာအိမ်မှူးဖြစ်သူ အငယ်လေး (ခေါ်) သက်နိုင်စိုးကို သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂) တပ်ခွဲ (၃) ၊ တပ်ခွဲ (၂) နဲ့ မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းပြီး သူ့ရဲ့ နေအိမ်မှာပဲ ပစ်ခတ်ရှင်းလင်းခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။ 

“သူက အရမ်းဆိုးနေလို့ ရှင်းရတာ။ နတ်ထမင်းရွာက မရှိနွမ်းပါးသူတွေဆီက အတင်းအကြပ် စစ်မှုထမ်းကြေးတွေ ကောက်နေတာ အများစုက တစ်နေ့လုပ် တစ်နေ့စားတွေဆိုတော့ သူတောင်းတဲ့ငွေ မပေးနိုင်ကြဘူး။ ငွေမပေးလို့ဆိုပြီး စခတွေခေါ် ပေါ်တာဆွဲလို့ ရွာကလူတွေလည်း ပြေးရလွှားရနဲ့ အလုပ်မလုပ်ရတော့ ထမင်းတောင် ငတ်တဲ့အထိဖြစ်နေကြတယ်။ အငယ်လေးကို မရှင်းရင် ပြည်သူတွေ ထမင်းငတ်ကုန်တော့မယ့် အခြေအနေမို့ စခတွေ အထပ်ထပ်ကို ကျော်ပြီး မိုးညိုမြို့နယ်အစပ်နားထိ သွားရှင်းခဲ့ရတာပါ” လို့ တပ်ရင်း (၃၈၀၂) တပ်ခွဲ (၃) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။ 

အဆိုပါ နတ်ထမင်းကျေးရွာဟာ မင်းလှမြို့နယ်အပိုင်ထဲမှာ ရှိပေမယ့် မိုးညိုမြို့နယ်အစပ်နားမှာ တည်ရှိတဲ့ ကျေးရွာလည်း ဖြစ်ပါတယ်။ 

ရာအိမ်မှူး အငယ်လေး (ခ) သက်နိုင်စိုးဟာ စစ်မှုထမ်းကြေးဟုဆိုကာ မရှိနွမ်းပါးတဲ့ ပြည်သူတွေထံမှ ငွေကြေးတွေ အတင်းအကြပ် ကောက်ခံနေပြီး ကောက်ခံငွေ မပေးနိုင်သူတွေကို စစ်တပ်ခေါ် ဖမ်းဆီးခိုင်းတာတွေ​၊ စစ်တပ်ထံ မမှန်သတင်းပေးကာ ပြည်သူတွေကို ဖမ်းဆီးခိုင်းတာတွေ လုပ်ဆောင်နေတာကြောင့် အခုလို ပစ်ခတ်ရှင်းလင်းလိုက်ရတာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

ပစ်ခတ်ရှင်းလင်းခံရသည့် နတ်ထမင်းကျေးရွာ ရာအိမ်မှူး အငယ်လေး (ခေါ်) သက်နိုင်စိုး (ဓာတ်ပုံ သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂) တပ်ခွဲ (၃))

0 Shares:
You May Also Like
Read More

ရွှေဘိုမြို့နယ်သပိတ်အင်အားစုမှ သီတင်းကျွတ် မီးပုံးပျံလွှတ်တင်ခြင်း ဆီမီးသပိတ်ဖြင့် လူထုဆန္ဒ ၃ ရပ် ဖော်ထုတ်ရေး လှုပ်ရှားမှုပြုလုပ်

စစ်ကိုင်းတိုင်းအခြေစိုက် ရွှေဘိုမြို့နယ်သပိတ်အင်အားစုက သီတင်းကျွတ်မီးပုံးပျံ လွှတ်တင်ခြင်း ဆီမီးသပိတ်နဲ့ လူထုဆန္ဒ ၃ ရပ် ဖော်ထုတ်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ အဆိုပါသပိတ်အင်အားစုက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

နောင်ချိုမြို့နယ်၊ အုမ္မတီးနှင့် ရေမောင်းတန်းကျေးရွာတွင် စစ်ကောင်စီတပ်နှင့် TNLA တို့ ဆက်လက်တိုက်ပွဲဖြစ်ပွားနေ၊ စစ်ကောင်စီတပ်က အဆိပ်ငွေ့ဗုံးများ အလွန်အကျွံ အသုံးပြု

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ အုမ္မတီးနဲ့ ရေမောင်းတန်းကျေးရွာမှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် TNLA တို့ ဆက်လက်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

နမ့်ဆန်မြို့နယ်ကို စစ်တပ်ဗုံးကြဲမှုကြောင့် ကလေးငယ်အပါ ၆ ဦး သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်းက တအာင်းတပ်မတော် TNLA ထိန်းချုပ်ရာ နမ့်ဆန်မြို့နယ်၊ ကွမ်ဟယ်ကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် ၁ ယောက် အပါအဝင် ဒေသခံ ၆ ယောက် သေဆုံးခဲ့တယ်လို့ နယ်မြေခံတွေထံက သိရပါတယ်။
Read More

ထားဝယ်အခြေစိုက် စစ်ကောင်စီတပ်က ဒုတပ်ကြပ်တစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာ…

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ (၂၇၃)တပ်ရင်းက ဒုတပ်ကြပ်တစ်ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် တပ်ရင်း (၂) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ကိုင်းခရိုင်အမှတ်(၄)တပ်ရင်းက တပ်ရင်းတည်ထောင်ခြင်း (၄) နှစ်ပြည့်အဖြစ် ကျဆုံးရဲဘော်များ၏ မိသားစုဝင်များကို စားနပ်ရိက္ခာအချို့ ကူညီထောက်ပံ့ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ကိုင်းခရိုင်အမှတ်(၄)တပ်ရင်း-MSPDF အနေနဲ့ တည်ထောင်ခြင်း(၄)နှစ်ပြည့်တဲ့ မနေ့က စစ်အာဏာရှင်ကို တော်လှန်ရင်း အသက်ပေးလှူခဲ့ရတဲ့ အာဇာနည်သူရဲကောင်းရဲဘော်တွေရဲ့ မိသားစုဝင်တွေကို ဆန်၊ ဆီနဲ့ ထောက်ပံ့ကြေးငွေတွေ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

အပစ်ရပ်ဖို့ အစီအစဉ်မရှိတဲ့ စစ်ကောင်စီနဲ့ အောင်မြေချဲ့မှ အောင်ပွဲကို ထိန်းထားနိုင်မယ့် MNDAA

ကိုးကန့်တပ် (MNDAA) ဟာ တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုကို တက်တက်ကြွကြွ ပူးပေါင်းပြီး အပစ်အခတ်ရပ်စဲမယ်လို့ တရားဝင်ကြေညာခဲ့ပေမယ့် စစ်ကောင်စီကတော့ MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။ MNDAA ဟာ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ စစ်ရေး၊ နိုင်ငံရေးအရ ပူးပေါင်းတာတွေ၊ စစ်မြေပြင်ချဲ့ထွင်တာတွေကိုလည်း လုပ်ဆောင်မှာ မဟုတ်ပေမယ့် မိမိကိုယ်ကို ခုခံကာကွယ်ခွင့်ကို ဆက်လက်စွဲကိုင်သွားမယ်လို့ စက်တင်ဘာလ ၄ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ထားတာပါ။