ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ထောက်ပို့စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ လက်နက် ၅ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး -KNU တပ်မဟာ (၂) စစ်ရေးလှုပ်ရှားမှုအတွက် ရံပုံငွေ ရှာဖွေပေးနေတဲ့ စစ်တောင်းကမ်ပိန်းက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

မတ်လ ၉ ရက် ဒီနေ့ မနက်ပိုင်းမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) က အဆိုပါစစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ထန်းတပင်မြို့နယ်၊ ရေသုတ်ကြီးစစ်ကောင်စီတပ်စခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ နောစိုးစစ်ကောင်စီတပ်စခန်းဆီ ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေ သွားရောက်ပို့ဆောင်ချိန် နောစိုး တပ်စခန်းနဲ့ ခူလောင်ကျေးရွာအကြား တိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဖရိုဖရဲ ဆုတ်ခွာထွက်ပြေးသွားပြီး တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဆီက MA-3 (၁) လက်နဲ MA-1 (၄)လက် သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

စလင်းနှင့်ချောက်တွင် ရက်ပိုင်းအတွင်း လူငယ်လူလတ်ပိုင်း အမျိုးသား ၂၀ ကျော် ပေါ်တာဆွဲဖမ်းဆီးခံရ

ကွေးတိုင်း၊ စလင်းနဲ့ ချောက်မြို့နယ်တို့မှာ အကြမ်းဖက်စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးတာတွေ ဆက်တိုက်လုပ်ဆောင်လာရာ ရက်ပိုင်းအတွင်း အမျိုးသားလူငယ် အယောက် ၂၀ ကျော်အထိ ဖမ်းဆီးခံထားရကြောင်း ပြည်သူ့ညီနောင်-စလင်းတပ်ဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

NLD တည်ထောင်ခြင်း ၃၇ နှစ်မြောက်အခမ်းအနားကို ‘နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေး” ဆိုတဲ့ နိုင်ငံရေးရည်မှန်းချက်ဖြင့် ကျင်းပမည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ တည်ထောင်ခြင်း ၃၇ နှစ်မြောက် အခမ်းအနားကို ‘နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေး” ဆိုတဲ့ နိုင်ငံရေးရည်မှန်းချက်ထားပြီး ကျင်းပသွားမယ်လို့ ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။ 
Read More

စစ်ကောင်စီလက်ထဲမှာ အသက်မဲ့နေတဲ့ မြန်မာ့ရိုးရာ အတာသင်္ကြန် ယူနက်စကိုရဲ့ ဒြပ်မဲ့ယဉ်ကျေးမှု ပဏာမစာရင်းမှာ ပါဝင်လာ

ယူနက်စကိုရဲ့ ဒြပ်မဲ့ယဉ်ကျေးမှု ပဏာမစာရင်းမှာ မြန်မာ့ရိုးရာအတာသင်္ကြန် ပါဝင်လာတာကို ယူနက်စကိုရဲ့ တရားဝင် Website မှာဖော်ပြချက်အရသိရပါတယ်။
Read More

သရက်ချောင်းတွင် အကြမ်းဖက်စစ်ကြောင်းက ပြည်သူ ၂ဦးကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့၊ နေအိမ် အလုံး ၇၀ ကျော် မီးရှို့ဖျက်ဆီးခဲ့

တနင်္သာရီတိုင်း၊ မြိတ်ထားဝယ်ခရိုင်၊ တောင်ပျောက်‌ ကျေးရွာအုပ်စုအတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်က အရပ်သားပြည်သူ ၂ ယောက်ကို ရက်ရက်စက်စက် သတ်ဖြတ်ကာ နေအိမ် ၇၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပေါက်မှ ပခုက္ကူသို့ ပြန်လာသည့် အကြမ်းဖက်စစ်ကြောင်း ရွာ ၃ ရွာအား မီးရှို့ဖျက်ဆီး၊ ဂျက်ဖိုက်တာဖြင့် အကြောင်းမဲ့ ဗုံးကြဲသည့်အတွက် အရပ်သား ၂ ဦး သေဆုံး၊ ၆ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်မှာ အင်အားအလုံးအရင်းသုံး ဝင်ရောက်နေတဲ့ အကြမ်းဖက်စစ်ကြောင်းက ကျေးရွာ ၃ ရွာကို မီးရှို့ဖျက်ဆီးရင်း လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သား ၂ ယောက် သေဆုံးခဲ့ကြောင်း အညာမြေတပ်ပေါင်းစု သတင်းတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က မောင်းကို ပြောပါတယ်။
Read More

ပေါက်ခေါင်းနဲ့ မင်းလှမှာ စစ်တပ်သတင်းပေးလုပ်နေတဲ့ ပျူစောထီး ၂ ဦး ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း၊ ပေါက်ခေါင်းနဲ့ မင်းလှမြို့နယ်တို့မှာ စစ်ကောင်စီအတွက် အလုပ်လုပ်ပေးနေတဲ့ ပျူစောထီးတွေ ပစ်ခတ်ရှင်းလင်းခံရကြောင်း တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။