ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ရဲ့ ရဲတပ်ဖွဲ့က နမ့်ခမ်းမြို့နယ်၊  မိုးကုတ်မြို့နယ်၊ ကွတ်ခိုင်မြို့နယ်၊ ကျောက်မဲမြို့နယ်၊ နမ့်ဆန်မြို့နယ်နဲ့ မိုင်းယော်မြို့နယ်မှာ ဖေဖော်ဝါရီလ တစ်လအတွင်း မူးယစ်ဆေးဝါးသုံးစွဲသူ (၈၅) ယောက်နဲ့ ရောင်းဝယ်သူ (၇) ယောက်ကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

နမ့်ခမ်းမြို့နယ်မှာ တအာင်းပြည်ရဲတပ်ဖွဲ့က မူးယစ်ဆေးဝါးသုံးစွဲသူ (၂၇) ယောက်နဲ့ ရောင်း၀ယ်သူ (၅) ယောက်ကို ဖမ်းဆီးရမိခဲ့ပြီး မိုးကုတ်မြို့နယ်မှာလည်း မူးယစ်ဆေးဝါးသုံးစွဲသူ (၂) ယောက်ကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ကွတ်ခိုင်မြို့နယ်မှာလည်း မူးယစ်ဆေးဝါးသုံးစွဲသူ (၇) ယောက် ဖမ်းဆီးနိုင်ခဲ့ပြီး ကျောက်မဲမြို့နယ်မှာလည်း မူးယစ်ဆေးဝါးသုံးစွဲသူ (၁၇) ယောက်နဲ့ ရောင်းဝယ်သူ (၁) ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ TNLA က ဆိုပါတယ်။

ဒါ့အပြင် နမ့်ဆန်မြို့နယ်မှာ မူးယစ်ဆေးဝါးသုံးစွဲသူ (၂၃) ယောက်ကို ဖမ်းဆီးနိုင်ခဲ့ပြီး မိုင်းယော်မြို့နယ်မှာတော့ မူးယစ်ဆေးဝါးသုံးစွဲသူ (၉) ယောက်နဲ့ ရောင်းဝယ်သူ (၁) ယောက်ကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးရမိထားသူတွေကို PSLF/TNLA ရဲတပ်ဖွဲ့က (၆)လကြာ အကျင့်စာရိတ္တပြုပြင်ရေးစခန်းဆီ ပို့ဆောင်ပေးပြီး ပြစ်မှုကြီးသူတွေကိုတော့ ထောင်အတွင်း ထိန်းသိမ်းသွားမယ်လို့ ဆိုပါတယ်။

၂၀၂၄ ခုနှစ် တစ်နှစ်အတွင်းမှာလည်း PSLF/TNLA ရဲ့ တအာင်းပြည်ရဲတပ်ဖွဲ့က မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူ စုစုပေါင်း (၁၉၂၃) ယောက်ကို ဖမ်းဆီးအရေးယူနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ကလလတ အမှတ် (၉၄၂၀) တပ်ရင်း ဦးစီးမှုနှင့် လုပ်ငန်းသုံး အခြေခံကွန်ပျူတာသင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်သူ့လွတ်မြောက်ရေးတပ်မတော် (ကလလတ) အမှတ် (၉၄၂၀) တပ်ရင်းက ဦးစီးကာ 'တော်လှန်ရေးသည် ငါတို့ကျောင်း၊ ငါတို့ တက္ကသိုလ်' အစီအစဥ်နဲ့ လုပ်ငန်းသုံး အခြေခံကွန်ပျူတာသင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

သာကေတရဲစခန်း ဖောက်ခွဲတိုက်ခိုက်ခံရပြီး ရဲ ၃ ဦး ဒဏ်ရာရ၊ ၁ ဦး ဒဏ်ရာ ပြင်းထန်

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်က အကြမ်းဖက်စစ်အုပ်စုရဲ့ သာကေတနယ်မြေ ရဲစခန်းကို သွားရောက်ဖောက်ခွဲတိုက်ခိုက်မှုမှာ စခန်းအတွင်းရှိနေတဲ့ ရဲ ၁ ယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ပြကြွက်ကွန်ယက် တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ULA/AA ၏ နိုင်ငံရေးမှူး ဦးဦးလှစော ကွယ်လွန်

၂၀၂၁ ခုနှစ်နောက်ပိုင်းမှာ ရခိုင်အမျိုးသားအဖွဲ့ချုပ် ULA/ ရက္ခိုင့်တပ်တော် AA ရဲ့ နိုင်ငံရေးမှူးအဖြစ် တာဝန်ယူထားတဲ့ ဦးဦးလှစောဟာ မနေ့က ညပိုင်းမှာ ကွယ်လွန်သွားတယ်လို့ သိရပါတယ်။
Read More

NUG အပေါ်ထားတဲ့ ပြည်သူလူထုရဲ့ ယုံကြည်မျှော်လင့်ချက်တွေကို ရိုက်ချိုးမပစ်ဖို့ NUG ယာယီသမ္မတ ပြောကြား

ပြည်သူတွေရဲ့ တော်လှန်ရေးအောင်မြင်စိတ်ကို ဘယ်သူကမှ ရိုက်ချိုးဖျက်ဆီးလို့ မရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပါတယ်။
Read More

၂၀၂၄ ဟာ တော်လှန်ရေးအင်အားစုတွေ သမိုင်းတလျှောက် ပူးပေါင်းဆောင်ရွက်မှု အားအကောင်းဆုံးနှစ် ဖြစ်ခဲ့၊ တော်လှန်ရေးအင်အားစုများ၏ ဘုံသဘောထားများကို လိုက်နာနိုင်ပါက စစ်ကောင်စီနှင့် ဆွေးနွေးမည်ဟု ဆို

၂၀၂၄ ခုနှစ်ဟာ တော်လှန်ရေး အင်အားစုတွေအကြား ယုံကြည်မှု၊ နားလည်မှုတွေနဲ့ ပူးပေါင်းဆောင်ရွက်မှု သမိုင်းတလျှောက် အားအကောင်းဆုံး နှစ်တစ်နှစ်ဖြစ်ခဲ့ကြောင်း NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောကြားလိုက်ပါတယ်။