အမျိုးသားညီညွတ်ရေးအစိုးရ CDM Success Committee က စစ်အာဏာရှင်စနစ်ပြုတ်ကျရေးအတွက် ပြည်သူတစ်ရပ်လုံးနဲ့ ပူးပေါင်းပြီး တိုက်ပွဲဝင်သွားမှာဖြစ်ကြောင်း အသိပေးထုတ်ပြန်လိုက်ပါတယ်။

အာဏာရှင်စနစ်မှန်သမျှ အမြန်ဆုံး အပြီးတိုင် ကျဆုံးချုပ်ငြိမ်းကာ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီး ပေါ်ထွန်းလာတဲ့အထိ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးနဲ့ လက်တွဲသွားမယ်လို့လည်း အသိပေးပါတယ်။

စစ်အာဏာရှင်ကို တော်လှန်နေကြတဲ့ သက်ဆိုင်ရာတော်လှန်ရေးအင်အားစုတွေ တော်လှန်ရေးသတိ၊ တော်လှန်ရေးအသိကို လက်မလွတ်ဖို့ လိုအပ်တယ်လို့လည်း ဖော်ပြထားပါတယ်။

မိမိတို့ စိုးမိုးအုပ်ချုပ်နိုင်တဲ့ နေရာဒေသတွေမှာ တရားရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်နဲ့ ဥပဒေပြုရေးမဏ္ဍိုင်တွေကို ခိုင်မာအားကောင်းစေပြီး ပြည်သူလူထုကို ရင်ဝယ်သားကဲ့သို့ ကာကွယ်စောင့်ရှောက်ပေးဖို့လည်း တိုက်တွန်းထားပါသေးတယ်။

နိုင်ငံ့ဝန်ထမ်း CDM တွေ နွေဦးတော်လှန်ရေးကြီးရဲ့ အဓိက အခန်းကဏ္ဍတစ်ခုဖြစ်တဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ အရှိန်အဟုန်နဲ့ ပါဝင်ခဲ့ကြတာ အခုဆိုရင် (၄)နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။

CDM တွေဟာ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ မိမိတို့ရဲ့ ရာထူး၊ အဆောင်အယောင်နဲ့ ရပိုင်ခွင့်တွေကို စွန့်လွှတ်ခဲ့ကြရုံသာမက မိမိကိုယ်တိုင်နဲ့ မိသားစုဝင်တွေရဲ့ လုံခြုံရေး၊ ကျန်းမာရေး၊ စားဝတ်နေရေး အစရှိသဖြင့် ထိခိုက်နစ်နာမှုတွေ အပြင်းအထန် ကြုံတွေ့ခဲ့ရပြီး အထွေထွေ အခက်အခဲတွေကြားကနေ ဒီနေ့အချိန်အထိ ဆက်လက် ကြံ့ကြံ့ခံ တော်လှန်နေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

တော်လှန်ရေးကာလတလျှောက်လုံး CDM တွေရဲ့ စိတ်ပိုင်းဆိုင်ရာ လုံခြုံရေးအာမခံချက်တွေနဲ့  မတရားစွပ်စွဲခံ၊ ဖမ်းဆီးခံ၊ သတ်ဖြတ်ခံခဲ့ကြရတဲ့ CDM တွေအတွက် တရားမျှတမှုနဲ့ အမှန်တရားပေါ်ပေါက်စေရေးအတွက်လည်းကောင်း၊ ပြစ်မှု ကျူးလွန်သူတွေ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရရှိနေတဲ့ အလေ့အထကို အပြီးတိုင် ချုပ်ငြိမ်းစေရေးအတွက် လည်းကောင်း၊ တရားမျှတမှုပြန်လည်ဆောင်ကြဉ်းပေးနိုင်ဖို့အတွက်လည်းကောင်း သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးကို အလေးအနက် တိုက်တွန်းအပ်တယ်လို့လည်း ဖော်ပြထားပါတယ်။

0 Shares:
You May Also Like
Read More

နတ်သံကွင်း၊ ကွင်းချောင်းဝဗျူဟာရှိ အကြမ်းဖက်စစ်တပ်မှ ပြည်သူ့စစ် (၈) ဦး လက်နက်မဲ့ အလင်းဝင်

ပဲခူးတိုင်းအခြေစိုက် အကြမ်းဖက်စစ်တပ်ရဲ့ နတ်သံကွင်း၊ ကွင်းချောင်းဝဗျူဟာမှာ တာဝန်ကျနေတဲ့ စစ်မှုထမ်းသင်တန်းဆင်း ပြည်သူ့စစ် (၈) ယောက် လက်နက်မဲ့ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ ဗျူဟာ(၂၅)ကွပ်ကဲမှုအောက်ရှိ ပဲခူးခရိုင် တပ်ရင်း ၂ က မနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

သုံးလတာအတွင်း စစ်ကောင်စီကြောင့် အရပ်သားပြည်သူ တစ်ထောင်ကျော် သေဆုံးခဲ့ရ

တိုက်ပွဲတွေအတွင်း စစ်ကောင်စီရဲ့တိုက်ခိုက်မှုကြောင့် သုံးလအတွင်း တစ်နိုင်ငံလုံးမှာ အရပ်သား တစ်ထောင်ကျော်လောက် သေဆုံးခဲ့ရတယ်လို့ လွတ်လပ်တဲ့ သုတေသန အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ ဉာဏ်လင်းသစ်က ထုတ်ပြန်ပါတယ်။
Read More

မိုးကုတ်မြို့ကို အကြမ်းဖက်စစ်တပ် ဂျက်ဖိုက်တာဖြင့် ဒီနေ့ည ဗုံးကြဲတိုက်ခိုက်

မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်းကို အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဒီနေ့ ည ၈ နာရီခွဲဝန်းကျင်မှာ ဗုံးတွေ လာရောက်ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ထုတ်ပြန်ပါတယ်။ 
Read More

ဒိုက်ဦးထောင်မှာ အာဏာပြ တိုက်ပိတ်ခံထားရသည့် နိုင်ငံရေးအကျဥ်းသူများ ၂ ပတ်ပြည့်သည်အထိ အမျိုးသမီးဆောင် ပြန်မရောက်သေး

ပဲခူးတိုင်း၊ ဒိုက်ဦးအကျဥ်းထောင်မှာ အသစ်ပြောင်းရွှေ့လာတဲ့ ဦးစီးမှူးဆိုသူက နိုင်ကျဥ်းအမျိုးသမီးတွေကို အာဏာပြတိုက်ပိတ်ထားကြောင်းနဲ့ ကျန်းမာရေးလိုအပ်ချက်အတွက် ဆေးဝါးတွေသေချာမပေးကြောင်း နိုင်ငံရေးအကျဥ်းသူများအဖွဲ့ တာဝန်ရှိသူ မဇူးဇူးမေယွန်းက မောင်းကို ပြောပါတယ်။
Read More

ချင်းညီနောင်စစ်ဆင်ရေး တစ်နှစ်တာအတွင်း အောင်မြင်မှုတွေနဲ့အတူ တပ်ဖွဲ့ဝင်ရဲဘော် ၁၀၀ ခန့် ကျဆုံးခဲ့

၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့ကနေ စတင်ခဲ့တဲ့ ချင်းညီနောင်ရဲ့ မြို့သိမ်းတိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင် ရဲဘော် အယောက် ၁၀၀ ခန့် ကျဆုံးခဲ့ရတယ်လို့ ချင်းညီနောင်အဖွဲ့ စစ်ရေးဥက္ကဋ္ဌ ထန်ချွန်းဖေက ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ ပြောဆိုသွားပါတယ်။
Read More

ကျုံဒိုးမြို့ပေါ်မှ စစ်အုပ်စု ဖမ်းခေါ်သွားသည့် အမျိုးသားတစ်ဦး သေဆုံးပြီဟု သတင်းထွက်ပေါ်နေ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့ပေါ်က အမျိုးသားတစ်ယောက်ကို စစ်ကောင်စီတပ်က  မတ်လ ၂၈ ရက် မနက်ပိုင်းမှာ ဖမ်းဆီးခေါ်ဆောင်သွားပြီး အဆိုပါ အမျိုးသား သေဆုံးသွားကြောင်း သတင်းတွေထွက်ပေါ်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။