မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်မှာ အကြမ်းဖက်စစ်​တပ်က ရေလယ်ကျွန်းဒေသနဲ့ ပခုက္ကူ-မန္တလေးလမ်းဘေးက ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်ဖျက်ဆီးပြီး အရပ်သား ၁၁ ယောက်ကို သတ်ဖြတ်ထားခဲ့ကြောင်း သိရပါတယ်။

မတ်လ ၂ရက်နေ့၊ မနက်အစောပိုင်းကစလို့ ပခုက္ကူတပ်မ ၁၀၁ အပါအဝင် ရေစကြိုမြို့နယ်အခြေစိုက် ၂၅၆၊ ၂၅၇၊ ၂၅၈ တပ်ရင်းတွေကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်တွေဟာ ရေစကြိုရေလယ်ကျွန်းဒေသကျေးရွာတွေဆီ စစ်ကြောင်းထိုးဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကြောင်းဟာ မြေစွန်းတော်ရွာနဲ့မာလာခြံရွာက အရပ်သား၁၁ယောက်ကို ရက်ရက်စက်စက် သတ်ဖြတ်ရင်း နေအိမ်တွေကို မီးရှို့ကာ ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူသွားခဲ့တယ်လို့ သိရပါတယ်။

အထက်ပါအကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေလည်း ရက်ဆက်တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က အထိနာခဲ့သလို မတ်လ ၉ရက် (ဒီနေ့)အထိ ထိတွေ့မှုတွေရှိနေဆဲ ဖြစ်တယ်လို့ ရေစကြိုသတင်းအချက်အလက်ကော်မတီက ပြောပါတယ်။

အထိနာခဲ့တဲ့ စစ်ကောင်စီတပ်ရဲ့စစ်ကြောင်း ဝင်ရောက်မီးရှို့ဖျက်ဆီးမှုတွေကြောင့် မြေစွန်းတော်၊ မာလာခြံ၊ ဆင်ခြေယာ၊ ရွှေလှန်၊ ရွာသစ်၊ သာခေါင်ကြီး၊ သာခေါင်လေး၊ ဇရပ်နီနဲ့ ဖြုံဘူးရွာတို့က အရပ်သားတွေအပြင် ထိစပ်နေတဲ့ မြောင်မြို့နယ်အတွင်းက ကျေးရွာတချို့ပါ တိမ်းရှောင်နေ​ရကြောင်း သိရပါတယ်။

“အကြမ်းဖက်စခတွေက ရွာတွေကိုဝင်စီးပြီး တစ်အိမ်တက်ဆင်း ပစ္စည်းခိုးတယ်။ သယ်တယ်။ အိမ်တွေမီးရှို့ထားခဲ့တယ်။ မနေ့ည(မတ်လ ၈ရက်) က သာဂေါင်ကြီးမှာ ညအိပ်ပြီး ဒီနေ့မနက်မှာ ပန်းညိုရွာကို စစ်ကြောင်းထိုးတယ်။ အနီးအနားရွာတွေ အကုန်ပြေးနေရတယ်” ဟု ရေစကြိုသတင်းအချက်အလက်ကော်မတီ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ဒါ့အပြင် မတ်လ ၈ရက် မနေ့ကညနေပိုင်းမှာလည်းရေစကြိုမြို့နဲ့ ၃မိုင်လောက်သာဝေးတဲ့ ပခုက္ကူ-မန္တလေးလမ်းဘေးက မုံညှင်း၊ ထန်းချောင်းနဲ့ ထန်းဆယ်ပင်ရွာတွေကို စစ်ကောင်စီတပ်တွေက အင်အား ၈၀နီးပါးနဲ့ ဝင်ရောက်ခဲ့တယ်လို့သိရပါတယ်။

စစ်ကောင်စီတပ်တွေဟာ အရပ်သား နေအိမ်၊ စျေးဆိုင်ခန်းတွေကို မွှေနှောက်ရှာဖွေရင်း မီးရှို့ဖျက်ဆီးတာ၊ တန်ဖိုးကြီးပစ္စည်းနဲ့ ကားတွေကို ခိုးယူသယ်ဆောင်တာတွေလုပ်ဆောင်နေတဲ့အတွက် အရပ်သားတွေလည်း ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ကြောင့် ရေစကြို၊ ရေလယ်ကျွန်းဒေသရှိ အရပ်သားများထိခိုက်သေဆုံးခဲ့ပုံနှင့် ဖျက်ဆီးခံထားရသည့်နေအိမ်များ (ဓာတ်ပုံ CJ)

0 Shares:
You May Also Like
Read More

ဖာပွန်က ခေါပုတ်တပ်စခန်းကို အပြီးသတ် သိမ်းပိုက်ထိန်းချုပ်နိုင်ကြောင်း တောင်ပိုင်းစစ်ဒေသက တရား၀င် ထုတ်ပြန်

ဖာပွန်မြို့နယ်အတွင်းက စစ်ကောင်စီရဲ့ ခေါပုတ်တပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်ရရှိခဲ့မှုအတွကိ ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ပိုင်းစစ်ဒေသက အသိပေးထုတ်ပြန်ပါတယ်။
Read More

ရေကြည်မြို့နယ်တွင် အကြမ်းဖက်စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၂၄ ဦး သေဆုံး၊ ၂၀ ကျော် ဒဏ်ရာရ

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်မှာ အကြမ်းဖက် စစ်ကော်မရှင်ရဲ့ လူမဆန်စွာ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၂၄ ယောက် သေဆုံးပြီး ၂၀ ကျော် ထိခိုက်ဒဏ်ရာရတယ်လို့ အာရက္ခမင်းသမီးမီဒီယာနဲ့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။
Read More

ဆင်ဖြူကျွန်းရှိ စစ်တပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်မည်ဖြစ်တာကြောင့် ပြည်သူများ ရှောင်တိမ်းကြရန် တော်လှန်ရေးတပ်များ အသိပေး

မကွေးတိုင်း၊ စလင်းမြို့နယ် ဆင်ဖြူကျွန်းမြို့မှာရှိတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ တပ်စခန်းတွေကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်သွားမှာဖြစ်တဲ့အတွက် ပြည်သူတွေ ရှောင်တိမ်းကြဖို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - စလင်း နဲ့ ဗမာ့တပ်တော် (BA) တို့က အသီးသီး ထုတ်ပြန်ထားပါတယ်။
Read More

ခမောက်ကြီးတပ်နယ်က အင်အား ၈၀ ခန့်ပါ အကြမ်းဖက်စစ်သားတွေ ကြားဖြတ်တိုက်ခိုက်ခံရပြီး ၆ ယောက် သေ၊ ၁၀ ယောက်ကျော် ဒဏ်ရာရ

ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်၊ မာရမ်းကျေးရွာဘက်ကို ဦးတည်လာနေတဲ့ ခမောကိကြီးတပ်နယ်က အကြမ်းဖက်စစ်သားတွေကို နိုဝင်ဘာ ၁၁ ရက်နေ့မှာ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။
Read More

စစ်ကောင်စီ၏ အပစ်ရပ်ကြေညာချက် လီဆယ်လှည့်ဖြားမှုသာဖြစ်ဟု  NUG ထုတ်ပြန် 

အကြမ်းဖက်စစ်ကောင်စီရဲ့ အပစ်ရပ်ကြေညာချက်ဟာ လီဆယ်လှည့်ဖြားခြင်းသာ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ညမှာ ထုတ်ပြန်လိုက်ပါတယ်။ 
Read More

ရေဦးမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အောက်တိုဘာလအတွင်း ၃ ကြိမ်မြောက် လေကြောင်းတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လေကြောင်းတိုက်ခိုက်ခံရတာ ၃ ကြိမ် ရှိနေပြီလို့ ဒေသခံတွေထံက သိရပါတယ်။