ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်မှာ လိုင်းကြေးကောက်ပြီး ပြန်လာတဲ့ ရဲတပ်ကြပ်ဆိုသူကို ပစ်ခတ်ရှင်းလင်းရာ  လက်ပစ်ဗုံး အပါအဝင် ကျည်ဆံတွေကို သိမ်းဆည်းရရှိခဲ့တယ်လို့ ၃၆၀၁ PPDF တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။ 

မနေ့က မတ်လ ၈ ရက် ညနေ ၃နာရီခွဲ ဝန်းကျင်အချိန်မှာ ပေါင်းတည်မြို့နယ် မှတ္တိုင်နယ်မြေရဲစခန်းကနေ ရွာစဉ်လှည့်ပြီး လိုင်းကြေးကောက်ကာ ပြန်လာတဲ့ ရဲတပ်ကြပ် သိန်းလွင်ဆိုသူကို သဲမဲရွာနဲ့ ကုန်းသာရွာကြားမှာ ၃၆၀၁ PPDF တပ်ရင်း  တပ်ခွဲ(၅) ရဲဘော်တွေက စောင့်ကြိုတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ 

ရဲတပ်ကြပ် သိန်းလွင်ထံမှ သိမ်းဆည်းရရှိသည့် ပစ္စည်းများ

“လိုင်းကြေးဆိုတာက ၂လုံး၊ ၃လုံးပေါ့နော်။ အဲ့ဒါတွေကို သူက တစ်ပတ်ကို တစ်ကြိမ် လိုင်းကြေး ကောက်နေတာပါ။ သူ့ကို ပြည်သူတွေကလည်း တိုင်တန်းထားတာတွေ ရှိပါတယ်။” လို့  ၃၆၀၁ တပ်ရင်း စစ်ထောက်လှမ်းရေးနှင့် သတင်းပြန်ကြားတာဝန်ခံရဲဘော် Shadow က‌ မောင်းကို ပြောပါတယ်။ 

တိုက်ခိုက်စဉ်မှာ နယ်ထိန်းတပ်ကြပ် သိန်းလွင်က တော်လှန်ရေးရဲဘော်တွေကို အဝေးကနေ ကြိုမြင်သွားတာကြောင့် ဆိုင်ကယ်ရပ်ပြီး ခုန်ဆင်းထွက်ပြေးသွားသလို တော်လှန်ရေးရဲဘော်တွေ ပစ်ခတ်တိုက်ခိုက်ခဲ့ပေမယ့် ထွက်ပြေးလွတ်မြောက်သွားတယ်လို့ သိရပါတယ်။ 

“အသက်မသေဘဲ ထွက်ပြေးလွတ်မြောက်သွားတယ်။ သူ့လက်မောင်းကို ရှပ်ထိသွားတယ်ဆိုပြီးမှ သတင်းရပါတယ်။ ဒါပေမယ့် အတည်မပြုနိုင်သေးပါဘူး” လို့ ဆိုပါတယ်။  

ရဲတပ်ကြပ် သိန်းလွင်ထံမှ သိမ်းဆည်းရရှိသည့် ပစ္စည်းများ

ရဲတပ်ကြပ်သိန်းလွင်ထံက ဆိုင်ကယ်(၁)စီး၊ လက်ပစ်ဗုံး(၃)လုံး၊ ကျည်မျိုးစုံ(၆)တောင့်၊ လက်ထိပ်(၁)စုံ၊ ငွေသား(၁၃၀၀၀၀)ကျပ်၊ ဆိုင်ကယ်လိုင်စင်စာအုပ်၊ ရဲဝန်ထမ်းကဒ်၊ ဆိုင်ကယ်မောင်းလိုင်စင်နဲ့အတူ စာရွက်စာတန်းတချို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။ 

နယ်ထိန်းတပ်ကြပ် သိန်းလွင်ဟာ မှတ္တိုင်နယ်မြေ ရဲစခန်းအပိုင် နေရာတွေမှာ ကျေးရွာအုပ်စုနေပြည်သူတွေကို အဓမ္မစစ်သားစုဆောင်းခြင်း၊ ငွေကြေးချမ်းသာသူတွေကို ဖမ်းဆီးချုပ်နှောင်ပြီး ငွေတောင်းခံခြင်းအပြင် သူကိုယ်တိုင်ဦးဆောင် ဖမ်းဆီးစစ်ကြောရာမှာ သေဆုံးသူတွေ ရှိသလို ထောင်ကျသွားသူတွေလည်း ရှိတာကြောင့် အခုလို ပစ်ခတ်ရှင်းလင်းလင်းရတာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရဲတပ်ကြပ် သိန်းလွင်ထံမှ သိမ်းဆည်းရရှိသည့် ပစ္စည်းများ
0 Shares:
You May Also Like
Read More

ARSA သတ်ဖြတ်ခဲ့သည့် အရပ်သား ရုပ်အလောင်း ၆ လောင်းကို တွေ့ရှိထားကြောင်း AA ထုတ်ပြန်

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အထက်အင်းချောင်းရွာ အနောက်မြောက်ဘက် မီတာ (၇၇၀) ခန့်အကွာ ငှက်ပျောတောအုပ်ထဲမှာ ARSA အဖွဲ့ သတ်ဖြတ်ပြီး စွန့်ပစ်ခဲ့တဲ့ အရပ်သားအလောင်း ၆ လောင်းကို တွေ့ရှိထားတယ်လို့ အာရက္ခတပ်တော် AA က အောက်တိုဘာလ ၁ ရက် ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

မန္တလေးမှာ စစ်ကောင်စီ လက်ပါးစေတွေ နေ့စဉ်ရက်ဆက် ပေါ်တာဆွဲနေ၊ လူငယ်တွေ အလုံးအရင်း ဖမ်းဆီးစုဆောင်းခံနေရ

မန္တလေးမှာ အကြမ်းဖက်စစ်အုပ်စုလက်ပါးစေ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တွေက စစ်တပ်နဲ့ပေါင်းပြီး လူငယ်တွေကို စစ်မှုထမ်းတပ်သားသစ်ဖမ်းဆီးစုဆောင်းတာတွေ ဆက်တိုက်လုပ်ဆောင်လာကြောင်း Voice Of Mandalay အဖွဲ့ထံက သိရပါတယ်။
Read More

KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်လိုက်တဲ့ ကူဆိပ်စခန်းက စစ်သားတွေ မထောစခန်းရောက်ရှိနေပြီး တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေ…

ကရင်ပြည်နယ်က အကြမ်းဖက်စစ်ကောင်စီရဲ့ မထောစခန်းကို KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ သွားရောက်တိုက်ခိုက်နေရာ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
Read More

ကရင်နီပြည်၊ ဖားဆောင်း PDF တပ်တည်ထောင်မှု (၂)နှစ်ပြည့် အခမ်းအနား ကျင်းပ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အလယ် ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ် မတော် ဖားဆောင်း တပ်ရင်းအမှတ် (၁၁၀၈ )တပ်တည်ထောင်မှု (၂) နှစ်ပြည့် အခမ်းအနားကို နို၀င်လာ ၃၀ မနေ့က ပြုလုပ်ခဲ့ပါတယ်။
Read More

စစ်အုပ်စု၏ စစ်ကိုင်းတပ်မ ၃၃ မှ တပ်သားတစ်ဦး လက်နက်မဲ့ အလင်းဝင်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ်ရှိ အကြမ်းဖက်စစ်အုပ်စုရဲ့ တပ်မ ၃၃ က တပ်သားတစ်ယောက် လက်နက်မဲ့ အလင်းဝင်လာတယ်လို့ ယူနီကွန်းပျောက်ကြားတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ချင်းကာကွယ်ရေးတပ် – အရှို ရဲ့ အခြေခံစစ်ပညာသင်တန်းအပတ်စဥ် ၆ သင်တန်းဆင်းပွဲ

ချင်းပြည်နယ်အခြေစိုက် ချင်းကာကွယ်ရေးတပ် - အရှို ( CDF - Asho ) ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် ၆ သင်တန်းဆင်းပွဲကို ကျင်းပပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။